WTA Finals ပြိုင်ပွဲတွင် ဗီးနပ်စ်ဝီလျံကို ဝေါ့ဇ်နီယကီ အနိုင်ရရှိ

Thet Htet Lin

စင်ကာပူနိုင်ငံမှာကျင်းပပြုလုပ်လျက်ရှိတဲ့ WTA Finals ပြိုင်ပွဲမှာ ကာရိုလိုင်းဝေါ့ဇ်နီယကီ က ဗီးနပ်စ်ဝီလျံကို (၂)ပွဲပြတ်အနိုင်ရရှိပြီး ဗိုလ်စွဲခဲ့ပါတယ်။ အဆိုပါပွဲစဉ်ကို Singapore Indoor Stadium မှာယှဉ်ပြိုင်ခဲ့ပြီး ဝေါ့ဇ်နီယကီက ၆-၄ ၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါ တယ်။

Congratulations @carowozniacki!!! And good job #WTAFinals Ball Kids!

A post shared by WTA Finals Singapore (@wtafinalssg) on Oct 29, 2017 at 6:41am PDT

အနိုင်ရဗိုလ်စွဲနိုင်ခဲ့ခြင်းနှင့်ပတ်သက်ပြီး – “ အံ့သြစရာကောင်းပါတယ်။ ခုလိုဗိုလ်စွဲနိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုတောင်မယုံနိုင်ခဲ့ပါဘူး။ ဗီးနပ်စ်ဝီလျံက နာမည်ကျော်ချန်ပီယံတစ်ယောက်ဖြစ် ပြီး သူနဲ့ယှဉ်ပြိုင်ရတာခက်ခဲပါတယ်။ ကျွန်မအတွက် အကြီးမားဆုံးဗိုလ်စွဲနိုင်တဲ့နေ့တစ်နေ့ ပါပဲ” လို့ သူမက BT Sport ကိုပြောကြားခဲ့ပါတယ်။
ပထမပွဲစဉ်မှာတော့ စပေးရိုက်ချက်(၅)ချက်ထိခွင့်ပြုခဲ့ရပေမယ့်လည်း ဝေါ့ဇနီယာကီဟာ အရေးပါတဲ့ စပေးရိုက်ချက်တွေပြန်လည်ရရှိခဲ့ပြီး ၆-၄ နဲ့အနိုင်ရရှိခဲ့ပါတယ်။
နောက်ထပ်ပွဲစဉ်ပြန်အစမှာ ဝေါ့ဇနီယာကီရဲ့ ရိုက်ချက်နဲ့စတင်ခဲ့ပြီး ၅-၁ ထိ ဦးဆောင်နိုင်ခဲ့ ပါတယ်။ ဗီးနပ်စ်ဝီလျံအနေနဲ့ အကြိတ်အနယ်ပြန်လည်ယှဉ်ပြိုင်ခဲ့ပြီး ၅-၂ ထိရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဝေါ့ဇနီယာကီဟာ အားပါတဲ့ ရိုက်ချက်များနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပွဲစဉ်ကို ၆-၄ နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

မှတ်ချက်များ။