ဟောလီးဝုဒ် နဲ့ အားကစားလောကရဲ့ အံ့အားသင့်ဖွယ် တိုက်ဆိုင်မှု

နာမည်တူမရှား လူတူမရှားဆိုတာ ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေတဲ့ စကားလုံး တွေထဲကတစ်ခုပါ ။

နာမည်ကျော်တစ်ဦးနဲ့ သာမန်လူတစ်ဦး တိုင်ဆိုင်စွာ ရုပ်ရည်ချင်း တူနေပေမယ့် ဘ၀ပေးအခြေအနေကတော့ ကွာခြားတက်ပါတယ်။ ခုဖော်ပြေပေးမယ့်သူတွေကတော့ ဟောလီးဝုဒ်လောကရဲ့ အအောင်မြင်ဆုံး သူတွေနဲ့ အားကစားလောကရဲ့ နာမည်ကျော်တွေကြားက အမွှာနီးပါး တူနေတဲ့ သူတွေကို ရွေးချယ်ဖော်ပြပေးမှာပါ။

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာ ကိုယ်နဲ့ ရုပ်ချင်းဆင်တဲ့သူမျိုးကို မြင်တွေ့ပါရစေ လို့ဆုတောင်းဖူးတဲ့သူတွေရှိနေပြီး ၊ ကိုယ်နဲ့ ရုပ်ချင်းတူတဲ့သူကိုလည်း လူတိုင်းမြင် ဖူးချင်ကြပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဟောလီးဝုဒ်လောကရဲ့ အောင်မြင်ကြော်ကြားသူ ၁၂ ယောက်နဲ့ ရုပ်ချင်းဆင်တူတဲ့ အားကစားလောကက သူတွေကိုဖော်ပြပေးသွား မှာပါ။သူတို့တွေက မတူညီမှုတွေကြားမှာ တူညီနေကြတဲ့ သူတွေပါ။

ဘရူနိုမားစ် နဲ့ ချီချာရီတို

ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအားအကောင်းဆုံး တိုက်စစ်မှူး တွေထဲကတစ်ဦး ဖြစ်တဲ့ တိုက်စစ်မှူး ချီချာရီတို နဲ့ ပေါ့စတား ၊ တေးရေးဆရာ နဲ့ သီချင်းဖန်တီးသူ တစ်ဦးဖြစ်တဲ့ ဘရူနိုမားစ်တို့ကို ပထမဆုံး ဖော်ပြချင်ပါတယ်။

တေးသီချင်းသီဆိုတဲ့ စတိတ်စင်ပေါ်မှာ 24K Magic သီချင်းနဲ့အတူ ပရိသတ်တွေ ကိုဖမ်းစားခဲ့တဲ့ ဘရူနိုမားစ်လိုပဲ ချီချာရီတိုကလည်း ကွင်းအတွင်းမှော်ဆန်တဲ့ သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူဖြစ်ပါတယ်။

ဒရက် နဲ့ လန်နွန်

ငယ်ရွယ်တဲ့အချိန်မှာ အောင်မြင်မှုတွေစတင်ရယူနိုင်ခဲ့ပုံချင်းပါ ဆင်တူပါတယ်၊ ဒရက်က ငယ်စဉ်တည်းက ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလောက ကိုစတင်ခြေလှမ်းခဲ့သလို လန်နွန်ကလည်း ၂၀၀၃ ခုနှစ်မှာပဲ ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားနိုင်ခဲ့သူပါ။

သူတို့နှစ်ဦးကို အတိအကျတူတယ်လို့ မပြောလိုပေမယ့် ကနေဒါနိုင်ငံသား အဆိုတော် နဲ့ ပရီးမီးယားလိဂ် နာမည်ကျော်နှစ်ဦးစလုံးဟာ အောက်ခြေကနေ ဘ၀ကိုစတင်ခဲ့သူတွေပါ။

လီယိုနာဒို နဲ့ စီဘက်စတိန်း လာဆင်

လီယိုနာဒိုရဲ့ ရုပ်ရှင်ကားတိုင်းလိုလို ပရိသတ်ကို စွဲဆောင်နိုင်ခဲ့သလို ၊ လာဆင်ရဲ့ ပြစ်ဒဏ်ဘော ကန်သွင်းချက်တိုင်းကလည်း ပရိသတ်တွေကို ဆွဲဆောင်နိုင် ခဲ့ပါတယ်။

The Revenant ရုပ်ရှင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့တဲ့ လီယိုနာဒိုနဲ့ ဟူးလ်စီးတီးကွင်းလယ်လူ လာဆင်တို့ရဲ့ ခြေလှမ်းတိုင်းဟာ လူပြောများတဲ့ အရာတွေပါ ၊ ရုပ်ရှင်ကားတစ်ကားရိုက်တိုင်း အကောင်းဆုံးပုံစံရရှိအောင် စွမ်းဆောင်နိုင်တဲ့ လီယိုနာဒိုလို့ပဲ လာဆင်ကလည်း ကစားသမားဘ၀ ဂိုးဖန်တီးမှု ၂၆ ကြိမ်ပြုလုပ်ထားနိုင်တဲ့ ဖရီးကစ်ကျွမ်းကျင်သူ ဖြစ်ပါတယ်။

