၂၀၁၇ အာရှချန်ပီယံလိဂ်ဗိုလ်လုပွဲ ပထမအကျော့အတွက် အဓိက အားပြိုင်မှု (၃)ခု

Thet Htet Lin

၂၀၁၈ အာရှချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲပထမအကျော့ကို ယနေ့ည မြန်မာစံတော်ချိန် ည (၁၁)နာရီ (၁၅)မိနစ်အချိန် Al Hilal အသင်းနဲ့ Urawa Red Diamonds အသင်းတို့ဟာ King Fahd International Stadium မှာ ယှဉ်ပြိုင်ကစားတော့မှာဖြစ်ပါတယ်။
သူတို့(၂)သင်းလုံးဟာ လက်ရှိယှဉ်ပြိုင်လျက်ရှိတဲ့ သက်ဆိုင်ရာ နိုင်ငံလိဂ်အသီးသီးမှာ ထင်သလောက် မလုပ်နိုင်တာကြောင့် အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲနဲ့ မထိုက်တန်ဘူးလို့ တချို့ ကလည်း ဝေဖန်နေကြပါတယ်။
ဒါပေမယ့်လည်း (၂)သင်းစလုံးကတော့ အာရှချန်ပီယံလိဂ်ရဲ့ အဆင့်ဆင့်မှာ အနိုင်ရရှိပြီး ကျော် ဖြတ်နို်င်ခဲ့တာကြောင့် ဒီနေရာကို ရောက်လာခဲ့တာကို ဘယ်လိုမှ ငြင်းလို့မရနိုင်ပါဘူး။
သူတင်ကိုယ်တင်အနိုင်ရဖို့ ကြိုးစားတဲ့နေရာမှာ တစ်သင်းချင်းစီက အရည်ချင်းရှိကစားသမား တွေရဲ့ ခြေစွမ်းတွေက အရေးကြီးလှပါတယ်။ နှစ်သင်းစလုံးကတော့ ယှဉ်ပြိုင်မှုအဆင့်ဆင့်မှာ အနိုင်ရခဲ့တဲ့အသင်းတွေချည်းပါပဲ။
ဒါကြောင့် ဒီနေ့ည သူတင်ကိုယ်တင် အနိုင်ကြဲကြမယ့်ပွဲစဉ်မှာ ထိပ်တိုက်ရင်ဆိုင်ယှဉ်ပြိုင်ကြ မယ့် အဓိက ပြိုင်ဆိုင်မှု (၃)ခုကို FOX Sports Asia က သုံးသပ်ပေးထားပါတယ်။

အိုစမာဟော်ဆာဝီ နဲ့ ရှင်ဇိုကိုရိုကီ

ယခုနှစ်ရာသီ Urawa Red Diamonds အသင်းရဲ့ ကျော်ဖြတ်ခဲ့တဲ့ အဆင့်ဆင့်မှာ ရာဖေးလ် ဆေးလ်ဗားဟာ အဓိက ကစားသမားအနေနဲ့ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ရာဖေးလ်ဆေးလ်ဗား အတွက် အခွင့်အရေးတွေကို တစ်ကိုယ်ကောင်းမဆန်ဘဲ ဖန်တီးပေးနေသူကတော့ ရှင်ဇိုကိုရို ကီပဲဖြစ်ပါတယ်။

တိုက်စစ်ကိုလိုက်ပါကစားတဲ့အခါမှာ ကိုရိုကီရဲ့ တိုးအားနဲ့ တိကျတဲ့ဆုံးဖြတ်ချက်တွေက အခွင့်ရေးကောင်းတွေကို ဖန်တီးပေးပြီး တစ်ခါတစ်ခါ နောက်တန်းကစားသမားတွေကို အလုပ် ရှုပ်စေတာကြောင့် ရာဖေးလ်ဆေးလ်ဗားကို နေရာလွတ်တွေရရှိအောင် ဖန်တီးပေးသလိုဖြစ်နေ ပါတယ်။
ကိုရိုကီဟာ ဂိုးပေါက်ရှာဖွေတဲ့အခါမှာ တွေဝေတုံ့ဆိုင်းမှု မရှိဘဲ အဲဒီအရည်အချင်းကပဲ သူ့ကို ဂျေလိဂ် မှာ သွင်းဂိုး (၂၀)နဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်စေခဲ့ပါတယ်။
သူ့ရဲ့ အတွေ့အကြုံနဲ့ ဖျတ်လပ်မှုဟာ တစ်ဖက်နောက်တန်းကစားသမားတွေကိုအဓိက စောင့်ကြည့်အလုပ်ရှုပ်စေပါတယ်။ ဒါပေမယ့် Al Hilal အသင်းမှာလည်း ဒီလိုတိုက်စစ် ကစားသမားမျိုးကို အဓိက တုန့်ပြန်ကစားနိုင်တဲ့ ထိပ်တန်းနောက်ခံကစားသမားတစ်ဦး ရှိနေပြန်ပါတယ်။ သူကတော့ Al Hilal အသင်းရဲ့ ဗဟိုခံစစ်ကစားသမား အိုစမာဟော်ဆာဝီ ဖြစ်ပါတယ်။

