Kubrica ဖော်မြုလာဝမ်းပြန်မမောင်းခင်ဆေးစစ်ချက်အောင်ဖို့ လို

FIA ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်ဟာ Robert Kubica ဖော်မြုလာဝမ်းပြိုင်ရန်လိုင်စင်ရရှိမှုအပေါ်မှာ မူတည်နေပါတယ်လို့ Jean Todt ကဆိုပါတယ်။

ပိုလန်နိုင်ငံသား ဟာ ၂၀၁၁ပြိုင်ပွဲတွင် ယာဉ်တိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရအောင်ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ပါတယ်။ ထိုကြောင့်ယခု အာဗူဒါဘီမှာ ပြန်လည်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီဆေးစစ်ချက်ဟာ Grove အသင်း က Lance Stroll ရဲ့ ၂၀၁၈ အသင်းဖေါ်အဖြစ်သတ်မှတ်မှုပေါ်မှာလည်းမူတည်နေပါတယ်။

FIA ဥက္ကဋ္ဌ ကတော့ ပြိုင်ပွဲဝင်ပြိုင်ခွင့်ဟာ William ဆုံးဖြတ်ချက်အပေါ်မှာဘဲမူတည်တာမဟုတ်ပါဘူး။ ဆရာဝန်ဆေးစစ်ချက်ပေါ်မှာမူတည်နေတာပါဟုဆိုပါတယ်။

“ ကျွန်တော်တို့ ဆီမှာကျွမ်းကျင်သူတွေရှိပါတယ်။ တစ်ခုခုကြုံတွေ့ ခဲ့ရင်တောင်ဖြေရှင်းဖို့ လိုအပ်သည်များကိုသူတိုတြွလုပ်ဆောင်နိုင်ပါတယ်” လို့ လည်း Todt ကပြောကြားခဲ့ပါတယ်။

“ ကားမောင်းသမားတွေဟာ လာကစားလိုက် ထွက်သွားလိုက်ပါဘဲ။ ဒါပေမယ့် Kubica ကတော့မတူပါဘူး။ ယှဉ်ပြိုင်မှုရပ်လိုက်ရတာက ကားတိုက်မှုဒဏ်ရာပြင်းထန်သောကြောင့်ဖြစ်ပါတယ်။”

“ သူဟာပြန်လည်ကောင်းမွန်လာပြီး ပြန်လည်ဝင်ရောက်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။”

အချိန်တွေကြာလျှင်ပိုသိလာပါလိမ့်မယ်။

“ ကျွန်တော်တို့ မှာ ဆေးစစ်ချက်ကို မီတဲ့စံနှုန်းတွေရှိနေပါတယ်။ ထို့ ကြောင့်အားလုံးဟာဆရာဝန်အပေါ်မှာမူတည်ပါတယ်။”

မှတ်ချက်များ။