တစ်ကျော့ပြန်ဂျိုကိုဗစ် အခက်အခဲတွေနဲ့ တွေ့ကြုံရနိုင်ကြောင်း ပြောကြားခဲ့တဲ့ ဆာဖင်း

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဆာဖင်းက ဒဏ်ရာ ကြောင့် အနားယူနေတဲ့ ဂျိုကိုဗစ်အနေနဲ့ တင်းနစ်လောကထဲ ပြန်လည်ဝင်ရောက် ချိန်မှာ ရုန်းကန်ရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ တည်းက တံတောင်ဆစ် ဒဏ်ရာကြောင့် ဂျိုကိုဗစ် အနားယူ နေခဲ့ရတဲ့ အချိန်အတွင်းမှာ ရော်ဂျာဖက်ဒရာ နဲ့ နာဒယ်တို့ရဲ့ လက်စွမ်းတွေ ပြန်လည်တိုးတက်ခဲ့ပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာကြောင့် ဂျိုကိုဗစ်အနေနဲ့ လာမယ့်နှစ်ပြိုင်ပွဲတွေ ပြန်လည်ဝင်ရောက် ယှဉ်ပြိုင်ချိန်မှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတယ်လို့ ဆာဖင်းက ယုံကြည်နေတာ ဖြစ်ပါတယ်။

ဆာဖင် ပြောကြားခဲ့တာကတော့ “ လာမယ့်ရာသီသစ်မှာလည်း ဖယ်ဒရာနဲ့ နာဒယ်ပဲ ဆက်လက်ဦးဆောင်နိုင်ဦးမှာပါ၊ ဒဏ်ရာက ပြန်လာလာခြင်း ပထမဆုံး ရာသီမှာ ဂျိုကိုဗစ်ရလဒ်မကောင်းနိုင်ပါဘူး လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဆာဖင်းက နောက်ထပ် ဒဏ်ရာကြောင့်အနားယူနေရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ မာရေးလည်း ဒဏ်ရာကနေ ပြန်လည် သက်သာပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ပါက ဂျိုကိုဗစ်လိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်လို့ ဆိုခဲ့ပါတယ်။

ဆာဖင်းကတော့ အသက်အရွယ်ပိုင်း ကြီးမြင့်တဲ့ ဘက်ကို ရောက်ရှိနေခဲ့ပြီဖြစ်တဲ့ နာဒယ်နဲ့ ဖယ်ဒရာတို့ကသာ အကောင်းဆုံး ကစားသမားတွေလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ဆာဖင်း နာဒယ်နဲ့ ဖက်ဒရာတို့အတွက် သုံးသပ်ခဲ့ရာမှာတော့ “နာဒယ်က ဖယ်ဒရာ ထက်စွမ်းဆောင်ရည်ပိုကောင်းပါတယ်။”

“ သူဟာတကယ်ကို ကြိုးစားတဲ့သူ တစ်ဦးဖြစ်ပြီး ချွေးတွေရွှဲနေပေမယ့် မောပန်းတဲ့ ပုံမပြခဲ့သူပါ။”

“ နာဒယ်ဆီက တင်းနစ်ရဲ့ ထင်မြင်ချက်တွေကို မြင်တွေ့ခဲ့ရတဲ့ ဖယ်ဒရာ အတွက် အရာရာက လွယ်ကူခဲ့ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

ဆာဖင် ကစားသမားဘ၀က အနားယူသွားခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာတော့ နာဒယ်နဲ့ ဖယ်ဒရာတို့နှစ်ဦးက အကောင်းဆုံးကစားသမားတွေအဖြစ် ရပ်တည်နေခဲ့တာဖြစ် ပြီး သူတို့ခြေရာကို နင်းနိုင်မယ့် ကစားသမားကတော့ အလက်ဇန္ဒား ဇိရဗ်လို့ ဆိုခဲ့ပါတယ်။

ဆာဖင်းထပ်မံပြောကြားခဲ့ရာမှာတော့ “ကျွန်တော်အနားယူခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ထိပ်ဆုံး ကစားသမား ၁၀ ဦးစာရင်းကပြောင်းလဲမှု အများကြီး မရှိခဲ့ပါဘူး။”

“ အသက် ၃၀ လောက်ဖြစ်နေတဲ့ ကစားသမားတွေနေရာ မှာတော့လူငယ်ကစားသမားတွေ အစားထိုးဝင်ရောက်သင့်ပါပြီ။”

“ ဇိရဗ်က အဖြစ် နိုင်ဆုံးပါပဲ သူကအရမ်းငယ်သေးပေမယ့် လာမယ့် ၁ နှစ် ၂ နှစ်တွင်းမှာ ပြောင်းလဲ လာပါလိမ့်မယ်။ သူဟာ ဂျူနီယာ ကစားသမားတစ်ဦးဖြစ်ပေမယ့် တကယ်ကို ကြိုးစားသူတစ်ဦးပါ” လို့ သုံးသပ်ပြောကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

YOU MAY BE INTERESTED အောင်သူနှင့် ခဏတာ

မှတ်ချက်များ။