ဗီယက်နမ်အသင်း ၂၀၁၉ အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ကမ္ဘောဒီးယားအသင်း ၀င်ခွင့်လွဲချော်ခဲ့

Thet Htet Lin

ကမ္ဘောဒီးယားအသင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲမှာ ဂျော်ဒန်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်မှာတော့ သူတို့အသင်းရဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အိပ်မက်တွေ အဆုံး သတ်ခဲ့ရပြီဖြစ်ပါတယ်။
ဖနွမ်းပင်မြို့ အိုလံပစ်အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားတဲ့ အဆိုပါပွဲစဉ်မှာ ဂျော်ဒန်အ သင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲကစားချိန်(၁၇)မိနစ်မှာ မန်သာအဘူအာ မာရာ ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိချိန်မှာတော့ ဂျော်ဒန်အသင်းဟာ အုပ်စု(ဂ) ရဲ့ ထိပ်ဆုံးမှာဦးဆောင်နေပြီး ၂၀၁၉ အာရှဖလားဝင်ခွင့်တစ်နေရာအတွက် သေချာသွားခဲ့ပြီဖြစ် ပါတယ်။
အုပ်စု(ဂ)ရဲ့ နောက်ထပ်ပွဲစဉ်တစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗီယက်နမ်အသင်းနဲ့ အာဖဂန် နစ်စတန် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဂိုးမရှိသရေရလဒ်နဲ့အဆုံးသတ်ခဲ့တာကြောင့် လက်ရှိ ခြေစစ်ပွဲတွေပြီးဆုံးဖို့ တစ်ပွဲသာကျန်တော့တဲ့အချိန် မှာ ဗီယက်နမ်အသင်းဟာ ကမ္ဘောဒီးယားအသင်းထက်(၆)မှတ်အသာ ဒုတိယနေရာမှာရပ်တည်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင် ခဲ့ပါတယ်။

ဗီယက်နမ်အသင်းအတွက်ကတော့ အာရှရဲ့ အရေးအပါဆုံးပြိုင်ပွဲကြီးမှာ ယခုလို ခြေစစ်ပွဲ အောင်မြင်ခဲ့တာဟာ သူတို့အသင်းအနေနဲ့ ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ပုံမှန်အနေအထားတစ်ခု ကို ပြသနေပါတယ်။
ကမ္ဘောဒီးယားအသင်းအတွက်ကလည်း အာရှဖလားဝင်ခွင့်နဲ့ ဝေးကွာခဲ့ရပေမယ့် သူတို့ကစား ခဲ့ရတဲ့ပွဲစဉ်တွေမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဂုဏ်ယူစရာပါ။ ကမ္ဘောဒီးယား အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် မတ်လ မှာ အာဖဂန်နစ်စတန်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။