ရှီယာ လဘော့ နဲ့ ဘင်ဇီမာ

၂၀၀၀ ပြည့်နှစ်ကာလတွေမှာ အောင်မြင်ခဲ့တဲ့ ပုံစံချင်းတူညီတဲ့ သူနှစ်ဦးပါ၊ ဘန်ဇီမာအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားနိုင်ခဲ့သလို ရှီယာ လဘော့ကလည်း Transformer ဇာတ်ကားတွေနဲ့ နာမည်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။

ရှီယာလဘော့ကတော့ လက်ရှိအချိန်မှာ ငွေကြေးကိစ္စရပ်တစ်ခုနဲ့ ဂန္တ၀င်တင်းနစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂျွန်မက်အန်ရိုး နဲ့ တင်းနစ်ကစားနေပြီး ဘန်ဇီမာကတော့ အားကစားစိတ်ဓါတ်အတွက် သံသယရှိစရာ မရှိတဲ့ကစား သမားဖြစ်ပါတယ်။

Chance the rapper နဲ့ ပီပီ

အမေရိကန်ဖွား နှစ်ဦးဖြစ်တဲ့ Chance the rapper နဲ့ ပီပီတို့ကတော့ တစ်မိသားစု တည်းကလို့ ထင်မှတ်ရအောင် ရုပ်ချင်းဆင်တူပါတယ်။

ဂရမ်မီဆုရှင် Chance the rapper ကတော့ ပရိသတ်တွေအတွက် အသစ်တွေပေးနိုင်ဖို့ ပြင်ဆင်နေပြီး ဘရာဇီးလ် နွယ်ဖွား ပေါ်တူဂီနောက်ခံလူ ပီပီကတော့ တိုက်စစ်မှူးတွေကို အကောင်းဆုံးဟန့်တား မှုတွေနဲ့ ရှေ့ဆက်နေပါတယ်။

Tayler the creator နဲ့ ဒေးဗစ်အလာဘာ

သူတို့နှစ်ဦးလောက် အလုပ်ကြိုးစားတဲ့သူမျိုးကို ရှာဖွေမတွေ့နိုင်ပါဘူး ၊ ကိုယ်ပိုင် တေးသီးချင်းတွေကို ကိုယ်တိုင်အသံသွင်းထုတ်လုပ်နိုင်တဲ့ Tayler the creator နဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ အနိမ့်အမြင့် အတက်အကျကြားထဲ ဖြတ်သန်း နေတဲ့ အလာဘာတို့ရဲ့ အားထုတ်ပုံတူညီပါတယ်။

နည်းစနစ်ကျကျ ပြောရရင်တော့ ကိုယ့်လျောက်တဲ့လမ်းကို ကိုယ်တိုင်ကြိုးစားပြီး လျောက်လှမ်းနိုင်တဲ့သူတွေဖြစ်ပြီး Tayler the creator ကတော့ တေးသီချင်းတွေ အများအပြားပြုလုပ်နိုင်ခဲ့ပြီး အလာဘာကတော့ ဘိုင်ယန်အသင်းတွက် ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်အသင်းတွက် ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

လူဖာရစ်နို နဲ့ ဒီယေဂိုကော်စတာ

သူတို့နှစ်ဦးကတော့ တကယ်ကို ညီအစ်ကိုတော်စပ်တယ် ထင်ရတဲ့သူတွေဖြစ်ပြီး လူနေမှုပိုင်းမှာလည်း ကြီးမားတဲ့ ကွာဟချက်မရှိသူတွေပါ။
လက်ရှိအချိန်ထိ အသက်ရှင်နေထိုင်နေသေးတဲ့ ဖာရစ်နိုဟာ ၇၀ ပြည့်နှစ်တွေရဲ့ ဟော့ခ်လို့ သတ်မှတ် ခြင်းခံခဲ့ရသလို ကော်စတာဟာလည်း လက်ရှိဘောလုံးလောကရဲ့ ဟော့ခ်ပါပဲ။
သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်တွေမှာ သူတို့ရဲ့ ခွန်အားတွေကို အဓိကထား အသုံးပြုတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို ဖြတ်ကျော် နိုင်ဖို့ကတော့ မလွယ်ပါဘူး။

မက်ဒေမွန် နဲ့ မိုက်ကယ်ဘောလက်

လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကာလတွေမှာ ဒီကစားသမားတွေရဲ့ အောင်မြင်မှု တွေဟာ အရမ်းကို ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

