ကားမှာပြဿနာတချို့ရှိခဲ့ကြောင်းဗာစတာပင်ပြောကြား

Thet Htet Lin

ဟာဆဲ့လ်တ်အသင်းရဲ့ ကားမောင်းသမားဖြစ်သူ မက်စ်ဗာစတာပင် က ယနေ့ ယှဉ်ပြိုင်ခဲ့တဲ့ သြစတေးလျ ဂရင်းပရီပြိုင်ပွဲမှာ သူ့ရဲ့ RB 14 ကား ဟာ ပြဿနာတချို့ရှိခဲ့တာကြောင့် အဆင့်(၆)နေရာမှာသာရပ်တည်နိုင်ခဲ့တာဖြစ် ကြောင်းပြောကြားလိုက်ပါတယ်။

ဗာစတာပင်ဟာ ကယ်ဗင်မက်ဂ်နက်ဆင်ကို အဖွင့်ယှဉ်ပြိုင်မောင်းနှင်တဲ့ အပတ်မှာ သူ့ရဲ့နေရာ ပေးခဲ့ရပေမယ့် ပြန်ပြီးအကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ ဗာစတာပင်ဟာ နံပါတ်(၅)နေရာကနေ နံပါတ်(၈)နေရာအထိ ရောက်ရှိခဲ့ပြီး ပြိုင်ဘက် ကားများကို ကျော်တက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဗာစတာပင်ဟာ အဆင့်(၆)နေရာမှာသာရပ်တည်နိုင်ခဲ့ပါတယ်။

“ အစမှာကောင်းပေမယ့်လည်း ပထမအပတ်မောင်းနှင်ရာမှာ ကံမကောင်းခဲ့ပါဘူး။ နေရာတစ်ခု ပျောက်ဆုံးခဲ့ပါတယ်။ ” လို့ ဗာစတာပင်ကပြောပါတယ်။

“ ချက်ချင်းပဲ ကားမှာ ပြဿနာတချို့ရှိခဲ့တယ်။ ကားဟန်ချက်ထိန်းဖို့ မလုပ်နိုင်ခဲ့ဘူ။ (၄)ပတ် ၊ (၅) ပတ်လောက်မောင်းနှင်အပြီး ကားမှာ ပြဿနာတချို့ရှိလာတယ်။ ကွင်းရဲ့ အလယ်လောက်မှာ ထိန်းချုပ်လို့ မရခဲ့ဘူး။ ”

“ ဒါကလုံးဝပြီးပြည့်စုံတာတော့မဟုတ်ပါဘူး ။ ဒါပေမယ့်လည်း ကျွန်တော် နေရာတွေအများကြီး ဆုံးရှုံး တာတော့မရှိပါဘူး။ နောက်ကနေ အသည်းအသန်တော့လိုက်တာပဲ။ ဒါပေမယ့် မကျော်နိုင်ဘူး။ ဒါက နည်းနည်းတော့ အရှက်ရစရာပါ။ အခြေအနေအရ အထိအခိုက်တချို့ရှိခဲ့တယ်။ တချို့အမှတ်တွေတော့ယူနိုင်ခဲ့သေးတယ်။ ”

“ အများကြီးစိုးရိမ်စရာမရှိပါဘူး။ ကျွန်တော်တို့ လွတ်လွတ်ကျွတ်ကျွတ် ယှဉ်ပြိုင်ခွင့်ရဖို့သာ အရေးကြီး တာပါ။ ပြိုင်ပွဲတွေတိုင်းမှာ ဒါကို သေချာဖြေရှင်းသင့်ပါတယ်။ ” လို့ ဗာစတာပင်က ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။