ကိုလုံးမြို့မှာ စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ခဲ့တဲ့ ပိုဒေါလ်စကီး

Thet Htet Lin

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူးဟောင်းဖြစ်ခဲ့ဘူးတဲ့ ဂျာမနီနိုင်ငံသား ကစားသမား ပိုဒေါလ် စကီးကတော့ ပရိသတ်တွေဆီမှ အမြတ်အစွန်းဝင်ငွေရရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်သူဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ် လက်ရှိ ဂျေလိဂ်ကလပ် ဗေဆယ်ကိုဗေး အသင်းမှာ ကစားနေတဲ့ ပိုဒေါလ် စကီးဟာ ပေါင်ခြံဒဏ်ရာကြောင့် ဇာတိမြေဖြစ်တဲ့ ဂျာမနီနိုင်ငံ ကိုလုံးမြို့မှာ ပြန်လည်ကုသမှုခံယူနေ တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိုဒေါလ်စကီး သူဖွင့်လှစ်ထားတဲ့ အသားခါးပတ် ဟင်းလျာ များရောင်းချရာ စားသောက်ဆိုင်ကတော့ လူစည်ကားနေပါတယ်။

ထောင်ပေါင်းများစွာသော ပရိသတ်တွေဟာ ပိုဒေါလ်စကီးဖွင့်လှစ်ထားတဲ့ “ Mangal Doner ” လို့ အမည်ရတဲ့ ဆိုင်ဖွင့်ပွဲကို တက်ရောက်လာခဲ့ကြပါတယ်။ အချို့သောပရိသတ်တွေဆိုလျှင် ပိုဒေါစကီး ရဲ့ အရသာရှိတဲ့ ဟင်းအမယ်တစ်မျိုးရဲ့ အရသာကို မြည်းစမ်းဖို့ (၅)နာရီလောက်ထိကြာအောင် စောင့် ဆိုင်းခဲ့ကြရပါတယ်။

အဆိုပါ စားသောက်ဆိုင်ဟာ ပိုဒေါလ်စကီးရဲ့ များစွာသော စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ပိုဒေါလ်စကီးဟာ အခြားသောစီးပွားရေးလုပ်ငန်းတွေအဖြစ် အ၀တ်အထည်ဆိုင် ၊ ရေခဲမုန့်ဆိုင် တို့ကိုလည်း ကိုလုံးမြို့မှာ ပိုင်ဆိုင်ထားပါတယ်။

ဆိုင်ဖွင့်ပွဲ နှုတ်ခွန်းဆက်စကားပြောကြားရာမှာ ပိုဒေါလ်စကီးက သူ့အနေနဲ့ ဂါလာတာစာရေး အသင်း မှာ ကစားခဲ့တဲ့ (၂)နှစ်တာအတွင်း တူရကီအရသာဟင်းလျာတွေကို ပိုကောင်းကောင်းမွန်မွန်ချက် တတ်အောင်သင်ယူခဲ့ကြောင်း သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
သိပ်မကြာတော့မယ့်အချိန်မှာ ပိုဒေါလ်စကီးအနေနဲ့ ဆူရှီဆိုင် တစ်ဆိုင် ထပ်ဖွင့်နိုင်မယ်လို့ ယူဆမိပါ တယ်။

မှတ်ချက်များ။