၂၀၁၄ ကမ္ဘာ့ဖလား ကျဆုံးမှုကို ပြန်အဖတ်ဆယ်မယ့် အာရှအသင်းများ

၂၀၁၅ ခုနှစ်တည်းက စတင်ကျင်းပခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ခွင့် ခရီးရှည်ကြီးကတော့ ပြီးဆုံးခဲ့ပါပြီ။ ဖြတ်သန်းခဲ့ရတဲ့ ခရီးရှည်ကြီးမှာတော့ ကြမ်းတမ်းမှုတွေ ပျော်ရွှင်မှုတွေ ချွတ်ချော်မှုတွေ အစရှိတဲ့ ရလဒ်မျိုးစုံကို ခံစားခဲ့ ရပြီး နောက်ဆုံး ပြိုင်ပွဲဝင်အသင်း ၃၂ သင်းကတော့ အခက်အခဲတွေ ကျော်ဖြတ်ပြီး ရုရှားမြေကို အရောက်သွားနိုင်ခဲ့ပါပြီ။
ပြိုင်ပွဲရဲ့ မဲခွဲပွဲကို ဒီဇင်ဘာမှ ပြုလုပ်မှာဖြစ်တာကြောင့် နိုင်ငံအသင်းနည်းပြတွေ အနည်းငယ် အနားရနေတဲ့အချိန်လို့ ဆိုရမှာပါ။ မဲခွဲပွဲ ရလဒ်တွေကတော့ ထွက်ပေါ်လာတဲ့ အချိန်မှာလည်း စိတ်ခံစားမှုတွေကို ပေးစွမ်းဦးမှာပါ မိမိအားပေးတဲ့ အသင်း အုပ်စုကျပ်ထဲ ကျရောက်နေမလား ၊ ဘယ်အသင်းတွေက တော့နောက်တစ်ဆင့် တက်နိုင်မလည်းဆိုတာကိုတော့ အားလုံးရင်ခုန်နေမယ် ထင်ပါတယ်။
ယခုနှစ်ပြိုင်ပွဲကို အာရှကိုယ်စားပြုအသင်း ၅ သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီး တော့ ဒါဟာ အာရှအသင်းတွေအတွက်တော့ ပထမဆုံး စံချိန်တင် အရေအတွက် တစ်ခုပါ။ သမုဒ္ဒရာပိုင်းဇုန်ကနေ ခွဲထွက်ပြီး အာရှတိုက်အောက်ကနေ သြစတြေးလျ အသင်းခြေစစ်ပွဲဝင်ရောက် ယှဉ်ပြိုင်ခဲ့တာကြောင့် အာရှကနေ ခြေစစ်ပွဲအောင်တဲ့ အသင်းအရေအတွက် တိုးတက်လာတာပါ။ တောင်ကိုရီးယား ၊ ဂျပန်တို့ကနော့ နှစ်တိုင်းနီးပါးဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားခဲ့တဲ့ အသင်းတွေ ဖြစ်ပြီး အီရန်အသင်းနဲ့ ဆော်ဒီအာရေးဗီးယားအသင်းတို့လည်း ခြေစစ်ပွဲ အောင်မြင်ခဲ့ပါတယ်။
အာရှတိုက်ရဲ့ သိက္ခာတရား ၊ အာရှတိုက်ရဲ့ ဘောလုံးအဆင့်အတန်း စတဲ့ တိုင်းတာမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ကတော့ ဒီအသင်း ၅ သင်းရဲ့ ပုခုံးပေါ်ရောက်ရှိခဲ့ပါပြီ။ ၄ နှစ်တစ်ကြိမ်ကျင်းပတဲ့ သတ်တမ်းတစ်ခုမှာ နှစ်တိုင်း ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ အာရှအသင်းတွေရဲ့ အဆင့်အတန်း ဘယ်လောက် တိုးတက်လာတယ်ဆိုတာ ကမ္ဘာကိုချပြဖို့ အကောင်းဆုံး အခွင့်အရေးရှိနေတဲ့ အချိန်ပါ။

ပြီးခဲ့တဲ့ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ထွက်ပေါ်ခဲ့တဲ့ အာရှအသင်းတွေရဲ့ ရလဒ်တွေ ဟာ အာရှအသင်းတွေကို ပြိုင်ဘက်ကောင်းစာရင်းထဲ ထည့်သွင်းခြင်းမခံရ တော့တဲ့ အခြေအနေတစ်ရပ်ဆီ ရောက်ခဲ့တာပါ။ ပြိုင်ပွဲဝင်အသင်းများစွာထဲကမှ ယခုနှစ်ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ ဆော်ဒီအာရေဗျအသင်းက လွဲလို့ ကျန် ၄ သင်းလုံးသွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ပြိုင်ပွဲကို အဆင့်တစ်ခုထိ ရောက်ရမယ်လို့ မျှော်မှန်းပြီး သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းရှိနေသလို အခြေအနေအတိုင်း အတာတစ်ခုထိပဲ မျှော်လင့်ပြီးသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံးမှာ တူညီတဲ့ ရည်ရွယ်ချက်တစ်ခုတော့ ရှိနေပါတယ်။ ဒါကတော့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်တိုင်းကို အနိုင်ရရှိလိုတာပါ။

