ပရီးမီးယားလိဂ် ရာသီသစ်မှာ ပရိသတ်တွေ စောင့်မျှော်နေခဲ့တဲ့ ကစားသမား (၁၀) ဦး

Yan Yan

လာမယ့် (၂၀၁၈-၁၉) ပရီးမီးယားလိဂ်ရာသီသစ်မှာ ပရိသတ်တွေ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက်ရှိလာဖို့ မျှော်လင့်နေတဲ့ ကစားသမား (၁၀) ဦးကိုဖော်ပြပေးချင်ပါတယ်။

၁၀- ဖရက် (ရှက်တာဒိုးနက်)

ယခုနှစ်ရာသီကန်မှာ ရှက်တာဒိုးနက်အသင်းကနေ ထွက်ခွာတော့မယ့် ဖရက်ကိုတော့ မန်ချက်စတာ မြို့ခံအသင်း (၂) သင်းလုံးက ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ရှက်တာဒိုးနက်အသင်းမှာ (၅) နှစ်ကြာဖြတ်သန်းခဲ့တဲ့ ဖရက်ဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းပိုင်းက ပိုမိုထက်မြက်လာခဲ့ပြီး ဥရောပ အသင်းကြီးတွေကို ဆွဲဆောင်ထားနိုင်ခဲ့သလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အသင်းအတွက် ခြေစွမ်ြး်ပသနိုင်ခဲ့သူဖြစ်ပါတယ်။ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဖရက်ဟာ ကွင်းလယ်တိုက်စစ်ပိုင်းတော့ ခံစစ်ပိုင်းကိုပါ အကောင်းဆုံးကစားနိုင်တဲ့သူတစ်ဦးဖြစ်လို့ ဘောလုံးကို အကောင်းဆုံး သယ်ဆောင်နိုင်သူဖြစ်ပြီး ထိရောက်တဲ့ ပေးပို့မှုတွေကိုလည်း ပြုလုပ်နိုင်သူဖြစ်ပါတယ်။မန်စီးတီးအသင်းကလည်း အသင်းမှာ ကာလရှည်ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဖာနန်ဒင်ညိုရဲ့ နေရာမှာ ဖရက်ကိုအစားထိုးဖို့ ပြင်ဆင်နေဖွယ်ရှိနေပါတယ်။

၉-ကီရန် တီရာနေး (ဆဲလ်တစ်)

Thank you to the fans and everyone at Celtic 🍀💚

A post shared by Kieran Tierney (@kierantierney) on

စကော့တလန် နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ အန်ဒရူးရော်ဘင်ဆင်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး နည်းပြ ဂျာဂင်ကလော့ရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပါတယ်။ဒါ့ကြောင့် အင်္ဂလန်ကလပ်အသင်းတွေရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ တီရာနေးအနေနဲ့ ရော်ဘင်ဆင်ရဲ့ ခြေရာကို နင်းနိုင်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။လူကပ်ကစားပုံကောင်းမွန်မှုနဲ့အတူ ပြိုင်ဘက်အသင်း တောင်ပံကစားသမားတွေကို ရပ်တံ့ဖို့ကြိုးစားရမှာ ခန္တာကိုယ်ကြံ့ခိုင်မှုပိုင်းကလည်းအကောင်းဆုံးမှာ ရှိနေခဲ့တဲ့ အသင်းရဲ့ တိုက်စစ်ကိုလည်း လိုက်ပါနိုင်သလို တိုက်စစ်မှူးတွေနဲ့ ချိတ်ဆက်ပြီး အသင်းရဲ့တိုက်စစ်ကို အကျိုးပြုနိုင်သူဖြစ်ပါတယ်။

၈-အီမေးလ် ဖော့စ်ဘတ် (အာဘီလိုပ်ဇစ်)

