ဝီလီလျံအသင်းရဲ့လူငယ်ကားမောင်းသမားတွေအသုံးပြုမှုအပေါ်ဝက်ဘာဝေဖန်ပြောကြား

Thet Htet Lin

သြစတေးလျ ကားမောင်းသမား မာ့ခ်ဝက်ဘာက ၀ီလီလျံ ကားမောင်းအသင်းရဲ့လူငယ်တွေကို အသုံးပြုမှုအပေါ်ဝေဖန်ခဲ့ပြီး ဖော်မြူလာဝမ်းဟာ ကားမောင်းသင်တန်းကျောင်းမဟုတ်ကြောင်း ပြောကြား လိုက်ပါတယ်။

ယခုနှစ်ရာသီမှာ ၀ီလီလျံအသင်းဟာ လူငယ်ကားမောင်းသမားနှစ်ဦးဖြစ်တဲ့ လန့်စ်စထရိုးလ် နဲ့ ဆာဂျီဆီရော့ကင် တို့ ကို အသုံးပြုပြီး ဖော်မြူလာဝမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

ဝီလီလျံအသင်းမှာ အတွေ့အကြုံရှိတဲ့ ကားမောင်းသမားတွေရှိပေမယ့်လည်း ရာသီတစ်ခုသာအတွေ့ အကြုံရှိသေးတဲ့ လန့်စ်စထရိုးလ်နဲ့ ယခုနှစ်ရာသီမှာ ပထမဆုံးအဖြစ်စတင်ယှဉ်ပြိုင်မယ့် ဆီရော့ကင် တို့ကို အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

သြစတေးလျဂရင်းပရီအတွက် စမ်းသပ်မောင်းနှင်ရာမှာ လန့်စ်စထရိုးလ်က နံပါတ် (၁၄)နေရာမှ ပန်းဝင်ခဲ့ပြီး ဆီရော့ကင်ကတော့ နံပတ် (၁၉)နေရာမှ ပန်းဝင်ခဲ့တာဖြစ်ပါတယ်။

ဝက်ဘာက Metro သတင်းစာကိုပြောကြားရာမှာ – “ ကျွန်တော်မပျော်ပါဘူး။ အကောင်းဆုံးလုပ်တာ ကို မမြင်ချင်တဲ့သူတစ်ယောက်မှမရှိပါဘူး။ သူတို့အသင်းအနေနဲ့ အကောင်းဆုံးလုပ်ချင်တယ်ဆိုရင် တော့ အတွေ့အကြုံရှိပြီးသား ကားမောင်းသမားနဲ့ အနာဂတ်မှာ အလားအလာရှိတဲ့ လူငယ်ကား မောင်းသမားတွေကို ပေါင်းစည်းရပါမယ်။ ကားမောင်းသမားတွေကြားမှာ ဓာတုဗေဒ သဘောတရား လို ပေါင်းစည်းမှုတွေ လိုအပ်ပါတယ်။ ဖော်မြူလာဝမ်းက ကားမောင်းသင်တန်းကျောင်းမဟုတ်ပါဘူး။ လူငယ်ကားမောင်းသမားတွေကနေ အဆင့်မြင့်လာတဲ့ အတွေ့အကြုံရှိ ကားမောင်းသမားတွေပဲ လိုအပ်ပါတယ်။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။