အာရှရဲ့ တိုက်စစ်မှူးကောင်း ရှားပါးမှုပြဿနာ

FOX Sports Asia မှ Paul Williams က အာရှရဲ့ တိုက်စစ်မှူးကောင်း ရှားပါးမှုပြဿနာကို အရင်ကတည်းက အဖြေရှာနေခဲ့ပါတယ်။ အာရှရဲ့ တကယ့်ပြသနာပါ။

ဒါဟာ ခုမှကြုံတွေ့ရတာမဟုတ်ဘဲ ဟိုးအရင်ကတည်းကရှိနေခဲ့တာပါ။ ခုထိလည်း ဖြေရှင်းနိုင် ခြင်းမရှိသေးဘဲ လေးနက်တဲ့ပြောင်းလဲမှုတစ်ခုခု လုပ်မှသာ တိုးတက်လာနိုင်မယ့် အကြောင်း တစ်ရပ်ပါ။

သွင်းဂိုးတွေအကြောင်းပြောမယ်ဆို ဂိုးသွင်းယူမယ့်ကစားသမားတွေ အကြောင်းကို အရင်ပြော ရပါမယ်။ အာရှမှာ တိုက်စစ်မှူးကောင်းပြတ်လပ်တဲ့ပြသနာကြုံတွေ့နေရပါတယ်။

ဆွန်ဟီမင် ၊ ဟွန်ဒါ ၊ အိုကာဇာကီ တို့လို ဥရောပနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ကွင်းလယ်ဖန်တီး ရှင်ကစားသမားတွေ အများကြီးရှိနေပေမယ့် တိုက်စစ်မှူးတွေကတော့ရှားပါးနေဆဲပါ။

အာရှရဲ့ နာမည်ကြီးလိဂ်တွေဖြစ်တဲ့ ဂျပန် ၊ တရုတ် ၊ တောင်ကိုးရီးယား ၊ သြစတေးလျ စတဲ့ ပြိုင်ပွဲတွေရဲ့ ပြီးခဲ့တဲ့(၃)နှစ်အတွင်း သွင်းဂိုးစာရင်း မှာ ပြည်တွင်းကစားသမား ပါဝင်မှုအရေအတွက် ကိုကြည့်မယ်ဆိုရင် သိပ်တော့အားရစရာ မကောင်းပါဘူး။

ဒီနှစ်ကိုပဲ ဥပမာ ကြည့်ပါ။ လက်ရှိ အာရှဒေသတွင်းက လိဂ်ပြိုင်ပွဲတွေပြီးဆုံးဖို့ အနည်းငယ်ကျန်နေသေးတဲ့ အချိန် မှာ သွင်းဂိုးအများဆုံးပြည်တွင်းကစားသမား တစ်ဦးသာ ပေါ်ထွက်လာပါသေးတယ်။ သူကတော့ နာမည် ကြီးဂျေလိဂ် Urawa Red အသင်းရဲ့ကစားသမား ကိုရိုကီဖြစ်ပြီး ယခုနှစ်ရာသီမှာ ဂိုး (၂၀) သာ သွင်းယူထားပါတယ်။

၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်မှာဆိုရင် A-League နဲ့ K-League မှာသာ သွင်းဂိုးအများဆုံး ကစားသမားနေရာမှာပြည်တွင်းကစားသမားရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၃)နှစ် အတွင်း အရှေ့တောင်အာရှ မှာဆိုရင် သွင်းဂိုးအများဆုံးကစားသမားနေရာမှာ ပြည်တွင်းကစားသမား ရပ်တည်နိုင်မှုဟာ သြစတေးလျနိုင်ငံက လိဂ်တစ်ခုတည်းမှာသာလျှင် မြင်တွေ့ရပါတယ်။

ဒီလို ဂိုးသွင်းတိုက်စစ်မှူးနည်းပါးတဲ့ပြသနာကို ဘယ်လိုများ ဖြေရှင်းကြမလဲ? ပြည်တွင်းတိုက် စစ်မှူးတွေအတွက် အနာဂတ်မှာ ဂိုးတွေပိုသွင်းနိုင်ဖို့ ဘယ်လိုပြောင်းလဲမှုမျိုးတွေကို လိုအပ် တာလဲ ?

