လူးဝစ်ဟာမီလ်တန် ရဲ့ အချစ်ရေး

၎ ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံဆု ကို ပူပူနွေးနွေး ရယူထားနိုင်ခဲ့တဲ့ ဖော်မြူလာဝမ်း ပြိုင်ကားမောင်းသော လူးဝစ်ဟာမီလ်တန်ဟာ သူမောင်းနှင်ပြိုင်ပွဲဝင်နေတဲ့ ပြိုင်ပွဲရဲ့ မြန်နှုန်းမြင့် ပြိုင်ကားများအတိုင်း သူ့ရဲ့တွဲဖက် ချစ်သူတွေကိုလည်း အလျင်အမြန် ပြောင်းလဲလေ့ရှိပါတယ်။

ယခုဖော်ပြပေးမှာကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တစ်ဦးဖြစ်တဲ့ ဟာမီလ်တန် နဲ့ တွဲခဲ့တဲ့ နမည်ကျော် ၅ ဦးကို ဖော်ပြပေးသွားမှာပါ။

၁- ၀င်နီဟာလိုး (၂၀၁၆ – ၂၀၁၇)

မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ ဟာလိုး နဲ့ ဟာမီလ်တန်တို့တွဲနေတဲ့ သတင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ထွက်ပေါ်လာလိုက် ပြန်ပျောက်သွားလိုက် ဖြစ်နေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တွင်း ကျင်းပခဲ့တဲ့ GQ award ဆုပေးပွဲမှာ အတူပွဲတက်ခဲ့တဲ့ သူတို့နှစ်ဦးကို မြင်လိုက်ရတဲ့အချိန် မှာ သူတို့ ၂ ယောက် အချစ်ရေးနဲ့ ပတ်သက်တဲ့ သတင်းတွေပြန်လည်ထွက်ပေါ်လာခဲ့ပြီး ဟာမီလ်တန် ကတော့ မိမိတို့ဟာ သာမန် သူငယ်ချင်းတွေသာ ဖြစ်တယ်လို့ ငြင်းချက်ထုတ်ခဲ့ ပါတယ်။

A post shared by Lewis Hamilton (@lewishamilton) on Sep 9, 2017 at 11:39am PDT

ဒါပေမယ့် သူတို့ ၂ ဦးရဲ့ အတူတကွ ထပ်မံပွဲတက်ခဲ့တဲ့ ပုံရိပ်တွေကတော့ ၂၀၁၇ ခုနှစ်တွင်းမှာ ပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ညစာစားပွဲတက်ခုကို တွဲပြီးပွဲတက်လာခဲ့တာဖြစ်ပြီး ဟာမီလ်တန် ယှဉ်ပြိုင်ဗိုလ်စွဲခဲ့တဲ့ ပြိုင်ပွဲတွေဖြစ်တဲ့ ၂၀၁၇ မေလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မိုနာကို ဂရင်းပရီပြိုင်ပွဲနဲ့ ဇူလိုင်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဗြိတိန်ဂရင်းပရီပြိုင်ပွဲတွေကို ဟာလိုး သွားရောက်အားပေးခဲ့တဲ့ ပုံရိပ်တွေကြောင့် သူတို့ ၂ ဦးရဲ့ဆက်ဆံရေးကို မီဒီယာတွေက အတည်ပြုခဲ့ပါတယ်။

၂ – ဆိုဖီရာ ရစ်ချီ (၂၀၁၇)

၂၀၁၇ ခုနှစ်ဟာ ဟာမီလ်တန်ရဲ့ ကစားသမားဘ၀မှာ အအောင်မြင်ဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့တာနဲ့အညီ သူရဲ့အချစ်ရေးကလည်း ထိပ်ဆုံးနေရာမှာ ရှိနေခဲ့ပါတယ်။ ပါရီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Paris’ Couture Fashion Week ရဲ့ ထိပ်ဆုံး ပွဲကြည့်ခုံတွေမှာ ဟာမီလ်တန်ကို လီယွန်နယ် ရစ်ချီ ရဲ့ သမီးဖြစ်သူ ဆိုဖီရာ ရစ်ချီနဲ့ ထိုင်ပြီး ပွဲကြည့်နေတဲ့ ဓါတ်ပုံတွေ ထွက်ပေါ်ခဲ့တဲ့ နောက်မှာ ဟာမီလ်တန် ရဲ့ နောက်ထပ် အချစ်ရေးသတင်း တစ်ပုဒ် မီဒီယာ စာမျက်နှာတွေထက် ရောက်ရှိလာပါတယ်။

A post shared by Sofia Richie (@sofiarichie) on Nov 1, 2017 at 12:05pm PDT

Beverly Hill မှာ ရှိတဲ့ Montage Hotel မှာ အတူတွဲ ညစာသုံးဆောင်နေတဲ့ သူတို့နှစ်ယောက်ရဲ့ မြင်ကွင်းကတော့ အရမ်းကို ကြည်နူးပျော်ရွှင်မှုတွေနဲ့ Romance ဆန်လွန်းတယ်လို့ ဖော်ပြကြပါတယ်။

၃ – ရီတာ အိုရာ (၂၀၁၆)

