မြန်မာအသင်းအနေနဲ့ အာရှဖလားခြေစစ်ပွဲမတိုင်ခင် ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းမည်

မြန်မာချယ်ရီ

၂၀၁၉ ခုနှစ် အာရှဖလား ခြေစစ်ပွဲအတွက် အိန္ဒိယအသင်းနဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့အတွက် မြန်မာအသင်းနည်းပြ ဂတ်ဆီဇီဟာ သူရဲ့ ကစားသမား (၂၃) ယောက်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အခုလက်ရှိမှာ မြန်မာအသင်းအနေနဲ့ အုပ်စု (က) ရဲ့ တတိယနေရာမှာ ရှိနေတာဖြစ်ပါတယ်။

အိန္ဒိယအသင်းအတွက် ခြေစစ်ပွဲအောင်ဖို့ သေချာနေပေမယ့် မြန်မာအသင်းနဲ့ ကာဂျစ်စတန်အသင်းဟာ အုပ်စုရဲ့ ဒုတိယနေရာကို လုရမယ့်အသင်းဖြစ်ပါတယ်။ မကာအိုအသင်းကတော့ (၄) ပွဲကစားပြီး ရမှတ် သုညနဲ့ ဇယားရဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။

မြန်မာအသင်းအတွက် လာမယ့် နိုဝင်ဘာလ (၁၄) ရက်နေ့ Fatorda ကွင်းမှာ အိန္ဒိယကို အနိုင်ရရှိခဲ့မယ်ဆိုရင် ခြေစစ်ပွဲအတွက် မျှော်လင့်ချက်ဖြစ်စေပါတယ်။

အိန္ဒိယအသင်းနဲ့ မယှဉ်ပြိုင်ခင် (၅) ရက်အလိုမှာ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့ပါတယ်။

မြန်မာအသင်းဟာ ကမ္ဘောဒီးယားနိုင်ငံကို အင်္ဂါနေ့ညက ထွက်ခွာခဲ့ပြီး နိုဝင်ဘာလ (၉ ) ရက်နေ့ ဖနွမ်းပင်မြို့ရှိ အိုလံပစ်ကွင်းမှာ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။

အာရှဖလားအတွက် အားလုံးမျှော်လင့်ထားသလိုပဲ နည်းပြ ဂတ်ဆီဇီအနေနဲ့ အောင်သူ၊ ကျော်ကိုကို၊ ရန်အောင်ကျော်စတဲ့ အဓိကကစားသမားတွေပါဝင်တဲ့ ကစားသမား (၂၃) ယောက်စာရင်းကို ထုတ်ပြန်ခဲ့တာယ်။

ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမား (၉ ) ယောက် ပါဝင်ခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ချန်ပီယံအသစ် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား (၇) ယောက် ပါဝင်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ အာရှဖလားပြိုင်ပွဲမှာ ဒုတိယဆုကို ၁၉ ၆၈ ခုနှစ်က နောက်ဆုံးရရှိထားခဲ့တာဖြစ်ပါတယ်။

ဂိုးသမား – သီဟစည်သူ (ရှမ်းယူနိုက်တက်) ၊ ကျော်ဇင်ထက် ၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)
နောက်တန်း – ဇော်မင်းထွန်း၊ ဒေးဗစ်ထန်း၊ သီဟထက်အောင် (ရန်ကုန်ယူနိုက်တက်) ၊ သိန်းသန်းဝင်း (ရတနာပုံ) ၊ ၀င်းမင်းထွဋ်၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ (ရှမ်းယူနိုက်တက်) ၊ ကျော်ဇင်လွင် (မကွေး)
အလယ်တန်း – စည်သူအောင် ၊ လှိုင်းဘိုဘို (ရတနာပုံ) ၊ မောင်မောင်လွင် (ဟံသာဝတီယူနိုက်တက်) ၊ ရန်နိုင်ဦး၊ တင်ဝင်ေးအာင်၊ ဇင်မင်းထွန်း (ရှမ်းယူနိုက်တက်) ၊ ရန်အောင်ကျော် ၊ ကြည်လင်း (ရန်ကုန်ယူနိုက်တက်)

ရှေ့တန်း – အောင်သူ ၊ သက်နိုင် (ရတနာပုံ) ၊ သန်းပိုင်၊ ကျော်ကိုကို (ရန်ကုန်ယူနိုက်တက်)

မှတ်ချက်များ။