စင်ကာပူလက်ရွေးစင် အိုင်ယာဖန် ဖန်ဒီကို ခေါ်ယူဖို့ ပြန်ဆင်နေတဲ့ ဗန်ကောက် ဂရက်စ်

ထိုင်း လိဂ် ၁ အသင်းတစ်သင်းဖြစ်တဲ့ ဗန်ကောက် ဂရက်စ်အသင်းဟာ စင်ကာပူ ကလပ် ဟုမ်းယူနိုက်တက်အသင်းမှ စင်ကာပူလက်ရွေးစင် ကစားသမား ဖန်ဒီကိုေ ခ်ါယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။

အိုင်ယာဖန်ဟာ စင်ကာပူ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ ဖန်ဒီအာမက်ရဲ့ အငယ်ဆုံးသားဖြစ်ပြီး ဟုမ်းယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီမှာလည်း ဟုမ်းယူနိုက်တက် အသင်းအနေနဲ့ အမှတ်ပေးဇယား အဆင့်၃နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာလည်း အရှေ့တောင်အာရှရဲ့ တစ်သင်းတည်းသော ဗိုလ်လုပွဲရောက်ရှိခဲ့ပါတယ်။

ဖခင်ဖြစ်သူကစားခဲ့တဲ့ တိုက်စစ်မှူးခြေရာကို မနင်းခဲ့တဲ့ ဖန်ဒီဟာ လက်ရှိ အချိန်မှာ နောက်တန်းဗဟိုခံစစ်မှူးအဖြစ် ကစားနေပြီး စင်ကာပူလက်ရွေးစင် အသင်းနဲ့ ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့ ကစားသမားဖြစ်ပါတယ်။

The future belongs to those who believe in the beauty of their dreams ⌚️ Where will 2018 take me… ??

A post shared by Irfan Fandi (@irfanfandi17) on Nov 27, 2017 at 8:41pm PST

ငယ်ဘ၀ကို စပိန်နိုင်ငံ နဲ့ ချီလီနိုင်ငံတွေမှာ ကျင်လည်ခဲ့တဲ့ ဖန်ဒီဟာလက်ရှိအချိန် မှာအသက် ၂၀ အရွယ်ရှိနေပြီဖြစ်ပြီး ကစားတဲ့ပွဲတိုင်းမှာ ကောင်းမွန်တဲ့ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၀၁၈ ဘောလုံးရာသီမှာတော့ ထိုင်းမြေမှာ မြင်တွေ့ရဖွယ်ရှိနေ ပါတယ်။

ဖန်ဒီက သူ့ရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး “ကျွန်တော့် အေးဂျင့်နဲ့ အဖေတို့ တစ်ဖက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြုလုပ်နေပါတယ်။”

“ ကျွန်တော် အဓိက ကစားချင်တာကတော့ ဥရောပကလပ်အသင်းတစ်သင်းမှာ ဖြစ်ပြီး ထိုင်းကလပ်အသင်းအနေနဲ့ ကျွန်တော့်ကို တစ်နှစ်ထက်ပိုပြီး စာချုပ်ချုပ် လိုနေတာကြောင့် အပြောင်းအရွှေ့ကို စဉ်းစားနေတာပါ။ ဥရောပမှာ ပရော်ဖက်ရှင်နယ် တစ်ဦးအဖြစ် ရပ်တည်နိုင်မယ်ဆိုရင်လည်း အကောင်းဆုံး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှကလပ်အသင်းတွေမှာပဲ အမြဲမကစားလို ပါဘူး၊”လို့ပြောကြားခဲပါတယ်။

ဗန်ကောက် ဂရက်စ်အသင်းဟာ ယခုနှစ် ထိုင်းလိဂ် ၁ ရဲ့အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဖန်ဒီအပြင် ဟုမ်းယူနိုက်တက် တိုက်စစ်မှူး ပလာဇီဘတ်ကိုပါ  အသင်းထံခေါ်ယူသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

လာမယ့်ရာသီက စတင်ပြီး ထိုင်းကလပ်အသင်းများအနေနဲ့ လူစာရင်းမှာ အာဆီယံကစားသမားများ ထည့်သွင်းရမယ့် စည်းမျဉ်းထုတ်ပြန်ခဲ့တာကြောင့် ထိုင်းကလပ်အသင်းများ အနေနဲ့ အာဆီယံကစားသမားများကို အလုံးအရင်းနဲ့ ခေါ်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဖန်ဒီအနေနဲ့ကတော့ အသင်းပြောင်းရွှေ့ရန် စိတ်မ၀င်စားဘူးလို့လည်း ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

သူရဲ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖန်ဒီက “ကျွန်တော့်ကို နိုင်ငံခြားကလပ် အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ကျွန်တော်ဒီအသင်းမှာသာ ပျော်ပါတယ်။ ကျွန်တော့်ကိုခေါ်ဖို့ ကြိုးစားတဲ့ ဗန်ကောက် ဂရက်စ်အသင်းရဲ့ လူစာရင်းကို လေ့လာကြည့်ခဲ့ပါတယ် ၊ တကယ်ကောင်းတဲ့ လူစာရင်းကို ပိုင်ဆိုင် ထားတဲ့ သူတို့ ကျွန်တော့်ကို ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာကို ခုထိ မယံနိုင်သေးပါဘူး၊”

“ ကျွန်တော်လက်ရှိအချိန်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့်အနားယူနေရပေမယ့် ကျွန်တော့်ရဲ့ ရာသီကြိုပြင်ဆင်မှုတွေကတော့ စတင်နေပါပြီ၊ လာမယ့်ရာသီ အတွက် တကယ်ကို စိတ်လှုပ်ရှားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

YOU MAY BE INTERESTED အောင်သူနှင့် ခဏတာ

မှတ်ချက်များ။