တစ်ဖက်(၂)ဂိုးစီသရေရလဒ်နဲ့အဆုံးသတ်ခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရန်ကုန်ယူနိုက် တက်အသင်းတို့ရဲ့ပွဲစဉ်

Thet Htet Lin

MPT Myanmar National League ပြိုင်ပွဲရဲ့ ပွဲစဉ် (၄)အဖြစ် ယနေ့ ညနေ(၃)နာရီခွဲက ပုသိမ်မြို့ ကျောက်တိုင်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရန်ကုန် ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက်(၂)ဂိုးစီသရေကျခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ပိုင်းမှာဦးဆောင်ဖို့ရည်ရွယ်ထားတဲ့ အသင်းဖြစ်သလို ဧရာဝတီယူနိုက်တက်အသင်းကလည်း ယခုဘောလုံးရာသီရဲ့ပထမဆုံး အနိုင်(၃)မှတ်ရှာဖွေဖို့ ရည်မှန်းတဲ့အသင်းဖြစ်လို့ (၂)သင်းလုံး အဓိက ကစားသမားတွေကို အသုံးပြုကာ ပွဲထွက်ကစားခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ ရန်ကုန်ယူနိုက်တက်အသင်းမှ ဒေးဗစ်ထန်းရဲ့ ဂိုးရဖို့ကြိုးစားအားထုတ်မှုကို ဧရာဝတီယူနိုက်
တက်နောက်တန်းကစားသမားတွေဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘောနဲ့ ကျေနပ်ခဲ့ရပါတယ်။ ပွဲအစပထမပိုင်းမိနစ်တွေမှာရန်ကုန်ယူနိုက်တက်အသင်းဟာ ဂိုးသွင်း ခွင့် မကြာခဏရရှိခဲ့ပါတယ်။

ပွဲကစားချိန်(၁၅)မိနစ်မှာပဲ အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းကအဖွင့်ဂိုးရရှိခဲ့ပါတယ်။ ကတ်ဆီယိုရဲ့ အနိမ့်ဘောဖရီးကစ်ကန်သွင်းမှုကို အောင်ဟိန်းကျော်က ပိတ်သွင်းပြီး ဧရာဝတီ ယူနိုက်တက်အသင်းအတွက်အဖွင့်ဂိုးရယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း (၃)မိနစ် အကြာမှာပဲ ရန်ကုန်ယူနိုက်တက်အသင်းက ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဘယ်တောင်ပံ ကြောမှ ယာမာဆာကီရဲ့ ဖန်တီးပေးမှုကို ဆေလာက အဆုံးသတ်ပြီး ချေပဂိုးရယူခဲ့တာဖြစ်ပါ တယ်။

အဲဒီနောက်မှာတော့ (၂)သင်းလုံးအပြန်အလှန်ဂိုးသွင်းခွင့်တွေနဲ့ ပွဲဟာကြည့်ကောင်းခဲ့ပါ တယ်။ ပွဲကစားချိန် မိနစ် (၄၀)မှာ မောင်မောင်လွင်ရဲ့ဖရီးကစ်ကန်သွင်းမှုကို ဧရာဝတီယူနိုက် တက်အသင်းမှ ဖျက်ထုတ်ခဲ့ရာမှာ ဂိုးထဲဝင်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်းမှာရန်ကုန်ယူနိုက်တက်အသင်းက (၂)ဂိုး (၁)ဂိုး နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စမှာတော့ ဧရာဝတီယူနိုက်တက်အသင်းဟာ ချေပဂိုးရရှိဖို့ကြိုးစားရင်း ပွဲကစား ချိန် (၅၈)မိနစ်မှာ ချေပဂိုးရရှိခဲ့ပါတယ်။ ဘယ်တောင်ပံဘက်ခြမ်းမှ ရန်ပိုင်စိုးရဲ့ဖန်တီးမှုမှတစ် ဆင့် မင်းမင်းသူက ကတ်ဆီယိုဆီ ထပ်မံပြန်လည်ပေးပို့ခဲ့ပြီး ကတ်ဆီယို ကပိတ်သွင်းကာ ချေပဂိုးရယူခဲ့တာဖြစ်ပါတယ်။

တစ်ဖက်(၂)ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့အချိန်မှာ (၂)သင်းလုံးရဲ့ ကစားပုံအရှိန်ဟာ မြင့်တက်ခဲ့ပြီးဂိုးရဖို့ အကြိမ်ကြိမ် ထိုးဖောက်ခဲ့ကြပါတယ်။ ဂိုးသွင်းခွင့်တွေ အကြိမ် ကြိမ် ရရှိခဲ့ ပေမယ့်လည်း ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ပါဘူး။ လက်ကျန်ပွဲချိန်တွေမှာ (၂)သင်းလုံး ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်မှာ တစ်ဖက် (၂)ဂိုးစီသရေရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ ပါတယ်။

စနေနေ့ရဲ့ ပွဲစဉ် (၄)အခြားပွဲစဉ်တွေမှာတော့ စစ်ကိုင်းယူနိုက်တက်အသင်းက ဂျီအက်ဖ်အေ အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ၊ ရခိုင်ယူနိုက်တက်အသင်းကလည်း ဇွဲကပင်ယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မှတ်ချက်များ။