အသင်း ၄ သင်းသွားရောက်ယှဉ်ပြိုင်ခဲ့တာဆိုတော့ အုပ်စုပွဲစဉ်အားလုံး ပေါင်းလိုက်ရင် ၄ သင်းပေါင်း ပွဲစဉ် ၁၂ ပွဲယှဉ်ပြိုင်ရမှာဖြစ်ပြီး ရမှတ်ပိုင်းကလည်း ၃၆ မှတ်ထိရှိနေတာပါ။ ဒါဆိုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အသင်း ၄ သင်းဘယ်နှစ်ပွဲ နိုင်ပြီး ရမှတ်ဘယ်လောက် ရယူနိုင်ခဲ့လည်းဆိုတာ စိတ်ဝင်စားစရာပါ။ အာရှ ကိုယ်စားပြုအသင်း ၄ သင်းဟာ ကစားခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာ သရေပွဲ ၃ ပွဲ သာ ရရှိခဲ့ပြီး ကျန်ပွဲစဉ် ၉ ပွဲကိုတော့ ရှုံးပွဲတွေ့ကြုံခဲ့တာကြောင့် စုစုပေါင်း ရမှတ် ၃၆ မှတ်မှ ၃ မှတ်သာ ရယူနိုင်ခဲ့တာ ဖြစ်ပြီးဘရာဇီးလ် ခရီးကြမ်းကတော့ မချောမွေ့ခဲ့ ပါဘူး။

သေမင်းတမန်အုပ်စုထဲ ကျရောက်ခဲတဲ့ သြစတြေးလျအသင်းဟာ အုပ်စုပွဲစဉ် ၃ ပွဲလုံးရှုံးနိမ့်ခဲ့ပြီး ကျန်အသင်း ၃ သင်းက သရေတစ်ပွဲစီရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီရလဒ်ဟာ အာရှတိုက်အတွက်တော့ စိတ်မကောင်းစရာ ရလဒ်တစ်ခု ဖြစ်ခဲ့ပါတယ်။တောင်ကိုရီးယားအသင်းရဲ့ ခြေစွမ်းပိုင်း အလွန်ဆိုးရွားခဲ့ပြီး အီရန်အသင်း သရေရလဒ်တစ်ပွဲ ရယူနိုင်ခဲ့တာကတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။

ယခုနှစ်ပြိုင်ပွဲမှာတော့ အသင်းတိုင်းခြေစစ်ပွဲအောင်မြင်အောင် ရုန်းကန်ခဲ့ရပြီး ခက်ခက်ခဲခဲနဲ့ကို နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

အာရှအသင်းတွေ အနေနဲ့ ယခုနှစ်မဲခွဲဆုံးဖြတ်မယ့် အုပ်စုပွဲစဉ်တွေမှာ စပိန် ၊ ဂျာမနီ ၊ ပြင်သစ် ၊ ဘရာဇီးလ် နဲ့ အိမ်ရှင် ရုရှားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ဖို့ နီးစပ်နေပြီး ရုရှားတစ်သင်းသာ အလယ်အလတ်ရှိအသင်ဖြစ်ပြီး ကျန်အသင်းတွေကတော့ ထိပ်တန်းအဆင့်မှာ ရှိနေတဲ့အသင်းတွေပါ။

အာရှအသင်း ၅သင်းထားရှိရမယ့် ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲရှိပါတယ်။ ဒါကတော့ အုပ်စုအဆင့်ကိုဖြတ်ကျော်နိုင်ဖို့ပါ။ နောက်ထပ်တော့ အနည်းဆုံး အသင်း ၂ သင်းရှုံးထွက်အဆင့် တက်ရောက်နိုင်မှသာ ကျန်အသင်းရဲ့ လေးစားမှု ပြန်လည်ရရှိနိုင်ပြီး ၂၀၁၄ မှာကျရှုံးခဲ့တဲ့ အာရှတိုက်ရဲ့ သိက္ခာအတွက် ပြန်လည် အဖတ်ဆည် နိုင်တော့မှာ ဖြစ်ပါတယ်။

မှတ်ချက်များ။