ပြသခဲ့တဲ့ခြေစွမ်းထက် ပိုများနေတဲ့ လစာငွေကို ပိုင်ဆိုင်ထားသူများ

Yan Yan

လက်ရှိဘောလုံးလောကမှာ ကစားသမားတစ်ဦးကိုခေါ်ယူခွင့်ရရှိဖို့တွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ လစာငွေတွေကို အသုံးပြုနေခဲ့ရတာကို မြင်တွေ့နေခဲ့ရပြီး လစာနဲ့ထိုက်တန်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတွေရှိနေခဲ့ပေမယ့် အသင်းအတွက် အကျိုးပြုနိုင်မှု နဲ့ လစာငွေပိုင်း မမျှတတဲ့ကစားသမားတွေလည်း ရှိနေပါတယ်။

ဒီလူစာရင်းမှာ ဘာစီလိုနာအသင်းက ခေါ်ယူထားခဲ့တဲ့ ဒမ်ဘီလီဆိုရင် တစ်ပတ်လုပ်ခ ပေါင်(၂၂၀ ၀၀၀) ၊ မန်စီးတီးအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၂၂၀ ၀၀၀) ရရှိနေတဲ့ ယာယာတိုရေး ၊ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခုပေါင် (၃၅၀ ၀၀၀) ရရှိနေခဲ့တဲ့ ဆန်းချက်တို့ကိုလည်း တကယ်ဆိုရင် ထည့်သွင်းဖော်ပြရမှာပါ။ ဒါပေမယ့် ထိပ်ဆုံး (၃) ဦးကိုပဲဖော်ပြဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူတို့ကိုချန်လှပ်ခဲ့ရတာပါ။

ဒီစာရင်းမှာ ပါဝင်တဲ့ကစားသမားတိုင်းက ထိပ်တန်းကစားသမားတွေဖြစ်ပြီး ဒီလိုရေးသားဖော်ပြရတာကို သူတို့မကောင်းလို့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ တကယ်လည်း ကောင်းခဲ့ပါတယ်။ ကောင်းလည်းကောင်းနေဆဲ ကစားသမားတွေပါ။ဒါပေမယ့် လက်ရှိရရှိနေတဲ့ လစာနဲ့ လက်ရှိခြေစွမ်းပိုင်းအပေါ်မှာပဲ အခုလိုသုံးသပ်ဖော်ပြပေးချင်တာပါ။

ဂါရတ်ဘေးလ် – တစ်ပတ်လုပ်ခ ပေါင် (၃၅၀ ၀၀၀)

ကမ္ဘာ့ထိပ်တန်းအပြောင်းအရွှေ့ (၁၀) ဦးထဲမှာ ပါဝင်နေခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ရီးရဲလ်အသင်းကို စတင်ရောက်ရှိချိန်မှာ အသင်းရဲ့အဓိက ကစားသမားဖြစ် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဒဏ်ရာပြဿနာတွေက ဘေးလ်ကို ဒုက္ခကောင်းကောင်းပေးခဲ့ပြီး ပွဲထွက်ခွင့်ပျောက်ဆုံးခဲ့ရသလို အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့လည်း ဘေးလ်ရင်ဆိုင်ခဲ့ရပါတယ်။ဒါ့အပြင်အသင်းကနေထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အထိ ကောလဟာလတွေလည်း များစွာထွက်ပေါ်ခဲ့ပါတယ်။ဘေးလ်ထက်ရီးရဲလ်အသင်းမှာ လစာပိုမိုမြင့်မားတာဆိုလို့ ရိုနယ်ဒိုတစ်ဦးတည်းသာရှိပြီး ရိုနယ်ဒိုက ဒီရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါသွင်းဂိုး (၂၅) ဂိုးရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ (၁၅) ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ဘေးလ်ကတော့ အသင်းအတွက် (၁၅) ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ် သွင်းဂိုး (၁) ဂိုးရယူထားနိုင်ခဲ့ပါတယ်။တကယ်တမ်းပြောရရင် ဘေးလ်ဒီရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းနဲ့ ရီးရဲလ်အသင်းကို စတင်ရောက်ရှိတည်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြား အချိုးချလိုက်ရင် ဒီလဟာပမာဏဆိုတာ များပြားနေခဲ့တယ်လို့ ထင်ရပါတယ်။

