၂၀၁၇အာရှဘောလုံးရဲ့ ရေပန်းအစားဆုံးသောအငြင်းပွားစရာများ

အားကစားမှာအငြင်းပွားစရာများမရှိလျှင်စိတ်ဝင်စားစရာကောင်းနိုင်ပါအုံးမလား။ ပျင်းစရာကောင်းပါလိမ့်မယ်။ ထို့ ကြောင့်ပြီးခဲ့သောနှစ်များအတွင်းနာမည်ကြီးပြီးသိသာထင်ရှားခဲ့သောအာရှဘောလုံးမှ အဖြစ်အပျက်များကို FOX Sports Asia မှစုစည်းဖော်ပြပေးထားပါတယ်။

ဆီးဂိမ်းဘောလုံးပွဲ – အင်ဒိုနီးရှား vs ကမ္ဘောဒီးယား

၂၀၁၇ ဆီးဂိမ်းပွဲဟာ အငြင်းပွားမှုနှင့်ဒရာမာအများဆုံးပွဲဆိုတာငြင်းလို့ မရပါဘူး။ ကံကောင်းတာတစ်ခုကတော့ဘောလုံးပွဲကျင်းပနေစဉ်ရန်ပွဲမဖြစ်ခဲ့တာပါဘဲ။
ဘောလုံးပွဲပြီးကြောင်းဝီစီသံကြားတာနှင့်တစ်ပြိုင်ထဲ အင်ဒိုနီးရှားက ကမ္ဘောဒီးယားကို (၂-၀) ဖြင့်အနိုင်ရရှိမှုကြောင့်ရန်ပွဲစတင်ခဲ့ပါတယ်။

AFC Cup – Johor Daryl Ta’zim (JDT) vs Ceres Negros

ပွဲချိန် (၉၂) မိနစ်အကြာ (၁-၁) ဖြင့်သရေကျနေချိန်အောက်ပါဖြစ်ရပ်များဖြစ်ပွားခဲ့ပါတယ်။

Ceres အသင်းအတွက်ဝမ်းမြောက်ပျော်ရွှင်ဖွယ်ရာများဖြစ်သောအချိန်တွင် JDT ကစားသမားများကတော့အငြင်းပွားဖွယ်ပင်နယ်တီပေးလိုက်ရသောကြောင့်ထိန်းမနိုင်သိန်းမနိုင်ဒေါသထွက်နေသည်ကိုတွေ့ခဲ့ရပါတယ်။
ထိုအချိန်မှာတော့ မလေးရှားဂိုးသမား Farizal Marlias ကြောင့်ပို၍ဆိုးရွားစေခဲ့တဲ့အဖြစ်အပျက်ဖြစ်ခဲ့ပါတယ်။ မလေးရှားကပညာရှင် Shebby Singh ကတော့ ထိုဖြစ်ရက်ဟာလူဆိုးလူမိုက်ဆန်သောအပြုအမှုဟုကောက်ချက်ချခဲ့ပါတယ်။

ထို့ ကြောင့် Farizal Marlias ဟာ ၈လပွဲကစားခွင့်ပိတ်ခံရပြီး အမေရိကန်ဒေါ်လာ ၄၀၀၀၀ကို အကြမ်းဖက်သောအပြုအမှုကြောင့်ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။

AFC ချန်ပီယံလိဂ် – Shanghai SIPG vs Guangzhou Evergrande

“ ကွမ်ကျိုးအသင်းဟာ AFC ကိုသူတို့ စိတ်တိုင်းကျခြယ်လှယ်ခဲ့ပါတယ်။”

Andre Villas-Boas ရဲ့ ရှန်ဟိုင်းအသင်းဟာကွမ်ကျိုးအသင်းကိုအနိုင်ရရှိခဲ့သော်လည်း သူပြောချင်တာများကိုချုပ်တည်းမထားခဲ့ပါ။

ရှန်ဟိုင်းဟာ ကြုံတောင့်ကြုံခဲအနိုင်ရရှိခဲ့သော်လည်း Villas-Boas ကတော့အောက်ပွဲခံဖို့ အာရုံမရခဲ့ပါ။

သူတို့ အသင်းပွဲကိုနောက်ကျမှရောက်ရှိအောင်ရှန်ဟိုင်းအသင်းကိုသယ်ဆောင်လာသောဘက်စ်ရှေ့ တွင်ယာဉ်တိုက်မှုဖြစ်အောင်ကွမ်ကျိုးအသင်းကလုပ်ဆောင်ခဲ့သည်ဟုစွပ်စွဲခဲ့ပြီး ဒိုင်လူကြီးများ၏လုပ်ရပ်များကိုလည်းပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။
ထိုအပြောများကို AFC ကအလွတ်မပေးခဲ့ဘဲ Villas-Boas ကိုအမေရိကန်ဒေါ်လာ ၁၄၀၀၀ ကစားပွဲကိုနာမည်ဖျက်မှုဖြင့်ဒဏ်ငွေရိုက်ခဲ့ပါတယ်။

AFC ချန်ပီယံလိဂ် – Urawa Red Diamonds vs Jeju United

ဂျယ်ဂျူအသင်းဟာ Urawa ကို (၂-၀) ဖြင့်အနိုင်ရရှိခဲ့တဲ့အတွက်ပျော်ရွှင်ရမှာဖြစ်ပါတယ်။ Urawaဟာအိမ်ကွင်းအရေးသာမှုမရရှိခဲ့ပါဘူး။ ပွဲအပြီးမှာ ဂျယ်ဂျူဟာ (၃-၀)ဂိုး ဖြင့်အနိုင်ရရှိခဲ့ပြီး စုစုပေါင်း (၃-၂)မှတ်ဖြင့်နောက်အဆင့်သို့ တက်လှမ်းခဲ့ပါတယ်။

ဘာဆက်ဖြစ်သလဲဆိုတာကိုအောက်ပါဗီဒီယိုမှာဆက်လက်ကြည့်ရှုကြပါ။

ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထို့ ကြောင့်ဂျယ်ဂျူအသင်းသည်လည်း AFC ၏ပြစ်ဒဏ်ပေးမှုကနေမလွတ်မြောက်ခဲ့ပါဘူး။ ကစားသမားသုံးယောက်ပွဲအနားခံရပြီး ဂျယ်ဂျူကလပ်အသင်း အမေရိကန်ဒေါ်လာ ၄၀၀၀၀ ဒဏ်တတ်ခံခဲ့ရပါတယ်။

မှတ်ချက်များ။