ပွဲဦးထွက်ကစားခွင့်ရတဲ့ပွဲစဉ်အပေါ် ကျေနပ်ခဲ့ရတဲ့ ဘတ်ရွှာရီ

Thet Htet Lin

မကြာသေးခင်ကမှ ချယ်ဆီးအသင်းကနေ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဘတ်ရွှာရီဟာ ကိုလုံးအသင်းကို (၃)ဂိုး (၂)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်း အတွက်ပွဲထွက်ကစားပေးခဲ့ပြီး သွင်းဂိုး (၂)ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုလုံးအသင်းနဲ့ကစားတဲ့ပွဲစဉ်ဟာ ဘတ်ရွှာရီအတွက် ပွဲဦးထွက်ပွဲစဉ်ဖြစ်ခဲ့ပြီး ပွဲချိန် (၃၅)မိနစ် နဲ့ (၆၂)မိနစ်မှာ သွင်းဂိုး တွေသွင်းယူပေးခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီး ဘတ်ရွှာရီက ဒေါ့မွန်အသင်းရဲ့ ၀က်ဘ်ဆိုဒ်မှပြောကြားခဲ့ရာမှာ – “ ဒီနေ့ ပွဲအတွက် ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီထက်ပိုပြီးအကောင်းဆုံး လုပ်ချင်ပါသေးတယ်။ ဒီနေ့ကတော့ နိုင်ပွဲရဖို့က အရေးကြီးခဲ့ပါတယ်။ ဒီပွဲက လွယ်တော့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော် ဒေါ့မွန်ရောက်တာက (၂)ရက်ပဲရှိသေးပြီး နည်းပြပြောတဲ့အ တိုင်းလိုက်လုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။” လို့ ဆိုပါတယ်။

ဒေါ့မွန်အသင်းနည်းပြ ပီတာစတိုဂါက အပြောင်းအရွှေ့ဈေးကွက်မှာ အူဘာမီယန်ကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းကြောင့် အားလျော့ခဲ့ရပေမယ့်လည်း သူ့နေရာကိုအစားထိုး မယ့် ခြေရည်တူ တိုက်စစ်မှူးတစ်ဦးကို အစားထိုးနိုင်ခဲ့ခြင်းအတွက် ကျေနပ်မိကြောင်း ပြောပါ တယ်။

နည်းပြစတိုဂါကပြောကြားရာမှာ – “ ကျွန်တော်တို့အတွက် အရည်အသွေးမြင့်တဲ့ တိုက်စစ် မှူးကောင်းတစ်ဦးကိုဆုံးရှုံးခဲ့ရပေမယ့် ဂိုးသွင်းစွမ်းရည်ပြည့်ဝတဲ့ တိုက်စစ်မှူးတစ်ယောက်ကို ပြန်ရခဲ့ပါတယ်။ ဘတ်ရွှာရီက ချယ်ဆီးမှာ ပွဲချိန်အများကြီး မကစားခဲ့ရဘူး။ ဒါကြောင့် သူ့ဘက်ကလည်း အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က သူ့အတွက် အများကြီးမျှော်လင့်ထားတဲ့ ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။ သူ့ကိုအကောင်ဆုံးဖြစ်အောင် လုပ်ပေးနိုင်ရင် အသင်းအတွက်လည်း အထောက်အကူဖြစ်စေမှာပါ။ ” လို့ ဆိုပါတယ်။

မှတ်ချက်များ။