လိုပ်ဇစ်အသင်းရဲ့ အဓိကကျတဲ့သူတွေလို့ဆိုရမယ့် ကွင်းလယ်ကစားသမား နာဘီကီတာ နဲ့ အသင်းနည်းပြ ဟာဆန်ဟတ်တဲလ်တို့ အသင်းကနေထွက်ခွာသွားခဲ့တာက လာမယ့်ရာသီမှာ ကွဲပြားခြားနားတဲ့ လိုပ်ဇစ်အသင်းကို မြင်တွေ့ရဖို့ရှိနေပါတယ်။ဒါ့အပြင်အသင်းအနေနဲ့ ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာလည်း ဆုံးရှုံးထားခဲ့တာကြောင့် ဖော့စ်ဘတ်ကိုပါ လာမယ့်ရာသီမှာ လက်လွှတ်ရဖို့ရှိနေပါတယ်။ဒီရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းအတွက်ပွဲစဉ် (၁၅) ပွဲသာကစားခွင့်ရရှိထားခဲ့တဲ့ ဖော့စ်ဘတ်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ဂိုးဖန်တီးမှု (၁၉) ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ကွင်းလယ်နဲ့ တောင်ပံ (၂) နေရာလုံးကစားနိုင်တဲ့ ဖော့စ်ဘတ်ဟာ နေရာလွတ်ရှာဖွေရာမှာ ထူးချွန်သူဖြစ်ပြီး အသင်းဘောလုံး ဆုံးရှုံးနေချိန်မှာလည်း ဖိအားပေး လိုက်လံကစားတက်သူဖြစ်ပါတယ်။

၇-မက်သီးရက်စ် ဒီလစ် (အေဂျက်)

Black & Gold 💪🏼 ❌❌❌ #HereToCreate #createdwithadidas

A post shared by Matthijs de Ligt (@mdeligt_) on

ဒီလစ်ဆိုတာကတော့ ဒီရာသီမှာ စပါးအသင်းနောက်ခံလူ အယ်ဒါဝီရယ်ရဲ့ နေရာမှာအစားထိုးနိုင်ဖို့အတွက် အဓိက စောင့်ကြည့်နေခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။အသက် (၁၈) နှစ်အရွယ်ကစားသမားတစ်ဦးအနေနဲ့ အသင်းရဲ့ပွဲစဉ်တွေကို (၆၀) ရာခိုင်နှုန်းကျော် ကစားခွင့်ရရှိထားခဲ့တယ်ဆိုတာက ချီးကျူးရမယ့် အခြေအနေတစ်ခုဖြစ်ပေမယ့် ပါဝင်ပတ်သက်မှုတွေကလည်း ချီးကျူးရမယ့် အခြေအနေတစ်ခုပါ။အသင်းနဲ့ စတင်ပွဲထွက်ကစားခဲ့တဲ့အချိန် (၂၀၁၇) ခုနှစ်တွင်းမှာ ပွဲစဉ် (၂) ပွဲသာပွဲထွက်ခွင့်ရရှိထားခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီအိပ်မက်ဆိုးတွေကို ချေဖြတ်နိုင်ခဲ့ပြီး နည်းပြစိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။နောက်တန်းမှာ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ရှင်းထုတ်နိုင်တဲ့ ဒီလစ်ဟာ ကွင်းလယ်မှာလည်း ကစားနိုင်သူဖြစ်ပြီး ပွဲအပေါ်လည်း အကောင်းဆုံး သုံးသပ်နိုင်သူဖြစ်လို့ စပါးအသင်းက အဓိက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

၆-အန်ဒရီယာ ဘယ်လော့တီ (တိုရီနို)

ပြီးခဲ့တဲ့ နွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းကော ချဲလ်ဆီးအသင်းပါ ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးတဲ့ ကစားသမားက ဘယ်လော့တီပါ။ဒါပေမယ့် ငွေကြေးကြောင့် တိုရီနိုအသင်းကနေပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တဲ့ တိုက်စစ်မှူးဟာ အသင်းအတွက် ကစားခဲ့တဲ့ ပွဲစဉ် (၂၆) ပွဲမှာ (၁၀) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပြီး လာမယ့်ရာသီမှာတော့ နေရာသစ်မှာ ကစားခွင့်ရရှိမယ့် အခွင့်အရေးတွေက စောင့်ကြိုနေပါတယ်။အီတလီအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဗီယာရီနဲ့ ခိုင်းနှိုင်းခြင်းခံခဲ့ရတဲ့ ဘယ်လော့တီဟာ ခေါင်းတိုကဘောတွေမှာလည်း ထူးချွန်သူဖြစ်ပြီး အသင်းဖော်တွေနဲ့လည်း အကောင်းဆုံး ချိတ်ဆက်နိုင်သူဖြစ်ပါတယ်။သူရဲ့ပြောင်းရွှေ့ကြေးက မြင့်မားနိုင်ပေမယ့် ပရီးမီးယားလိဂ် အသင်းနည်းပြတွေနဲ့ အသင်းပိုင်ရှင်တွေအကြိုက် ကစားသမားဖြစ်ပါတယ်။