အသက်(၃၃)နှစ်ရှိပြီဖြစ်ပေမယ့်လည်း အသင်းအတွက် တစ်ယောက်ချင်းထိပ်တိုက်ရင်ဆိုင် ရတဲ့ ဖျက်ထုတ်မှုတိုင်းမှာ တံတိုင်းတစ်ခုအဖြစ် ကြံ့ကြံ့ခံ ကစားပေးနေဆဲဖြစ်တဲ့ ၀ါရင့်ကစား သမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် ပွဲထွက်လူစာရင်းအသီးသီးမှာ ပါဝင်လာမယ့် ကိုရိုကီ နဲ့ ဟော်ဆာဝီတို့ရဲ့ တစ်ဦးချင်းအားပြိုင်မှုဟာ ပရိသတ်တွေအတွက် ဘောလုံးရသ အပြည့်ခံစားစေရမှာပါ။

နီကိုလပ်စ်မိုင်စီ နှဲု့ ယိုဆုခ်ကာရှီဝါဂီ


ပွဲစဉ်တိုင်းမှာ ကွင်းလယ်အားပြိုင်မှုဟာလည်း အဲဒီပွဲစဉ်ရဲ့ရလဒ်ကို သက်ရောက်မှုရှိစေတယ်ဆို တာ (၂)ဘက်အသင်းနည်းပြတိုင်း သိကြပါတယ်။
Ah Hilal ကွင်းလယ်ကစားသမား မိုင်စီနဲ့ Urawa Red Diamonds ကွင်းလယ်ကစားသမား ကာရှီဝါဂီတို့ဟာ အဓိကအားဖြင့် သက်ဆိုင်ရာအသင်းတွေအတွက် ကွင်းလယ်ကျောရိုးထိန်း ချုပ်ကစားမှုကို ဦးဆောင်နေကြတဲ့ ကစားသမားတွေဖြစ်ကြပါတယ်။

ကာရှီဝါဂါကတော့ တစ်ဖက်အသင်းရဲ့ ကောင်းမွန်တဲ့ပေးပို့တွေကို ဖျက်ထုတ်တဲ့နေရာမှာ ပိုမို ပါးနပ်ကျွန်းကျင်ပြီး ကွင်းလယ်နေရာလွတ်ရှာတဲ့ ကစားဟန်ကို အကောင်းဆုံးကျေညက်ထား သူဖြစ်ပါတယ်။
ဒီလိုပဲ တစ်ဖက်အသင်းရဲ့ ကွင်းလယ်ကစားသမား မိုင်စီကလည်း ဘောလုံးဖြန့်ဝေကစားတဲ့ နေရာမှာ ထိထိရောက်ရောက် စွမ်းဆောင်နိုင်ပြီး သူ့အသင်းကစားသမားတွေ နေရာယူ မမှန် တဲ့အချိန်မှာလည်း နောက်ကနေ လိုက်ပါ ပံ့ပိုးကစားပေးတတ်သူဖြစ်ပါတယ်။

ဒါကြောင့် Al Hilal အသင်းရဲ့နည်းပြအနေနဲ့ ကာရှီဝါဂီရဲ့ နေရာအကောင်းဆုံး ထိန်းချုပ်ကစား နိုင်မယ်ဆိုရင်တော့ သူတို့လိုချင်နေတဲ့ ကစားဟန်ပုံစံအနေအထားတစ်ခုကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ကားလို့စ်အဒူရာဒို နဲ့ တိုမိုအာကီမာကီနို

မကြာသေးခင်ကမှ ပြိုင်ပွဲရဲ့ ဂိုးအများဆုံးသွင်းယူသူကစားသမားဖြစ်ခဲ့တဲ့ အိုမာခါဘင် ဟာ Al Hilal အတွက် ဂိုးသွင်းယူပေးဖို့ အသင်းမှမျှော်လင့်ထားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ်ကစားသမားတစ်ဦးဖြစ်သူ ကားလို့စ်အဒူရာဒို ကိုလည်း မေ့ထားလို့မရပါ ဘူး။
အသင်းအတွက် လိုအပ်လာတဲ့အချိန်မှာ လိုအပ်သလိုနေရာယူကစားတတ်တာဟာ သူ့ရဲ့ ထူးခြားတဲ့စွမ်းရည်ပါ။ အဆိုပါဘရာဇီးအသင်းဟာ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တုန်းက ဟက်ထရစ် ဂိုးသွင်းယူပေးခဲ့ပြီး အာရှချန်ပီယံလိဂ်မှာ (၇)ဂိုးထိသွင်းထားနိုင်ပါ တယ်။

Urawa Red Diamonds အသင်းအတွက် အဓိက လုပ်ရမှာကတော့ ကာဘင်ကို အဓိက ထိန်းချုပ်ဖို့နဲ့ အဒူရာဒိုကို ဂိုးသွင်းဖို့ အခွင့်အရေးမပေးမိစေဖို့ပါ။ ဒီအရေးကြီး (၂)ချက်ကို အဓိက တာဝန်ယူမယ့်သကတော့ တိုမိုအာကီမာကီနိုပဲဖြစ်ပါတယ်။
ဂျပန်လက်ရွေးစင်အသင်းအတွက်သူဟာ ဗဟိုခံစစ်ကစားနေတဲ့အချိန်မှာ Urawa Red Diamonds အသင်းရဲ့ နည်းပြကတော့ သူ့ကို ဘယ်နောက်ခံလူနေရာမှာ ကစားစေခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ဒီပွဲမှာ ကားလို့စ်အဒူရာကို ကောင်းကောင်းထိန်းချုပ်နိုင်ပါမယ်။

သူ့ရဲ့ ဥရောပအတွေ့အကြုံတွေနဲ့အတူ မာမီနိုဟာ Al Hilal အသင်းကို အကောင်းဆုံး ရင်ဆိုင် ကစားသွားမှာဖြစ်ပြီး တိုက်စစ်ဆင်လာမှုတွေကို အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ။

မှတ်ချက်များ။