တိုက်ဂါးဝုဒ်ရဲ့ နာကျင်ခဲ့ရတဲ့ နေ့ရက်များ

ဒဏ်ရာကနေသက်သာလာပြီး ပထမဆုံးပြန်လည် ယှဉ်ပြိုင်ကစားတဲ့ ပြိုင်ပွဲတစ်ခု မှာတော့ တိုက်ဂါးဝုဒ် ထင်သလောက် ရလဒ်ကောင်း ရရှိခဲ့ခြင်း မရှိပါဘူး။

တိုက်ဂါးဝုဒ် အနေနဲ့ Hero World Challenge ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင် နေတာဖြစ်ပြီး ရလဒ်ကောင်း ရရှိဖို့တော အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။

တိုက်ဂါးဝုဒ်က “ကျွန်တော်အားလုံးအတွက် အကောင်းဆုံးယူဆောင်ပေးဖို့ ပြင်ဆင်ခဲ့တာ့ပါ ၊ ဒါပေမယ့် အခြေအနေတွေ ဘယ်လိုဖြစ်ကုန်လည်း နားမလည် နိုင်ပါဘူး၊ ပြိုင်ပွဲမှာ အကောင်းဆုံး ရလဒ်ရရှိနိုင်ဖို့ ပြိုင်ပွဲ ၄ ရက်လုံးမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

ဂေါက်သီးလောကကနေ အနားယူနေစဉ်အတွင်း ပြီးခဲ့တဲ့ မေလက တိုက်ဂါးဝုဒ် ဖလော်ရီဒါမှာ ရှိတဲ့အိမ်အနီးမှာ သတ်မှတ်ထားသောစံချိန်ထက်အရက်သောက်စားပြီးမောင်းနင်သောကြောင့်  ထိန်းသိမ်းခြင်းလည်း ခံခဲ့ရပါတယ်။

အဲ့အချိန်တွင် များပြားတဲ့ ဆေးဝါးတွေ သောက်သုံးခဲ့ရတဲ့ ၀ုဒ် လက်ရှိအချိန် မှာတော့ အကောင်းဆုံး ပုံစံကို ပြန်လည်ရရှိနေပါပြီ။

ဆက်လက်ပြီး တိုက်ဂါးဝုဒ်ပြောကြားခဲ့ရာမှာတော့ “ အခုအချိန်မှာ တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ကို ခံစားနေရပါတယ်။”

“ ကျွန်တော့်ရဲ့ မိတ်ဆွေတွေက လည်းကူညီမှုတွေပေးခဲ့ပါတယ်။ ဒီအခြေအနေမတိုင်ခင်က နေထိုင်ရတာ တကယ်ကို ခက်ခဲပါတယ်။”

“ ကျွန်တော့်ရဲ့ ခြေထောက်တွေ ခြေချောင်းတွေ အလုပ်မလုပ်နိုင်သလို့ ညမအိပ်နိုင်တဲ့အထိ နာကျင်မှုကိုလည်းခံစားခဲ့ရပေမယ့် ဒါတွေဟာ အခုတော့ မရှိတော့ပါဘူး၊ ကျွန်တော်ရဲ့ ခြေထောက်တွေက ပုံမှန် ပြန်လည်သွားလာနိုင်ပြီးတော့ ညဘက်လည်း ကောင်းကောင်း အိပ်စက်နိုင်ပါပြီ။ လက်ရှိပြန်ရတဲ့ ဘ၀ကို တကယ်ပဲကျေနပ်မိပါတယ်။”လို့ပြောကြားခဲ့ပါတယ်။

တိုက်ဂါးဝုဒ် ၀င်ရောက်ယှဉ်ပြိုင်ကစားနေတဲ့ Hero World Challenge ပြိုင်ပွဲဟ ကစားသမား ၁၈ ဦးပါဝင်ပြီး လာမယ့် ကြာဿပတေး နေ့မှာ ပြိုင်ပွဲတွေကို ဆက်လက် ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

မှတ်ချက်များ။