ဒီအကြောင်းအရင်းနဲ့ပတ်သက်ပြီး Fox Sports Asia က ၀ါရင့် အတွေ့အကြုံ ရှိသူ(၂)ဦးနဲ့ တွေ့ဆုံဆွေးနွေးထားပါတယ်။ တစ်ဦးကတော့ အာရှအသင်းတော်များများမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဘူးတဲ့ Steve Darby ဖြစ်ပြီးနောက်တစ်ယောက်ကတော့ Shanghai SIPG အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ Mads Davidsen တို့နဲ့ တွေ့ဆုံဆွေးနွေးထားတာဖြစ်ပါတယ်။

FOX Sports Asia (FSA) – အာရှမှာ ဒီပြသနာက ဘယ်လောက်ထိအရေးပါ ပါသလဲ။

Steve Derby (SD) – ဒါဟာ စဉ်းစားရမယ့်ပြသနာပါ။ အရှေ့တောင်အာရှမှာ နောက်ထပ် ဆင့်ကိုထပ်သွားဖို့ ၊ ဥပမာ ထိုင်း လိုအသင်းမျိုးဟာ ကမ္ဘာ့အဆင့်ကိုသွားဖို့ ဆိုတဲ့နေရာမှာ တိုက်စစ်မှူးကောင်း နည်းပါးတဲ့ပြသနာကို လက်တွေ့ရင်ဆိုင်နေရတာပါ။ Teerasil လို ကစားသမားမျိုး ရှားရှားပါးပါးပေါ်ထွက်ခဲ့ဘူးတယ်။ ဒါပေမယ့် ထိုင်းပရီးမီးယားလိဂ်မှာ တောတော့ကို နည်းပါးနေသေးပါတယ်။

Teerasil was the first Southeast Asian to play in La Liga with Almeria

Mads Davidsen(MD) – တရုတ်မှာ ပြီးခဲ့တဲ့ လေးငါးနှစ်အတောအတွင်း ပြန်လေ့လာကြည့် မယ်ဆိုရင် ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ တရုတ်ကစားသမား တစ်ယောက် ၊ နှစ်ယောက်လောက်ပဲ ရှိခဲ့တယ်။ ဒါကြောင့် တကယ်ပဲ ဒီပြသနာကို အလေးထားဖြေရှင်းရ မယ် ဆိုတာကို ကျွန်တော်တို့ လက်ခံရမှာပါ။ နည်းနည်းတော့ခက်တာပေါ့။ အသင်းတွေကလည်း သူတို့ပုံစံတစ်ခုနဲ့ သူတို့သွားနေကြတယ်။ ကိုယ့်နိုင်ငံသားကစားသမားကို အချိန်ပေးပြီး တိုးတက် လာအောင်စောင့်ဆိုင်းဖို့ထက် ရလဒ်ကောင်းတွေ အချိန်တိုတွင်းရရှိဖို့ ပြည်ပတိုက် စစ်မှူးတွေဝယ်သုံးနေကြတယ်။

ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်ကိုပြောမယ်ဆိုရင် တောင်ပံကစားသမားကလည်း တကယ်တမ်း မော်ဒန်ကျကျပြောင်းလဲတဲ့ကစားကွက်တွေမှာ ဂိုးသွင်းကစားသမားလည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာ သွင်းဂိုးအများဆုံးကစားသမားတွေကိုကြည့်ပါ။ ရော်နယ်ဒို ၊ မက်ဆီ ၊ ဟာဇက် ၊ တရုတ်မှာဆို ၀ူလီ တို့ဟာ တောင်ပံဆော့ကြတာပဲလေ။ ဒါပေမယ့် တိုက်စစ်မှူးတွေလည်း ဒီထက်ပိုပြီး ကစားနိုင်ဖို့ လိုနေဆဲပါ။ နောက်ဆုံးတော့ ဒါဟာ သူတို့ ရဲ့ ကစားနေတဲ့အဆင့်အတန်းနဲ့သက်ဆိုင်နေပြီး သူတို့ ကစားနေတဲ့ လိဂ်အဆင့်အတန်းက အရမ်းကြီး မမြင့်နေဘူး ဆိုရင် သူတို့ အဲဒီလိုဖြစ်နိုင်မှာမဟုတ်ဘူးလို့ပဲ ကောက်ချက်ချရမှာပဲ။

SIPG အကယ်ဒမီမှာဆိုရင် လူငယ် တိုက်စစ်မှူးကစားသမားတွေကို သီးသန့်ခွဲထုတ်လိုက်ပြီး ထရိန်နင်မှာ ကစားသမားတွေ တစ်ပတ်ကို ဂိုးကန်သွင်းမှု(၂၀၀)ပြည့်အောင် target ထား တယ်။

