အိန္ဒိယကြက်တောင်ရိုက်ကစားသမား ကီဒမ်လီဆရီကန် တတိယမြောက်စူပါစီးရီး ပရီးမီးယားဆုဆွတ်ခူးရရှိ

Thet Htet Lin

တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ဒိန်းမတ်အိုးပင်းစူပါစီးရီး ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အိန္ဒိယကြက်တောင်ရိုက်ကစားသမား ကီဒမ်ဘီဆရီကန်ဟာ ကိုးရီးယားနိုင်ငံသား လီဟွန်အီ ကို   (၂၁-၁၀) , (၂၁-၅) နဲ့ အနိုင်ရရှိပြီး တတိယမြောက် စူပါစီးရီး ပရီးမီးယားဆုကို ဆွတ်ခူးရရှိခဲ့ ပါတယ်။

ယခုနှစ်တွင်းမှာ အင်ဒီးယန်းအိုးပင်းနဲ့ သြစတေးလျ အိုးပင်း စူပါစီးရီးဆုတွေကို ရရှိခဲ့ ပြီးဖြစ်တဲ့ ဆရီကန်ဟာ ဒိန်းမတ်အိုးပင်းပြိုင်ပွဲမှာလည်း နောက်တစ်ကြိမ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ် အဆိုပါအိန္ဒိယကစားသမားဟာ ယှဉ်ပြိုင်ကစား ချိန်အတွင်းပြိုင်ဘက်ကစားသမားကို အသာစီးရယူနိုင်ခဲ့ပြီး ယှဉ်ပြိုင်နေချိန်အတွင်း သူ့ရဲ့ လျင်မြန်နှုန်းနဲ့ ရွေ့လျားကစားဟန်တွေကြောင့် ချန်ပီယံဆုကိုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီနေ့မှာ ဆရီကန်က အကောင်းဆုံးကစားနိုင်နေချိန် အသက်(၃၇) နှစ်အရွယ် ပြိုင်ဘက် ဟွန်အီကတော့ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ဆရီကန် အနေနဲ့ အသက်(၃၇)နှစ်အရွယ်ရောက်တဲ့တစ်နေ့မှာ ဟွန်အီလို အခွင့်အရေးမျိုးရဖို့ မျှောလင့် ထားပြီး ဟွန်အီလို မရှုံးနိမ့်ဖို့လည်း မျှော်မှန်းထားပါတယ်။

 

“ ဒီထက်အများကြီး ပိုကောင်းတဲ့ ပွဲစဉ်တစ်ပွဲကို မျှော်လင့်ထားပါတယ်။ သူ့အနေနဲ့လည်း ပထမပွဲစဉ်ကိုရှုံးနိမ့်ပြီးနောက်မှာအတွေ့အကြုံတွေရှိလာပါတယ်။ ဒါကြောင့် ဒုတိယပွဲစဉ်ကစား တဲ့အခါမှာ ပထမပွဲစဉ်တုန်းက Tempo ကို ဆက်လက်ထိန်းခဲ့ပါတယ်။ အကောင်းဆုံးကစားခဲ့ပြီး ရိုက်ချက်တွေကလည်း ထိရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း တကယ့်ကိုပျော်ရွှင်ရပါတယ်။” လို့ ဆရီကန်က ပြောကြားခဲ့ပါတယ်။

 

ဖိုင်နယ်ပွဲစဉ်ရလဒ်များ

 

အမျိုးသားတစ်ဦးချင်းပွဲစဉ်

(၂၁-၂၀) , (၂၁-၅) ဖြင့် ဆရီကန်(အိန္ဒိယ) က ဟွန်အီ(ကိုးရီးယား) ကိုအနိုင်ရ

 

အမျိုးသမီးတစ်ဦးချင်းပွဲစဉ်

(၁၄-၂၁) , (၂၁-၁၅) , (၂၁-၁၉) ဖြင့် ရက်ချာနော့(ထိုင်း) က ရာမာဂူချီ(ဂျပန်) ကိုအနိုင်ရ

 

အမျိုးသမီး ၂ ယောက်တွဲပွဲစဉ်

(၂၁-၁၃) , (၂၁-၁၆) ဖြင့် လီဆွန်ဟီး/ရှင်ဆူချမ်း(ကိုးရီးယား)က တာနာကာ/ယိုနီမိုတို (ဂျပန်) ကိုအနိုင်ရ

 

အမျိုးသား၊ အမျိုးသမီး ၂ ယောက်တွဲပွဲစဉ်

(၂၄-၂၂) , (၁၉ -၂၁) , (၂၃-၂၁) ဖြင့် ချူမန်/ယင်ဆွက်(ဟောင်ကောာင်)က ကျန်ဆီဝီ/ချန်ကျင်းချန် (တရုတ်) ကို အနိုင်ရ

မှတ်ချက်များ။