ရှမ်းယူနိုက်တက်အသင်း MNL အမှတ်ပေးချန်ပီယံ ဗိုလ်စွဲ

မြန်မာချယ်ရီ

ယနေ့ နေ့လယ် ၃ နာရီက စတင်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်း ပွဲစဉ်မှာ ရှမ်းယူနိုက်တက်အသင်း အနေနဲ့  ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အမှတ်ပေးချန်ပီယံဖလားကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကိုတော့ ဇင်မင်းထွန်း က တစ်ဂိုး၊ စိုးမင်းဦး က နှစ်ဂိုးနဲ့ ခရစ်စတိုဖာ က တစ်ဂိုး သွင်းယူခဲ့တာဖြစ်ပါတယ်။

ရှမ်းယူနိုက်တက်အသင်းအနေနဲ့ အမှတ်ပေးချန်ပီယံဖလားကို ရမှတ် စုစုပေါင်း (၅၄) မှတ်နဲ့ ဗိုလ်စွဲခဲ့တာဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် စတင်ပြီးကတည်းက အမှတ်ပေးဖလားကို ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းအနေနဲ့ ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ချင်းယူနိုက်တက်အသင်းပွဲစဉ်မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက ခုနှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။

မှတ်ချက်များ။