နည်းပြသစ်ခန့်အပ်ခဲ့တဲ့ အင်ဒိုနီးရှား ထိပ်သီးကလပ် ပါဆစ်

မလေးရှားကလပ်အသင်းဖြစ်တဲ့ Johor Darul Ta’zim အသင်းရဲ့ နည်းပြဟောင်း ဖြစ်တဲ့ မာရီယို ဂိုမက်ဇက်ု အင်ဒိုနီးရှားကလပ် ပါဆစ်အသင်းက နည်းပြသစ် အဖြစ်ခန့်အပ်ခဲ့ပါတယ်။

အရှေ့တောင်အာရှမှာ JDT အသင်းကို ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်စေခဲ့တဲ့ ဂိုမက်ဇ်ဟာ JDT အသင်းနဲ့အတူ မလေးရှားစူပါလိဂ် ၂ ကြိမ်၊ မလေးရှား FA ဖလား ၁ကြိမ်နဲ့ AFC Cup ၁ ကြိမ်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့ပါ တယ်။

Wilujeng Sumping di #PERSIB Coach Roberto Carlos Mario Gomez! #NewCoach #NewHope #PERSIBsalawasna

A post shared by PERSIB (@persib_official) on Nov 27, 2017 at 6:08pm PST

ကလပ်အသင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့အတွက် မလေးရှား ဘောလုံးအဖွဲ့ချုပ်က ဂိုမက်ဇ်ကို နိုင်ငံလက်ရွေးစင်အသင်းနည်းပြ အဖြစ် ယခုနှစ် အစမှာ ခန့်အပ်ရန် ကမ်းလှမ်းခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် အသင်းတစ်သင်းကို ကြာရှည်ကိုင်တွယ်လိုခြင်း မရှိတဲ့ ဂိုမက်ဇ်ဟာ ကလပ်အသင်း သစ်တစ်သင်း ရှာဖွေခဲ့ပြီး အင်ဒိုနီးရှား ကလပ် ပါဆစ် အသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပါဆစ်အသင်း ကတော့ ယခုနှစ်ရာသီ အသင်း ၁၈ သင်းဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ပြိုင်ပွဲမှာ အဆင့် ၁၃ နေရာကိုသာရယူနိုင်ခဲ့တာကြောင့် လာမယ့်ရာသီပြင်ဆင်မှုအဖြစ် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ အက်ဆီယန် နဲ့ ကာတန်ကိုးလ်တို့ကို ခေါ်ယူ စာချုပ်ချုပ်ခဲ့ပါတယ်။

ကလပ်အသင်းရဲ့ ဖော်ပြချက်ကတော့ ဂိုမက်ဇ်အနေနဲ့ အသင်းရဲ့ ဒီရာသီ ကျဆုံးခဲ့တဲ့ ရလဒ်တွေအတွက် ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင် မယ်လို့ ယုံကြည်ကြောင်းနဲ့ လာမယ့်လမှာ အသင်းနဲ့ ပူးပေါင်းပြီး လေ့ကျင့်ရေး အစီအစဉ်တွေကို စတင်ပြုလုပ်တော့မှာ ဖြစ်တယ်လို့ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။

YOU MAY BE INTERESTED အောင်သူနှင့် ခဏတာ

မှတ်ချက်များ။