တရားရင်ဆိုင်မှု အနိုင်ရရှိခဲ့တဲ့ နာဒယ်

ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နာဒယ်ဟာ ပြင်သစ် အားကစားဝန်ကြီး ဟောင်းရဲ့ တရားစွဲဆိုခံရမှုမှာ အနိုင်ရရှိခဲ့ပါတယ်။

၂၀၁၆ ခုနှစ်တွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြင်သစ်အားကစား ၀န်ကြီးဟောင်းဖြစ်တဲ့ ရို့စ်လင်းဘာချီလော့ဟာ နာဒယ်အနေနဲ့ တားမြစ် ဆေးသုံးစွဲ တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ တားမြစ်ဆေး သုံးစွဲမှုကြောင့် ပွဲပယ်ခံ ရမှုကိုလည်း ဖုံးကွယ်ထားခဲ့တယ်လို့ ထုတ်ဖော်ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

နာဒယ်ရဲ့ရှေ့နေဖြစ်သူက အဆိုပါအမှုအတွက် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ရို့စ်လင်းဘာချီလော့ကို ဒဏ်ငွေ ဒေါ်လာ ၁၄၀၀၀ ပေးချေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ရရှိခဲ့တဲ့ ဒေါ်လာ ၁၄၀၀၀ ကိုပြင်သစ်မှာ ရှိတဲ့ လူမှုရေး အဖွဲ့အစည်းတွေကို လှူဒါန်းသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

အဆိုပါအမှု အနိုင်ရရှိခဲ့တာ နဲ့ ပတ်သက်ပြီး နာဒယ်က ဒီနေ့အဖြစ်အပျက် အတွက် မိသားစုဝင်တွေအားလုံး အပြင် အသင်းဖော်တွေ ပရိသတ်တွေလည်း ပျော်ရွှင်နေပါတယ်လို့ တွစ်တာအကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

နာဒယ်ကဆက်လက်ပြီး “ ပြင်သစ်တရားရုံးက မိမိရဲ့ ကစားသမားဘ၀ ရိုးသားမှု နဲ့ ဖြောင့်မတ်မှု ဘက်ကနေ ဖြေရှင်းပေးခဲ့တာပါ ၊ ယုံကြည်ပေးခဲ့ကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် ၊ အစောပိုင်းပြောခဲ့သလို ပြင်သစ်မှာရှိတဲ့ NGO အဖွဲ့အစည်းတွေကို လှူဒါန်းသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

နာဒယ်ဟာလက်ရှိအချိန်မှာ ဒူးဒဏ်ရာရရှိနေပြီး ကျင်းပပြုလုပ်နေတဲ့ ATP Final ပြိုင်ပွဲကနေ ဒဏ်ရာကြောင့် ထွက်ခွာထားခဲ့ရပါတယ်။

မှတ်ချက်များ။