အသင်းဖော်တွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့တဲ့ဒီရော့ဆီ

Thet Htet Lin

ရိုးမားအသင်းရဲ့ ကစားသမား ဒီရော့ဆီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ နောက်ဆုံးအချိန်ထိရေကုန်ရေခမ်းကစားပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောကြား လိုက်ပါတယ်။

ရိုးမားအသင်းဟာ ဆီမီးဖိုင်နယ် ပထမအကျော့မှာ လီဗာပူးလ်အသင်းကို (၅)ဂိုး (၂)ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကျော့မှာ (၄)ဂိုး (၂)ဂိုးနဲ့ ပြန်လည်အနိုင်ရရှိခဲ့ပေမယ့် နှစ်ကျော့ပေါင်း ရလဒ် နဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကို နှုတ်ဆက်ခဲ့ရတာလည်းဖြစ်ပါတယ။်

ဒီရော့ဆီကတော့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ထိ မတက်လှမ်းနိုင်ခဲ့ပေမယ့်လည်း သူတို့အသင်းဟာ ဥရောပမှာ အကောင်းဆုံးအသင်းတစ်သင်းဆိုတာကို ပြသနိုင်ခဲ့ကြောင်းဆိုပါတယ်။

ပထမအကျော့မှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းက ဖိုင်နယ်တက်ဖို့ ခက်ခဲစေခဲ့ကြောင်း ဒီရော့ဆီကပြောပါတယ်။

ဒီရော့ဆီက Mediaset Premium ကိုပြောကြားခဲ့ရာမှာ – “ အရာရာက မိနစ် (၁၈၀) ကစားအပြီး ထွက်ပေါ်ခဲ့တဲ့ ရလဒ်အပေါ်မှာ ဆုံးဖြတ်သွားတာပါ။ ကျွန်တော်တို့ မယုံခဲ့တာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ ပထမအကျော့မှာ ကံဆိုးခဲ့တာပါ။ ကျွန်တော်တို့ ဂိုးတွေပေးခဲ့ရပေမယ့်လည်း ဒုတိယ အကျော့မှာ အလျှော့မပေးဘဲ ကစားခဲ့ပါတယ်။ ကျွန်တော့်အသင်းသားတွေကို ကျေးဇူးတင်ပါတယ်။ သူတို့အတွက် ဂုဏ်လည်းယူတယ်။ သူတို့ကို ချန်ပီယံလိဂ်မှာ အမှတ်တရဖြစ်အောင်လုပ်ဖို့ ပြောခဲ့ တယ်။ နောက်ရာသီမှာ လုပ်နိုင်ဖို့လိုပါတယ်။ ”လို့ဆိုပါတယ်။

“ တခြားအသင်းတွေနောက်မှာ ပြတ်ပြီး ကျန်မနေခဲ့ဘူးဆိုတာကို ကျွန်တော်တို့ မြင်ခဲ့ရပါတယ်။ ရိုးမားအသင်းဟာ နှစ် (၃၀)မှာ မှ တစ်ခါမဟုတ်ဘဲ (၃)နှစ်တစ်ခါ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ရောက် နိုင်တယ်ဆိုတဲ့အတွေးမျိုးကို စသင့်ပါတယ်။ အသင်းအနေနဲ့ ပိုမိုတောင့်တင်းအောင် လုပ်ပါလိမ့်မယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကျွန်တော်တစ်ခါမှ မမြင်ဘူးတဲ့ ပရိသတ်နဲ့ အသင်းကြား ဆက်ဆံရေးကို ပြန်လည်ဖန်တီးပါမယ်။ အခုဆိုရင် ကျွန်တော်တို့က ပရိသတ်တွေနဲ့တစ်သားတည်းဖြစ်ပြီး အကြီးမားဆုံးအရာတွေကို အတူတကွ လုပ်ဆောင်နိုင်ပါပြီ။ ”လို့ ဒီရော့ဆီက ဆက်လက်ပြောကြားခဲ့ပါတယ်။

မှတ်ချက်များ။