နည်းပြချုပ် ဂတ်ဆီဇီ အိန္ဒိယအသင်း အကြောင်းပြောကြား

Thet Htet Lin

မြန်မာ့လက်ရွေးစင် အသင်းဟာ အာရှဖလားခြေစစ်ပွဲအတွက် အိန္ဒိယနိုင်ငံ ဂိုအာမြို့ကို နိုဝင်ဘာလ(၁၁)ရက်နေ့ကတည်းက ရောက်ရှိလေ့ကျင့်လျက်ရှိပါတယ်။

ြ မန်မာအသင်းနဲ့ အိန္ဒိယအသင်းတို့ယှဉ်ပြိုင်ကစားမယ့် 2019 အာရှခြေစစ်ပွဲမတိုင်ခင် နည်းပြချုပ် ဂတ်ဆီဇီ က ပြောကြားခဲ့ရာမှာ -” အိန္ဒိယအသင်းက ခံစစ်အား အရမ်းကောင်းမွန်ပြီး ကျွန်တော်တို့ တော်တော် လေးကိုထိုးဖောက်ကစားရပါမယ်။ သူတို့ရဲ့အောင်မြင်မှုကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် မနက်ဖြန်ပွဲစဉ်မှာတော့ ကျတော်တို့ အကောင်းဆုံးရလဒ်တစ်ခုရရှိအောင် ကြိုးစားကစားပါမယ်။ ကျွန်တော်တို့ အနိုင်(၃)မှတ်အတွက် ဂိုအာ ကို လာခဲ့တာပါ “ လို့ဆိုပါတယ်။

မှတ်ချက်များ။