၂၀၁၈မှာပထမဆုံးကွာတားဖိုင်နယ်အဆင့်တက်ရောက်နိုင်ခဲ့ခြင်းအပေါ်ကျေနပ်ခဲ့ရတဲ့ဂျိုကိုဗစ်

Thet Htet Lin

နာမည်ကျော်ဆားဘီးယားတင်းနစ်ကစားသမား ဂျိုကိုဗစ်က အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ မှာ ကွာတားဖိုင်နယ်တက်လှမ်းနိုင်ခဲ့ခြင်းဟာ သူ့အတွက် အားတက်စေခဲ့ကြောင်းဆိုပါတယ်။ ဒါဟာ ဂျိုကိုဗစ်အတွက် ယခုရာသီမှာ ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့ခြင်းလည်းဖြစ် ပါတယ်။

ဂျိုကိုဗစ်ဟာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၂၀၁၇ မွန်တီကာလို ပြိုင်ပွဲ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တဲ့ စပိန်နိုင်ငံသား ရာမို့စ်ဗီနိုလက်စ်ကို (၆-၁) ၊ (၇-၅) နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်တက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါဟာ ဂျိုကိုဗစ်အတွက် ယခင်က စွမ်းဆောင်ခဲ့တဲ့ အောင်မြင်မှုတွေကို တစ်ကျော့ပြန် ရှာဖွေနိုင် တော့မှာလား စဉ်းစားစရာပါ။

“ ကျွန်တော်ပျော်ပါတယ်။ ပြီးခဲ့တဲ့ (၁၂)လအတွင်း ဒီလိုမျိုးစွမ်းဆောင်နိုင်တဲ့ ပွဲစဉ်မျိုးမရှိခဲ့ပါဘူး။ ရှိခဲ့ရင်တောင် ပြီးခဲ့တဲ့ (၁၂)လအတွင်း ဒီလိုမျိုး ကစားနိုင်တာ (၃)ပွဲသာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက် အများအပြားရရှိတဲ့ အားပေးမှု ၊ ကျွန်တော် ကစားချင်တဲ့နေရာနဲ့ အချိန်ကိုက် ရောက်လာခဲ့တယ်။ တစ်ပွဲချင်းစီတော့ ပိုကောင်းလာပြီလို့ ခံစားရပါတယ်။ ဒီပုံစံအတိုင်းပဲ ဆက်သွားဖို့ မျှော်လင့်ရပါတယ်။ ” လို့ ဂျိုကိုဗစ်က ဆိုပါတယ်။

ဂျိုကိုဗစ်ဟာ ကွာတားဖိုင်နယ်အဆင့်မှာ ဂျပန်နိုင်ငံသား နီရှီကိုရီနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နီရှီကိုရီဟာ ဂျာမဏီကစားသမား ဖိလစ်ကိုရှရီဘာ ကို (၆၄)မိနစ်အတွင်း (၆-၁) ၊ (၆-၂) နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းလာနိုင်တာပဲဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကတော့ ဂျိုကိုဗစ်က အနိုင်ရရှိခဲ့ပြီး ဒဏ်ရာရမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲရယူခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“ နီရှိကိုရီနဲ့ မက်ဒရစ်မှာ ပထမအဆင့် ကစားခဲ့တုန်းကတော့ နည်းနည်းစိမ်းနေပါတယ်။ ဒါပေမယ့် လည်း ဒါအရမ်းကို နီးစပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ မနက်ဖြန်လည်း ထပ်တူထပ်မျှလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နှစ်ယောက်စလုံးအတွက် အကြိတ်အနယ်ရှိမယ့်ပွဲစဉ်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ” လို့ ဂျိုကိုဗစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။