ဗက်တဲ- ဟာမီတန်မောင်းနှင်တဲ့အရှိန်ကို မလိုက်နိုင်ဟုဆို

May Win

ဆီဘက်စတီးယန်း ဗက်တဲအနေနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကအမေရိကန်ဂရမ်းပရီမှာဟာမီတန်မောင်းနှင်တဲ့အရှိန်ကိုမလိုက်နိုင်ပဲနောက်ဆုံး အလျှော့ပေးခဲ့ရတယ်လို့ ပြောပါတယ်။

Ferrari အသင်းမှဗက်တဲအနေနဲ့ တာထွက်ချိန်မှာဟာမီတန်ရဲ့ အရှေ့ကနေ မောင်းနိုင်ခဲ့ပေမယ့် အချိန်အတိုအတွင်းမှာပင် ပြန်ပြီးကျော်တက်ခဲ့ပါတယ်။

မာစီးဒီးအသင်းက ဟာမီတန်ဟာ အပတ်ရေ (၆) ပတ်မှာ ဗက်တဲကို အမှီလိုက်နိုင်ခဲ့ပြီး ရှေ့ရောက်သွားတာဖြစ်ပါတယ်။

ဗက်တဲဟာ ပထမပိုင်းပြိုင်ပွဲမှာ ဓာတ်ဆီဖြည့်ပြီး ဘီးလဲရန်ခေတ္တဘေးထွက်ချိန်မှာ ဟာမီတန်နဲ့ အကွာအဝေးကို ပိုမိုနီးကပ်လာပြီး ဒုတိယအကြိမ် ရပ်နားမှုမှာတော့ ဗက်တဲဟာ အဆင့် (၄) အထိ လျော့ကျသွားတာဖြစ်ပါတယ်။

ကျန်ရှိသော ကစားသမားများဖြစ်တဲ့ Valtteri Bottas နဲ့ Kimi Raikkonen တို့နဲ့ အကွာအဝေးကို Position (2) မှာ    လျှော့ချနိုင်ခဲ့ပါတယ်။

”ပထမတာထွက်ထွက်ခြင်းမှာတော့ အခြေအနေကောင်းနေပြီး ဟာမီတန်ကို ကျော်နိုင်ခဲ့သော်လည်း သိပ်မကြာမီမှာပင် သူရဲ့ အရှိန်ကို ဒီနေ့လိုက်မမှီနိုင်ဘူးဆိုတာကို သဘောပေါက်မိခဲ့ပါတယ်။ သူအကောင်းဆုံးယှဉ်ပြိုင်သွားခဲ့ပါတယ်။ သူ့အတွက် ၀မ်းမြောက်ကြောင်းပြောချင်ပါတယ်။ ပြီးခဲ့နီးမှာ ခေတ္တရပ်နားပြီး ဘီးလဲရင် ပြန်လည် အရှိန်တက်ကာ အကွာအဝေးကို မှီနိုင်မယ်လို့ ထင်ခဲ့ပြီး နားခဲ့တာပါ။ ကျွန်တော်တို့ ဒီရလာဒ်ကို မျှော်လင့်ထားတာ မဟုတ်ပါဘူး။ တခြားဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ သူတို့ကျွန်တော့်ထက်ပိုပြီး အရှိန်မြန်စွာ မောင်းနင်နိုင်ခဲ့တာပဲ ရှိပါတယ်။

ကျွန်တော်ဒီနေ့ သူ့ကိုမောင်းနှင်တဲ့ အရှိန်ကို ဘယ်လိုမှ လိုက်မမှီခဲ့တာကို ၀န်ခံခဲ့ပါတယ်။

“ ဘယ်နည်းကြောင့်မှ နိုင်ခဲ့တာမဟုတ်ပါဘူး။ အရှိန်အမြန်ဆုံးမောင်းနိုင်သူဟာ နိုင်ဖို့အခွင့်အလမ်း ပိုများတာပဲ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

မှတ်ချက်များ။