သူ့ကိုတော့ အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ အမိုက်စား ကကွက်တွေ ဖက်ရှင်တွေ သီချင်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ရီတာ နဲ့ ဟာမီလ်တန်တို့ဟာ ၂၀၁၆ ခုနှစ် နှစ်လည်ပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ပါတီ ပွဲတွေမှာ အတူတကွ မြင်တွေ့ခဲ့ရသလို ခရီးအတူသွားခဲ့တဲ့ မှတ်တမ်းတွေပါ ထွက် ပေါ်ခဲ့ပါတယ်။ မွန်တီနီဂရိုးနိုင်ငံကို အတူတူ လျှို့ဝှက်ခရီးသွားဖို့ ပြင်ဆင်ခဲ့ပြီး တိတ်တဆိတ် နိုင်ငံထဲဝင်ရောက်ဖို့ ကြံစည်ခဲ့တဲ့ သူတို့ ၂ ဦးရဲ့ အကြံအစည်ကတော့ မအောင်မြင်ခဲ့ပဲ သတင်းမုဆိုးတွေရဲ့ နှောက်ယှက်ခြင်း ခံခဲ့ရပါတယ်။

A post shared by Rita Ora (@ritaora) on Oct 31, 2017 at 5:17am PDT

အဲ့နောက်မှာတော့ သူတို့နှစ်ဦးရဲ့ သီးသန့်အိမ်တစ်လုံးမှာသာ တိတ်တဆိတ်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး ၂၀၁၆ ဖော်မြူလာဝမ်း ရာသီရဲ့ နောက်ဆုံး ပွဲစဉ်ဖြစ်တဲ့ အဘူဒါဘီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲကိုလည်း ရီတာ သွားရောက်ကြည့်ရှုခဲ့တာကြောင့် ၂၀၁၆ ခုနှစ် နှစ်လည်ပိုင်းကနေ ၂၀၁၇ ခုနှစ် နှစ်လည်ပိုင်းတွင်းမှာ ဟာမီလ်တန်ရဲ့ အချစ်ရေး အပြောင်းအလဲက ၃ ဦးထိ ရှိခဲ့ပါပြီ။

၎ – ရီဟာနား (၂၀၁၅)

၂၀၁၅ ခုနှစ်ရဲ့နွေရာသီမှာတော့ ဟာမီလ်တန်အနေနဲ့ ကမ္ဘာ့ပေါ့သီချင်းလောကရဲ့ ဘုရင်မတွေထဲက တစ်ပါးဖြစ်တဲ့ ရီဟားနားနဲ့ တွဲခုတ်ဖို့ ကြံစည်ခဲ့ပါတယ်။ ရီဟားနား နဲ့ ဟာမီလ်တန်တို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ကတော့ ဘာဘာဒို့စ်မှာ ကျင်းပခဲ့တဲ့ Kadooment ပွဲတော်နေ့မှာ စတင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဟာမီလ်တန်ကတော့ ရီဟားနားရဲ့ အလှအပနဲ့ စိတ်နေစိတ်ထားအပေါ်မှာ ကျဆုံးသွားတယ်လို့ ပြောကြားခဲ့ပါတယ်။

A post shared by badgalriri (@badgalriri) on Nov 9, 2017 at 10:36am PST

၂၀၁၅ ခုနှစ် စက်တင်ဘာလမှာတော့ “ ကျွန်တော်တို့ဟာ သူငယ်ချင်းအဆင့်မှာပဲ ရှိနေပါတယ် နေရာတိုင်းမှာ ကျွန်တော်တို့ကို တွဲပြီးမြင်တွေ့နေရမှာ ဖြစ်ပေမယ့် တကယ်ကို ခင်မင်တဲ့ သူငယ်ချင်းအရင်းကြီးတွေပါလို့” မီဒီယာတွေကို ဖော်ပြခဲ့ပြီး သူတို့နှစ်ဦး ဇာတ်လမ်း တစ်ခန်းရပ်ခဲ့ပါတယ်။

၅ – နီကိုးရှာဇင်ကာ (၂၀၀၈ – ၂၀၁၅)

နီကိုးရှာဇင်ကာကတော့ ဟာမီလ်တန်ရဲ့ အချစ်ဦးလို့ ဆိုရမယ့်သူဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်တည်းက စတင်တွဲခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း ကတော့ ကာလရှည်ကြာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ထောင်နိုင်ခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ သူတို့ ၂ ဦးရဲ့ အမာခံ ပရိသတ်တွေပါ အံ့အားသင့်စေခဲ့တဲ့ သတင်းတစ်ပုဒ်ကို နှစ်ဦးလုံး ထုတ်ပြန်ခဲ့ပါတယ်။ ဒါကတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်တဲ့ သတင်းပါ။ သူတို့နှစ်ဦး ကတော့ ရှေ့ဆက်ရမယ့် အနာဂါတ်အစီအစဉ်တွေ ညှိနိုင်းလို့ မရခဲ့တောကြောင့် လမ်းခွဲခဲ့တယ်လို့ ဖော်ပြခဲ့ပြီး သူငယ်ချင်းတွေ အဖြစ်ပါဆက်ရှိမနေတော့တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ခဲ့တဲ့အထိ ပြတ်သားခဲ့သူတွေပါ။

ခုဖော်ပြပေးခဲ့တာကတော့ ဟာမီလ်တန်ရဲ့ နာမည်ကျော် relationship ၅ ဦးပါ ။ ပြိုင်ကားကွင်းတစ်ကွင်းစီမှာ မြန်ဆန်တဲ့ အရှိန်အဟုန်နဲ့ ပြိုင်ပွဲဝင်နေတဲ့ ဟာမီလ်တန် ဆက်လက်ပြီးလည်း အချစ်ရေးမှာ မြင့်မားတဲ့ အရှိန်နဲ့ ဆက်လက် မောင်းနှင်နေဦးမှာပါပဲ။

မှတ်ချက်များ။