ပယ်လီ – တစ်ပတ်လုပ်ခ ပေါင် (၂၉၀ ၀၀၀)

ဆောက်သမ်တန်အသင်းနဲ့အတူ ခြေစွမ်းြ်ပသနိုင်ခဲ့တဲ့ ပယ်လီကတော့ တရုတ်လိဂ်ပြိုင်ပွဲကို ပြောင်းရွှေ့ခဲ့တာဟာ ငွေကြေးတစ်ခုတည်းကြောင့်ဆိုပြီး ဝေဖန်ခံခဲ့၇တဲ့ ကစားသမားပါ။ဒီလိုပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ပယ်လီအသင်းအတွက် ပွဲပေါင်း (၁၀) ပွဲသာ ဒီရာသီမှာ ကစားခွင့်ရရှိခဲ့ပြီး သွင်းဂိုး (၂) ဂိုးသာသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါ့ကြောင့် ပယ်လီအသင်းကို ရောက်ရှိခဲ့ချိန်တည်းက ပြသခဲ့တဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီးအသင်းရဲ့ အပြောင်းအရွှေ့ပေါ်လစီကို ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ဒါ့ကြောင့် ပယ်လီကို ပေးချေနေခဲ့ရတဲ့ မြင့်မားတဲ့လစာငွေနဲ့ ပတ်သက်ပြီး ပြန်လည်ရရှိစေဖို့ အသင်းက ပယ်လီကို ပြန်လည်ရောင်းချသွားဖို့အတွက် ပြင်ဆင်နေပြီး ပယ်လီနဲ့ ပတ်သက်တဲ့ ကမ်းလှမ်းမှုတွေကိုစောင့်မျှော်နေတယ်လို့ ဆိုခဲ့တာကြောင့် ပယ်လီကို ဒီထက်နည်းပါးတဲ့ လစာငွေတစ်ရပ်နဲ့ ဥရောပမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။

အော်စကာ – တစ်ပတ်လုပ်ခ ပေါင် (၄၀၀ ၀၀၀)

ဒီလစာငွေနဲ့ ပတ်သက်ပြီး အချက်အလက်ကျကျရှင်းပြဖို့ကို တော်တော်စဉ်းစားရပါတယ်။အော်စကာ ချဲလ်ဆီးအသင်းကနေ တရူတ်စူပါလိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အဖြေကို ဘယ်သူမှမထုတ်နိုင်ပေမယ့် လစာငွေကြောင့်ဆိုတာကိုတော့ အားလုံးကလက်ခံခဲ့ပါတယ်။တရုတ်လိဂ်ပြိုင်ပွဲဟာ ငွေကြေးများစွာ ရင်းနှီးမြုပ်နှံပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူတက်တာနဲ့အညီ အော်စကာကိုခေါ်ယူခဲ့တဲ့ ရှင်ဟိုင်း SIPG အသင်းကလည်း တစ်ပတ်လုပ်ခလစာ ပေါင် (၄၀၀ ၀၀၀) ပေးချေခဲ့ပါတယ်။အော်စကာဆိုတာ ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဆိုတာကို လက်ခံနိုင်ပေမယ့် တစ်ပတ်လုပ်ခလစာ (၄) သိန်းဆိုတာက ရိုနယ်ဒို ၊ ဂရစ်ဇ်မန်းတို့ ရရှိတဲ့လစာထက်ကို များပြားနေတဲ့ ပမာဏဖြစ်နေတာက ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ အော်စကာကို ရပ်တည်စေခဲ့တာဖြစ်ပါတယ်။

မှတ်ချက်များ။