ဖော်မြူလာဝမ်း ပြိုင်ပွဲကို ထောက်ခံခဲ့တဲ့ ဖော်မြူလာ အီး

ဖော်မြူလာဝမ်းပြိုင်ပွဲအနေနဲ့ ပြိုင်ပွဲတွင်းမှာ grid girl များ အသုံးမပြုတော့ ကြောင်း ကြေငြာခဲ့တာနဲ့ ပတ်သက်ပြီး ဖော်မြူလာအီး ပြိုင်ပွဲထောက်ခံခဲ့ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ ဆမ်ဘရတ်ခ်ျက ယခုတစ်ပတ် အစောပိုင်းက grid girl တွေကို ပြိုင်ပွဲမှာ အသုံးပြုတော့မှာမဟုတ်ဘူးလို့ ကြေငြာခဲ့ပြီး ဒီလို ယခင်က အသုံးပြုခဲ့တာလည်း ကျွန်တော်တို့ ပြိုင်ပွဲအမှတ်တံ ဆိပ်ကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ ခေတ်သစ် တစ်ခုကို ပြောင်းလဲဖို့ အချိန်ရောက်ပြီလို့ ထင်ပါတယ် ဆိုပြီး ပြောကြားထားခဲ့ ပါတယ်။

ဖော်မြူလာ အီးပြိုင်ပွဲကတော့ ဒီဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ခြင်းထက် အားပေးထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။

“ဖော်မြူလာဝမ်းပြိုင်ပွဲကို ၂၁ ရာစုကနေ လှိုက်လှဲစွာ ကြိုဆိုပါတယ်။”

“ဖော်မြူလာအီး ပြိုင်ပွဲမှာတော့ grid girl အသုံးပြုမှုကို ပြီးခဲ့တဲ့ နှစ်တည်းက ရပ်တန့်ခဲ့ပြီဖြစ်ပြီး ဒီအတွက်လည်း အထူးတလည် ပြောကြားဖို့လိုတယ်လို့ မခံစားခဲ့ရဖူးပါဘူး” ဆိုပြီး ဖော်မြူလာအီး ပြိုင်ပွဲက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

Grid girl တွေ အသုံးပြုမှု ရပ်တန့်ခဲ့တဲ့ ဖော်မြူလာအီး ပြိုင်ပွဲကတော့ ကလေးတွေကို အစားထိုးအသုံးပြုခဲ့ပြီး လာမယ့် မျိုးဆက်သစ်တွေကို လှုံဆော်မှု ပြုလုပ်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ သဘောထား အသစ်တွေ ပြောင်းလဲခဲ့ပြီး ကလေးတွေကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာကတော့ junior go-kart championship ပြိုင်ပွဲမှာ အရည်အသွေးရှိပြီး ငယ်ရွယ်တဲ့ ယာဉ်မောင်းတွေ မွေးထုတ်ပေးနိုင်ဖို့အတွက် အဓိကထားခဲ့တာပါ”

“ပြိုင်ပွဲရဲ့ အစလိုင်းမှာ ကလေးတွေကို အသုံးပြုခဲ့တာဟာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အတွေ့အကြုံဖြစ်ပြီး သူတို့တွေထဲက တစ်နေ့မှာ ပြိုင်ပွဲဝင် ယာဉ်မောင် အသစ်တွေ ပေါ်ထွက်လာမှာပါ သူတို့အတွက်လည်း စိတ်ဓါတ်မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

“ဒီဆုံးဖြတ်ခဲ့တဲ့ အယူအဆက လက်ရှိအချိန်မှာတော့ အကောင်းဆုံးလည်ပတ် နေပါပြီ” ဆိုပြီး ဖော်မြူလာအီး ပြိုင်ပွဲရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။