၅-ဂျော်ဂျင်ဟို (နာပိုလီ)

⚽️⚽️💪🏻🤙🏻

A post shared by Jorginho Frello (@jorginhofrello) on

နာပိုလီအသင်းရဲ့ ကွင်းလယ်မောင်းနှင်အားဖြစ်တဲ့ ဂျော်ဂျင်ဟိုကတော့ ဒီရာသီမစတင်ခင်မှာအသင်းကို နှုတ်ဆက်ဖို့ ရာခိုင်နှုန်းများနေခဲ့တဲ့ ကစားသမားပါ။ကွင်းလယ်ကနော ဘောလုံးအကောင်းဆုံး သယ်ဆောင်နိုင်သူဖြစ်ပြီး တိုက်စစ်လမ်းကြောင်းကို စတင်နိုင်သူတစ်ဦးပါ။ပေးပို့မှု (၈၉.၄) ရာခိုင်နှုန်းလောက် ပြီးခဲ့တဲ့ရာသီမှာအောင်မြင်ထားခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ ဘောလုံးကိုလည်း အေးဆေးတည်ငြိမ်စွာ ကစားကွက်ဖန်တီးပေးနိုင်သူဖြစ်ပြီး နည်းပြဆာရီ ရဲ့ ကစားကွက်မှာအဓိက ကျဆဲ့သူဖြစ်ပြီး သူသာထွက်ခွာခဲ့မယ်ဆိုရင် အသင်းရဲ့ ကစားကွက် ပျက်စီးသွားနိုင်ပါတယ်။

၎-ဂျင်းဆီရီ (နိုက်စ်)

⚽️ 🔜 🕑 😀 🙏🏾

A post shared by Michael Seri (@mika_seri6) on

ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့ကာလဟာ ဆီရီအတွက်တော့ နာကျင်စရာဖြစ်ခဲ့ပါတယ်။ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းမှုကို ခံခဲ့ရပေမယ့် နောက်ဆုံးမိနစ်မှ ပြောင်းရွှေ့ကြေးကိစ္စအဆင်မပြေမှုတွေကြောင့် အသင်းပြောင်းရွှေ့ခွင့် အိပ်မက်ပြီးဆုံးခဲ့ရပါတယ်။” နိုက်စ်အသင်းက သူတို့အသင်းရဲ့ ကတိကိုမတည်နိုင်တဲ့အတွက် တကယ်ကိုနာကျင်ရပါတယ်” လို့ ဆီရီက ပြောကြားခဲ့ပါတယ်။အသင်းအတွက် ပွဲစဉ် (၁) ပွဲကိုကစားဖို့ ဆီရီငြင်းပယ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ပွဲစဉ် (၄၀) အသင်းနဲ့ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။တိုက်စစ်မှူးတွေရဲ့နောက်မှာဘောလုံးကို အကောင်းဆုံး သယ်ဆောင်နိုင်သူဖြစ်ပြီး box to box ကစားရာမှာထူးချွန်သူပါ။ဒီအတွက် မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းက အဓိက ချိတ်ဆက်နေတဲ့သူတစ်ဦးပါ။

၃-မီလင်ကိုဗစ် ဆာဗစ် (လာဇီယို)

စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဆာဗစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပြီးခဲ့တဲ့တစ်ရာသီလုံးခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။အရပ် (၆) ပေ (၄) လက်မရှိတဲ့ ဆာဗစ်ဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား ဖယ်လိုင်နီနဲ့ တူညီတဲ့အရပ်အမောင်းကို ပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး ပေါ့ဘာနဲ့ ကစားပုံဆင်တူတယ်လို့ သက်မှတ်ခြင်းခံထားရသူပါ။ဒီရာသီမှာ သွင်းဂိုး (၁၂) ဂိုးသွင်းယူပြီး (၃) ကြိမ်ဂိုးဖန်တီးထားနိုင်သူပါ။အသင်းကို ချန်ပီယံလိဂ် ၀င်ခွင့်အတွက်အခြေအနေကောင်း ပိုင်ဆိုင်ထားစေခဲ့တဲ့ ဆာဗစ်ဟာ သွင်းဂိုးတွေကို အကွက်မြင်မြင် ဖန်တီးပေးတက်သူဖြစ်ပြီး အင်္ဂလန်ဘောလုံးကစားဟန်နဲ့ အသားကျမယ့်သူတစ်ဦးပါ။

၂-လိုရန်ဇို (ပီအက်စ်ဗီ)

Good team 💪🏻👍🏻🚀#hirvinglozano

A post shared by Ro Loz (@hirvinglozano) on

မက္ကဆီကိုအသင်းကို ကမ္ဘာ့ဖလားပြိင်ပွဲထံ ဖိအားတွေအောက်က ပို့ဆောင်ပေးထားနိုင်ခဲ့လိုရန်ဇို ဒီနွေရာသီမှာအသင်းကနေ ထွက်ခွာဖို့ရှိနေပါတယ်။အသင်းမှာ တစ်ရာသီသာ ကစားထားခဲ့ပြီး အသင်းကနေ အလျင်စလိုထွက်ခွာဖို့ စဉ်းစားခဲ့တယ်လို့ ပြောရမလိုဖြစ်ပေမယ့် အသင်းအတွက်တော့ ပြီးခဲ့တဲ့ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသထားနိုင်သူပါ။အသင်းအတွက် ပွဲစဉ် (၂၉) ပွဲပွထြွက်ကစားခဲ့တဲ့ လိုရန်ဇိုဟာ ဘယ်နောက်ခံကစားသမားနေရာကောကွင်းလယ်မှာပါ ကစားနိုင်သူဖြစ်ပြီး အသင်းရဲ့တောင်ပံခံစစ်နေရာကို အကောင်းဆုံး ထောက်ပံ့နိုင်သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပတဲ့အနာဂါတ်ကို ပိုင်ဆိုင်နိုင်မယ့်သူပါ။

၁-လီယွန် ဘိုင်လီ (လေဗာကူဆင်)

ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ လေဗာကူဆင်အသင်းရလဒ်ကောင်း ရယူနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့ရတဲ့အဖြစ်ကတော့ စိတ်မကောင်းစရာရလဒ်လို့ ဆိုရပါမယ်။အဆိုးထဲကအကောင်းကတော့ ဘိုင်လီခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ (၉) ကြိမ်ဂိုးဖန်တီးပြီး (၆) ကြိမ်ဂိုးဖန်တီးထားခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါကို ပြန်လည်ရောက်ရှိခဲ့တဲ့ ဘိုင်လီကတော့ တစ်ဦးချင်းဖြတ်ကျော်မှု စွမ်းဆောင်ရည်တွေမှာ ထူးချွန်သူဖြစ်ပြီး မြန်နှုန်းမြင့်ကစားသမားတစ်ဦးမဟုတ်ပေမယ့် ပြိုင်ဘက်တွေကို အကောင်းဆုံး လှည့်ဖြားနိုင်သူဖြစ်ပါတယ်။တောင်ပံ (၂) ဖက်လုံးမှာ ကစားနိုင်တဲ့ကစားသမားတစ်ဦးဖြစ်တဲ့ ဘိုင်လီဟာ ပရီးမီးယားလိဂ် စိတ်ကြိုက်ကစားသမားတွေထဲက တစ်ဦးလို့ဆိုရပါမယ်။

မှတ်ချက်များ။