FOX Sports Asia – ဒါဆိုရင် အဖြေကဘာပါလဲ။ပြည်ပကစားသမားတွေကို ကန့်သတ်လိုက် တာမျိုးလား။ ဗီယက်နမ်မှာလို ဒုတိယတန်းပြိုင်ပွဲဝင်အသင်းတွေမှာဆို ပြည်ပကစားသမား ပါဝင်ခွင့်မရှိဆိုပြီး သတ်မှတ်လို်က်တာမျိုးလား။

Steve Derby (SD) – သေချာတာပေါ့။ ဈေးအများကြီးမပေးရတဲ့ ပြည်ပကစားသမားတွေရှိ သည့်တိုင်အောင် ပြည်ပကစားသမားတွေကို ဒုတိယတန်းလိဂ် မှာ လုံးဝ ခွင့်မပြုသင့်ပါဘူး။

ကျွန်တော့်အမြင်ပြောရရင်ပြည်ပကစားသမားတွေအတွက် ငွေတွေအလုံးအရင်းလိုက်ပေးနေ ရတယ်။ သူတို့က တကယ်ပဲ အကောင်းဆုံးတွေလုပ်ပြနိုင်ပြီး ပရော်ဖက်ရှင်နယ်ကျကျ ကစားပေးနိုင်ရဲ့လား။ ဆူရာချိုင်းတို့လို ၊ ဆက်ဆွန်ကစ် တို့လိုကစားသမားတွေကရော မလုပ်နိုင် တော့ဘူးလား။ တကယ်ပဲ ပြည်ပကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုကပြည်တွင်းကစားသမားတွေထက် မြင့်မားနေလား စသဖြင့်ပေါ့ … စဉ်းစားရပါမယ်။

Mads Davidsen(MD) – ကျွန်တော့်အမြင်ကတော့ တရုတ်လိဂ်မှာ အဆင့်တစ်ခုကို တက်နိုင် ဖို့ နိုင်ငံခြားသားတွေလိုနေဆဲလို့ ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားနည်းပြပေါ့။ နို်င်ငံခြား သားနည်းပြတွေရဲ့ လေ့ကျင့်မှုနဲ့ပြည်တွင်းကစားသမားတွေကို ဒီထက်မြင့်တဲ့ အဆင့်တစ်ခုထိ ရောက်အောင်လုပ်ရမှာပါ။ တရုတ်မှာလို U-23 လိဂ်ပြိုင်ပွဲမျိုးလုပ်နိုင်ရင် လူငယ်ကစားသမား တွေအနေနဲ့လည်း အပြိုင်အဆိုင် ပြိုင်ပွဲတစ်ခုကို ၀င်ကစားခွင့် အခွင့်ရေးတစ်ခုရနိုင်တယ်။

အဲဒီကမှ အရည်အချင်းရှိတဲ့လူငယ်ကစားသမားတွေကို အသင်းကြီးတွေဆီ အငှားချကစား နိုင်မယ့် အခွင့်အရေးတစ်ခုရလာမယ်။ ဥပမာ – အသက်(၁၉ )သာရီသေးတဲ့ ဟူကျင်းဟန် ကို ဟန်နန်မှာ အငှားချခဲ့တာကိုကြည့်လို့ရပါတယ်။ ခုဆိုရင် သူဟာ တရုတ်စူပါလိဂ်မှာ (၂၆)ပွဲထိ ပါဝင်ကစားပြီး အတွေ့အကြုံတွေရခဲ့ပါပြီ။

FOX Sports Asia(FSA) – အသင်းတစ်သင်းအတွက် နိုင်ပွဲတစ်ပွဲအတွက် ဦးဆောင်ဂိုးသွင်းဖို့ ဘယ်လိုများ ဟန်ချက်မျှ အောင် လုပ်ရပါလဲ။ ဆိုလိုတာက ဘောလုံးကဏ္ဍ တိုးတက်ဖို့ ပြည်ပကစား သမားခေါ်ယူမှုနဲ့ ပြည်တွင်း လူငယ် ပလေယာတွေကို ဘယ်လို မျှပြီး သုံးပါသလဲ။

