မော်ရင်ညို ဖန်တီးဖို့ ပြင်ဆင်နေတဲ့ ဘိုနူချီ ဇာတ်ညွှန်း

မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ မော်ရင်ညိုကတော့ လာမယ့်ရာသီမှာအသင်းရဲ့ နောက်တန်းနဲ့ ကွင်းလယ်ကို အဓိကထားပြင်ဆင်ဖို့ စီစဉ်နေခဲ့တာကို သိရှိခဲ့ပြီးဖြစ်မယ်လို့ထင်ပါတယ်။လက်ရှိမော်ရင်ညို ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေတဲ့ ကစားသမားကတော့ ဂျူဗင်တပ်အသင်းကနေ အေစီမီလန်အသင်းကို ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွှေ့ခဲ့တဲ့ နောက်ခံကစားသမား ဘိုနူချီပဲဖြစ်ပါတယ်။

အီတလီဆိုတာ တကယ့်ကို ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတွေကို မွေးထုတ်ပေးနေတဲ့နေရာပါ။လက်ရှိ အီတလီရဲ့ အကောင်းဆုံး နောက်ခံကစားတွေထဲမှာ ဘိုနူချီပါဝင်နေတယ်ဆိုတာ ငြင်းလို့မရသလို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။နိုင်ငံအသင်းနဲ့ ကလပ်အသင်းအတွက် စုစုပေါင်းပွဲအရေအတွက် (၅၅၀) လောက်ကို ကစားထားခဲ့တဲ့ ဘိုနူချီဟာ ဆုဖလားများစွာရဲ့ ပိုင်ရှင်တစ်ဦးဖြစ်သလို အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်တာကြောင့် အေစီမီလန်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင် (၃၇.၅) သန်းပေးချေပြီး (၅)နှစ်စာချုပ်နဲ့ အသင်းထံခေါ်ယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း နောက်ခံကစားတွေက ရာသီတိုင်းမှာ တစ်ဦးမဟုတ် တစ်ဦးဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် မော်ရင်ညို စိတ်ကြိုက်ခံစစ်တွဲကို ဖန်တီးနိုင်ခြင်းမရှိသေးပါဘူး။အသင်းမှာ အသစ်ခေါ်ယူထားခဲ့တဲ့ လင်ဒီလောဖ် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေခဲ့ရချိန်မှာ ရိုဂျို ၊ ဘိုင်လီ နဲ့ ဖီးလ်ဂျုံးတို့က ဒဏ်ရာတွေနဲ့ အနားယူနေခဲ့ရပါတယ်။ဒါေ့ကြာင့်မော်ရင်ညို အနေနဲ့ လာမယ့်နွေရာသီမှာ အတွေ့အကြုံရင့် နောက်ခံကစားသမားတစ်ဦးကို ရှာဖွေနေခဲ့တာဖြစ်ပြီး ဘိုနူချီနဲ့ ပတ်သက်တဲ့ သတင်းတွေပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ကစားသမားကို ခေါ်ယူချင်ရင် ပေါင် (၄၅) သန်းရမှ ရောင်းချမယ်လို့ ကြေငြာထားခဲ့ အေစီမီလန်အသင်းရဲ့ အလိုရှိနေတဲ့ ပမာဏဟာ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ချက်ခြင်းခေါ်ယူနိုင်တဲ့ ပမာဏဖြစ်လို့ ဒီအပြောင်းအရွှေ့က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

ဒါ့ကြောင့် ဘိုနူချီအသင်းကို ရောက်ရှိလာဖို့ကတော့ (၅၀) ရာခိုင်နှုန်းလောကို သေချာနေတယ်လို့ ဆိုရမယ့်အခြေအနေမှာ ရှိနေပါတယ်။ အဲရစ်ဘိုင်လီ နဲ့ တွဲဖက်ကစားဖို့ အတွေ့အကြုံရင့် နောက်ခံကစားသမားလိုအပ်နေတဲ့ မော်ရင်ညိုအတွက် ဘိုနူချီက အဆင်အပြေဆုံးပါ။အေစီမီလန်အသင်းအနေနဲ့ အသင်းကို ကစားသမားသစ်ခေါ်ယူဖို့ဆိုရင် အသင်းမှာရှိနေတဲ့ ကစားသမားတွေကို ထုတ်ရောင်းဖို့ လိုအပ်နေခဲ့တာကြောင့် ဘိုနှုချီဇာတ်ညွှန်းကို မော်ရင်ညိုဘယ်လိုဆက်ရေးမလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

မှတ်ချက်များ။