ဂျာမနီအသင်း အနိုင်ရခဲ့တဲ့ Davis Cup ဖလားပွဲစဉ်

ဂျာမနီအသင်းနဲ့ သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားနေတဲ့ Davis Cup ဖလားပွဲစဉ်ရဲ့ တတိယ ပွဲစဉ်ဖြစ်တဲ့ ၂ ယောက်တွဲ ပွဲစဉ်မှာ ဂျာမနီအသင်းက အနိုင်ရရှိပြီး ၂ ပွဲ ၁ ပွဲနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

သြစတြေးလျ ပြိုင်ပွဲဝင်အတွဲဖြစ်တဲ့ မက်သရူ အဘ်ဒန် နဲ့ ဂျွန်ပီယာ တို့ အတွဲ နဲ့ ဂျာမနီအတွဲဖြစ်တဲ့ လန်နက် စတက်ဖ် နဲ့ တမ်ပူတက် တို့ အတွဲတို့ ပွဲစဉ် ၅ ပွဲထိ ယှဉ်ပြိုင်ကစားခဲ့ ၄-၆၊၇-၆(၁)၊၂-၆၊၇-၆(၄)၊၄-၆ နဲ့ ဂျာမနီအတွဲက အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲကို Pat Rafter Arena မှာ ကျင်းပခဲ့တာဖြစ်ပြီး ၃ နာရီကြာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။

ဂျာမနီအသင်းဟာ အမှားကင်းအောင် ကစားနိုင်ခဲ့ပြီး အကောင်းဆုံး စပေးဘော ရိုက်ချက်တွေ ပြုလုပ်နိုင်ခဲ့ပြီး aces ရိုက်ချက် ၁၆ ချက်ထိ ရယူနိုင်ခဲ့ပါတယ်။

တစ်ဦးချင်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ သြစတြေးလျ ရဲ့ ကာဂျီယို့စ် အနေနဲ့ ကမ္ဘာ့အဆင့် ၅ ဇိရပ်ကို ရှုံးနိမ့်ခဲ့တာကလည်း သြစတြေးလျ အသင်းတွက် အဓိက ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။

ကာဂျိယို့စ် အနေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ နောက်ဆုံး အနိုင်ရရှိခဲ့တာကတော့ ၃ – ၁ နဲ့ ဖြစ်ပြီး ဘေကျင်းမှာ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပါတယ်။
နောက်ထပ်ပွဲစဉ်တွေမှာတော့ အီတလီ အသင်းက ဂျပန်အသင်းကို ၂ ပွဲ ၁ ပွဲနဲ့ အနိုင်ရယူထားနိုင်ခဲ့ပြီး ကာဇက်စတန် နဲ့ ဆွဇ်ဇာလန်တို့ ပွဲစဉ်မှာတော့ ဆွဇ်ဇာလန်က ၃ ပွဲ ပြတ်နဲ့ အနိုင်ယူထားနိုင်ခဲ့ပါတယ်။

မှတ်ချက်များ။