Steve Derby (SD) – ကျတော်ထင်တာက အနိမ့်ဆုံးသတ်မှတ်ထားတဲ့ စံ တစ်ခုရှိသင့်တာပေါ့။စံသတ်မှတ်ထားတဲ့ အမြင့်ဆုံး လိဂ် က ကစားသမားတွေ ဖြစ်သင့်ပါတယ်။ ကစားသမားတွေအားလုံး ကစားခွင့်လိုင်စင် ၊ ကိုယ်ကာယ အလုံးအထည် ကြံ့ခိုင်မှုကအစ သတ်မှတ်ထားတဲ့ စံတစ်ခုမှာ ရှိနေသင့်ပါတယ်။
ဥပမာ ..ဥရောပ , တောင်အမေရိက က ကစား သမားတွေဆိုရင် အဲဒီနိုင်ငံတွေရဲ့ ပထမတန်း လိဂ်က ကစားသမားတွေပဲ ဖြစ်သင့်ပါတယ်။ အာရှသတ်မှတ်မှုအရ နိုင်ငံခြားသားကစားသ မား ပါဝင်မှု 3+1 သာ ခွင့်ပြုထားတာဟာ ကောင်းပါတယ်။

လက်ရှိ အရှေ့တောင်အာရှမှာတော့ ဒီလို ဖွံဖြိုး တိုးတက်တဲ့ လူပ်ဆောင်ချက်တွေ ဆက်လက် လုပ်ဆောင်နေပြီး မကြာခင်မှာ ကစားသမားတွေ ထိပ်တန်းလိဂ်တွေမှာ ကစားနိုင်လာတော့မှာဖြစ်ပါတယ်။

Mads Davidsen(MD) – အသင်းလူစာရင်း မှာ အရည်အသွေးမြင့် ပြည်ပတိုက်စစ်မှူးတွေ ရှိနေခဲ့မယ်ဆိုရင်တော့ ၁၉ နှစ်အရွယ်ပြည်တွင်း လူငယ်ကစားသမား တစ်ယောက်အတွက် နေရာရဖို့ ခက်ခဲနေပါလိမ့်မယ်။ ဘာလို့လဲဆို တော့ပြည်ပ ကစား သမားတွေ က နိုင်ပွဲတစ်ပွဲ အတွက် အရေးပါနေလို့ပါပဲ။ ဘာကြောင့်များ လူငယ်ကစားသမားတွေကို အချိန်ပေး စောင့်နေရအုံးမှာလဲ။

Wu Lei was barely in his teens when he made his professional debut

ဒါပေမယ့် ကျတော်တို့ နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံး အားကစားတိုးတက်မှုဖြစ်စဉ်မှာ လူငယ်ကစား သမားတွေရဲ့ အခန်းကဏ္ဍကို အားပေးပြီး အခွင့်အရေးတွေ ဖန်တီးပေးရပါမယ်။ တရုတ်က ကစားသမား ဝူလီဆိုရင် အသက်(၁၄)နှစ်ကတည်းက ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကစားသမား ဘဝရဲ့ အစောပိုင်း ကာလမှာတင် ပွဲတွေအများကြီးကစား ၊ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့တာပါ။ လူငယ် ကစားသမား တစ်ဦး အတွက် ကစားဖို့ အခွင့်အရေးဆိုတာ (၁၀)မိနစ် ၊ (၁၅)မိနစ်နဲ့ တင် မလုံလောက်ပါဘူး။

နည်းပြတွေဘက်က ကြည့်မယ်ဆိုရင်လည်း စီနီယာ အသင်းရဲ့ နိုင်ပွဲတွေအတွက် ဖိအားတွေ ရှိနေတာကြောင့် ဒါကို balance မျှအောင် လုပ်ဖို့ဆိုတာ နည်းနည်းတော့ ခက်ပါတယ်။

ဒါပေမယ့် ကိုယ့်နိုင်ငံအတွင်းက ကလပ်တွေအနေနဲ့ လူငယ်ကစားသမားတွေကို အာရုံစိုက်သင့်ပါတယ်။ ဥပမာ ကျတော်တို့ ACL အတွက် ရွေးထားတဲ့ ကစားသမား(၃၀) မှာ အကယ်ဒမီကလာတဲ့ ကစားသမား (၂၂)ယောက် လောက် ပါဝင်နေတယ်။ ဒါဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့မှုတစ်ခုပါ ။

မကြာသေးခင်ကပဲ အိုလံပစ် ပြိုင်ပွဲအတွက် ကစားသမား (၁၁)ယောက် ခေါ်ယူခဲ့ပါတယ်။ ကျေနပ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားတွေ ဟာ တကယ် တိုးတက်လာမှုရှိပြီး ပိုကောင်းတဲ့ ကစားသမားတွေဖြစ်လာဖို့ လိုသလို ပြည်ပ ကစားသမားတွေကိုလည်း ထရိန် နင်နဲ့ ပွဲစဉ်တွေအတွင်း ပိုပြီး တိုးတက်လာဖို့လည်း လိုပါတယိ။

မှတ်ချက်များ။