ဟာမီတန်” ၃” ပွဲပြိုင်ရန်ကျန်သလို “ ၃” ပွဲနိုင်ရန်ကျန်

May Win

ဟာမီတန်အနေနဲ့ ကမ္ဘာ့ချန်ပီယံဆုရရှိရန် ယခုအပတ် American Circuit ပိုမိုနီးစပ်နေပေမယ့် စိတ်လှုပ်ရှားတဲ့ အမူအရာများမတွေ့ရပါဘူး။
ဟာမီတန်ဟာ ယခုနှစ်ရာသီပွဲ (၆) ပွဲအပြီး ယူအက်စ်ဂရမ်းပရီမှာ (၅)ပွဲမြောက်အနိုင်ရရှိခဲ့ပြီး (၄) ကြိမ်မြောက်ကမ္ဘာ့ချန်ပီယံဆုကိုရရှိရန်နီးစပ်နေပါတယ်။
(၆၆)မှတ်နဲ့နံပါတ်တစ်နေရာမှာရောက်ရှိနေတဲ့ ဟာမီတန်ဟာ (၇၅)မှတ်ရရှိဖို့ (၉)မှတ်ရခဲ့မည် (သို့မဟုတ်)နောက်(၃)ပွဲမှာ ပန်းဝင်နိုင်ခဲ့မည်ဆိုပါက ချန်ပီယံဆုရဖို့သေချာနေပါတယ်။

“ ကျွန်တော်မယုံကြည်နိုင်လောက်အောင်အံ့အားသင့်မိပါတယ်။ အခုဒီပတ်လမ်းကိုကျွန်တော်ကြိုက်အနှစ်သက်ဆုံးလည်းဖြစ်မိပါတယ်။” လို့ပြောခဲ့ပါတယ်။
ပရိတ်သတ်အင်အားကိုကြည့်ပြီးတော့လည်းအံ့အားသင့်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်ကစပြီးပရိတ်သတ်အင်အားဟာ ပိုများများလာပါတယ်။
သူ့ရဲ့အသင်းဖြစ်တဲ Silver Arrows ဟာကမ္ဘာ့ Constructor’s ချန်ပီယံဆု ကိုရရှိတဲ့အတွက်အလွန်ဝမ်းသာကြောင်းပြောကြားခဲ့ပါတယ်။

သူတို့ဟာစက်ရုံမှာရော ဒီပြိုင်ပွဲကွင်းမှာပါအလွန်အပင်ပန်းခံကြိုးစားခဲ့ကြတာဖြစ်ပါတယ်။
ဒီပွဲမှာ အူစိန်ဘော့ လာရောက်ကြည့်ရှုတဲ့အတွက်လည်းကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်။
ဒီအလုပ်ဟာလူအများရဲ့စိတ်ကူးယဉ်အိမ်မက်အလုပ်တစ်ခုလည်းဖြစ်ပါတယ်။ လူအများစုဟာ “ F 1″ကားကို မောင်းခွင့်တစ်ကြိမ်လောက်တော့ရချင်ကြပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ဒီကားမောင်းတာဟာကမ္ဘာပေါ်မှာ အကောင်းဆုံးအတွေ့အကြုံဖြစ်ပါတယ်။
ချန်ပီယံဆုရရှိဖို့သေချာသလောက်ဖြစ်နေပေမယ့် ဟာမီတန်ဟာပွဲတိုင်းကို အာရုံစိုက်ပြီးကြိုးစားနေတာကိုတွေ့ရပါတယ်။
ဒီနှစ်ဟာမယုံကြည်နိုင်လောက်အောင်ထူးခြားသောနှစ်တစ်နှစ်ဖြစ်ပါတယ်။ ဗက်တယ်လ်ကိုအလှမ်းမီဖို့မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့် ကားဟာအလွန်ကောင်းမွန်သောအနေအထားမှာရှိနေခဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
“(၃)ပွဲပြိုင်ပြီး (၃)ပွဲနိုင်ဖို့ကျန်ပါသေးတယ်” လို့ ဟာမီတန်က ပြောပါတယ်။

မှတ်ချက်များ။