ဟောလီးဝုဒ်ရဲ့ အကယ်ဒမီဆုရှင် မက်ဒီမွန်ကတော့ Bourne ရုပ်ရှင်ဇာတ်ကားနဲ့ သူ့ရဲ့အကောင်းဆုံး စွမ်းရည်တွေကို ပြသနိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဘောလက်ကလည်း ကစားသမားဘ၀မှာ ပြင်ထန်အားပါတဲ့ ကန်ချက်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်ခဲ့သူပါ။

ASAP Rocky နဲ့ ဒရော့ဘာ

ASAP Rocky နဲ့ ဒရော့ဘာတို့ နှစ်ဦးရဲ့ ဖြတ်သန်းတဲ့ နယ်ပယ်ခြင်းမတူကြပေမယ့် သူတို့နှစ်ဦးဟာ တူတဲ့အချက်တွေ တကယ်များတဲ့သူတွေပါ။

ဖျော်ဖြေရေးစင်ပေါ် နဲ့ ကစားကွင်းတွေထဲမှာ သူတို့နှစ်ဦးကို ဘယ်သူကမှ မရပ်တန့်နိုင်ပါဘူး။ သူတို့နှစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပိုင်းကလည်း တကယ်ကို ငြင်းသူမရှိတဲ့ တိုက်ဆိုင်မှုပါ။

ပွတ်ရှာတီ နဲ့ မော့ဆက်စ်

ပွတ်ရှာတီ နဲ့ မော့ဆက်စ်တို့ တူညီတဲ့အချက်ကတော့ သူတို့လုပ်စရာရှိတဲ့ အလုပ်တွေကို တိတ်တိတ် ဆိတ်ဆိတ်နဲ့ အောင်မြင်အောင်လုပ်ဆောင်နိုင် သူတွေပါ။

အမေရိကန် အဆိုတော် ပွတ်ရှာတီ အနေနဲ့ကတော့ အဆိုတော်လောကမှာ နောက်ထပ်အောင်မြင်မှု အဆင့်တစ်ဆင့်အဖြစ် ကိန်းဝက်စ်နဲ့ အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီလို့ ချီးကျူးပြောဆိုမှု ခံနေရပါတယ်။

တိုက်စစ်မှူး မော့ဆက်စ်ကတော့ ချဲလ်ဆီးအသင်းမှာတော့ နောက်တန်းကစား သမားတစ်ဦးအဖြစ်ပြောင်းလဲ ကစားခဲ့ပြီး မတူညီတဲ့ ပုံစံတစ်ခုအောက်မှာ အကောင်းဆုံး ကစားနိုင်နေသူပါ။

ဟာရီဆင်ဖို့ဒ် နဲ အိုင်ဗန်နိုဗစ်

သူတို့နှစ်ဦးမှာ ကြည့်ကောင်းတဲ့ ရုပ်ရည်တွေကို ပိုင်ဆိုင်ထားကြတဲ့သူတွေ ဖြစ်ပြီး ဖို့ဒ်အနေနဲ့ Blade Runner ရုပ်ရှင်ကားမှာ ရစ်ဒက်ကတ် ၊ Star Wars ရုပ်ရှင်ကားမှာ ဟန်ဆိုလို ၊ အဖြစ်သရုပ်ဆောင်နိုင်ခဲ့သလို အိုင်ဗန်နိုဗစ်ကလည်း ချဲလ်ဆီးအသင်းမှာ တောင်ပံခံစစ်ကစားသမား တစ်ဦးအဖြစ်သာမက ဗဟိုခံစစ်မှူး အဖြစ်ပါ ပြောင်းလဲကစားခဲ့ပြီး မတူညီတဲ့ ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်တဲ့ နေရာမှာတော့ သဘာဝလွန်စွမ်းအား ပိုင်ဆိုင်ထားသူတွေပါ။

ဂျွန်အေဗရာဟမ် နဲ့ ဘတ်ဖွန်

သူတို့ရဲ့ သက်ဆိုင်ရာနယ်ပယ်တွေမှာတော့ တကယ်ကို အားထားရတဲ့ သူတွေ ပဲ ဖြစ်ပါတယ်။

ဘောလီးဝုဒ်လောကရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ အေဗရာဟမ် နဲ့ ဂျူဗင်တပ်အသင်း ဂိုးသမား ဘတ်ဖွန်တို့ကတော့ အထင်ကြီးလေးစားမှုတွေကို ချီးကျူးပြောဆိုမှုတွေကို အချိန်အတော်ကြာ ထိန်းထား နိုင်ခဲ့သူတွေပါ။

အေဗရာဟမ်ကတော့ အိန္ဒိယ စူပါလိဂ်ကလပ် North East United အသင်းရဲ့ပူးတွဲပိုင်ရှင်ဖြစ်ပြီး ဘတ်ဖွန်ကလည်း သူရဲ့မွေးရပ်မြေ ကလပ် ကာရီဆာအသင်းရဲ့ ပိုင်ရှင်ဖြစ်တာကြောင့် ဘောလုံးလောကမှာ ကျင်လည်ပုံခြင်းပါ တူညီနေသူနှစ်ဦးပါ။

မှတ်ချက်များ။