စင်ကာပူ အိုးပင်းပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ ဂါစီယာ

စပိန်နိုင်ငံသား ဆာဂျီယို ဂါစီယာ စင်ကာပူအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ သက်မှတ် ရိုက်ချက်ထက် ၁၄ ချက်လျော့ရိုက်ခဲ့ပြီး စုစုပေါင်းရိုက်ချက် ၂၇၀ နဲ့ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။

ဒုတိယနေရာကိုတော့ ဂျပန်နိုင်ငံသား ဆာတိုရှီ ကိုဒိုင်ရာ နဲ့ တောင်အာဖရိက နိုင်ငံသား ရှောင်နောရစ်တို့က ၉ ချက်စီ လျော့ရိုက်ပြီး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကျင်းပနေစဉ်အတွင်းမှာ ရာသီဥတုဆိုးရွားမှုတွေ ရှိခဲ့ပြီး မိုးကြိုးပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ပွဲစဉ်တွေကို ရွှေ့ဆိုင်းခဲ့ရပြီး ဂါစီယာအနေနဲ့ နောက်ဆုံးနေ့မှာ ၂၇ ကျင်း ယှဉ်ပြိုင်ကစားခဲ့ရပြီး လက်စွမ်းပြသနိုင်ခဲ့တာကြောင့် ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂါစီယာဟာ တတိယအဆင့်ပွဲစဉ်အရောက်မှာ သက်မှတ်ရိုက်ချက် ၆၆ ချက်ထက် ၄ ချက်လျော့ရိုက်ခဲ့ပြီး တစ် ချက်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ နောက်ဆုံး နေ့ပြိုင်ပွဲမှာလည်း စုစုပေါင်း ရိုက်ချက် ၆၈ ချက်မှာ ၃ ချက်လျော့ရိုက်ခဲ့ပြီး ပုံမှန် လက်စွမ်းကို ပြသခဲ့တာကြောင့် ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးနေ့ပြိုင်ပွဲမှာ ရိုက်ချက် ၇၀ ရှိခဲ့တဲ့ ရှောင်နောရစ် နဲ့ ၇၁ ချက်ရှိခဲ့တဲ့ ကိုဒိုင်ရာ တို့ကတော့ စုစုပေါင်း ရိုက်ချက် ၉ ချက်လျော့ရိုက်ပြီး ဒုတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။ ထိုင်းကစားသမား ၂ ဦးဖြစ်တဲ့ ဂျာနီဝတ်သာနာနော့ နဲ့ ဒန်ထိုင်း ဘွန်းမာတို့ကတော့ ၈ ချက်စီလျော့ရိုက်ပြီး တတိယ နေရာကို ရယူနိုင်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံသား ဆမ်ကရော့ကာ နဲ့ သြစတြေးလျ နိုင်ငံသား ကင်မရွန် ဒေးဗစ် တို့ကတော့ ၇ ချက်လျော့ရိုက်ပြီး အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီပွဲစဉ်ကို အနိုင်ရရှိခဲ့တဲ့ ဂါစီယာအတွက်ကတော့ အာရှ ပြိုင်ပွဲတွေမှာ ၆ ကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၁၈ စင်ကာပူ အိုးပင်းပြိုင်ပွဲရဲ့ အမှတ်ပေးဇယား ရပ်တည်မှုက အောက်ပါ အတိုင်းဖြစ်ပါတယ်။

270 (-14) Sergio García (Spain) (66-70-66-68)
275 (-9) Shaun Norris (South Africa) (69-67-69-70); Satoshi Kodaira (Japan) (66-72-66-71);
276 (-8) Danthai Boonma (Thailand) (70-68-65-73); Jazz Janewattanond (Thailand) (71-68-66-71)
277 (-7) Cameron Davis (Australia) (68-70-69-70); Sean Crocker (United States) (71-70-67-69)
278 (-6) Gavin Green (Malaysia) (71-67-69-71); Miguel Tabuena (Philippines) (71-69-68-70); Lucas Herbert (Australia) (68-70-69-71); Berry Henson (United States) (70-72-71-65)

မှတ်ချက်များ။