ATP Finals ပြိုင်ပွဲမှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ နာဒယ်

ကျင်းပပြုလုပ်နေတဲ့ ATP Finals တင်းနစ်ပြိုင်ပွဲရဲ့ တနင်္လာနေ့ ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ရာဖေးနာဒယ် နဲ့ ဂေါ့ဖင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ နာဒယ်ရှုံးပွဲ ကြုံတွေ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပွဲအစမှာပဲ ဂေါ့ဖင်းအကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်တစ် ကစားသမား နာဒယ်ကို ၇-၆(၇-၅) ၊ ၆-၇(၄-၇) ၊ ၆-၄ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ နာဒယ်ဟာ ယခုပြိုင်ပွဲ မတိုင်ခင် ကျင်းပပြုလုပ်ခဲ့တဲ့ ပါရီ မာစတာ ပြိုင်ပွဲကနေလည်း ဒူးဒဏ်ရာကြောင့် နှုတ်ထွက်ခဲ့ရပြီး လက်ရှိပြိုင်ပွဲမှာလည်း ပွဲစတည်းက ပုံစံကောင်းရရှိရန် ရုန်းကန်ခဲ့ရပြီး စပေးဘော ၂ ကြိမ်အမှားကြုံခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲရဲ့ နိုင်ချေအဆင့် ၇ သတ်မှတ်ခြင်းခံထားရတဲ့ ဂေါ့ဖင်းဟာ နာဒယ်ရဲ့ အမှား တွေကို ဖိအားပေးခဲ့ပြီး ရမှတ်ကွာဟချက် ကျဉ်းမြောင်းအောင် စွမ်းဆောင် နိုင်ခဲ့ပါတယ်။ ဂေါ့ဖင်းအနေနဲ့ နာဒယ်ကို match point ၅-၄ မှတ်အရောက်ထိ အမှတ်ဖြတ်ထားနိုင်ခဲ့ချိန်မှာ ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး အနည်းငယ် ရုန်းကန်ခဲ့ရပါတယ်။

ဒူးဒဏ်ရာ ကြောင့် ကစားသမားဘ၀ကနေ ၂ ကြိမ်တိတိအနားယူခဲ့ရတဲ့ နာဒယ်ဟာ ယခုတစ်ကြိမ်မှာလည်း ညာဘက်ဒူးဒဏ်ရာ ရရှိနေခဲ့ပေမယ့် ပွဲပြီးဆုံးချိန်ထိ အကောင်းဆုံး ယှဉ်ပြိုင်သွားခဲ့ပါတယ်။
ပြိုင်ပွဲနဲ့ ပတ်သက်ပြီး “ယခုနှစ်ရာသီအတွက် မိမိရဲ့ပြိုင်ပွဲတွေပြီးဆုံးသွားပါပြီ ၊မိမိအကောင်းဆုံး ကြိုးစားကစားဖို့ ပြင်ဆင်ခဲ့ပေမယ့် အကောင်းဆုံးပုံစံကို မပြသ နိုင်ခဲ့ပါဘူး ၊ ရာသီနောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ ပြင်ဆင်ခဲ့ပေမယ့် အခွင့် အရေးကောင်းတွေ မရရှိခဲ့ပါဘူး ၊ မိမိနာကျင်မှုကို ခံစားနေရတာကြောင့် စွမ်းရည်မြင့်ရိုက်ချက်တွေကို အသုံးမပြုနိုင်ခဲ့ပါဘူး ၊ ပြိုင်ပွဲကို အများဆုံးမျှော်လင့်ခဲ့ပေမယ့် ရလဒ်ကောင်း မရယူနိုင်ခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။