အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ရဲ့ အကောင်းဆုံးအသင်း

Thet Htet Lin

(၁၁)လကြာယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၇ ခုနှစ်အာရှချန်ပီယံလိဂ်ပြိုင်ပွဲကြီးကတော့ ပြီးခဲ့တဲ့ စနေ နေ့က ပြီးဆုံးခဲ့ပြီဖြစ်ပြီး အူရာဝါရက်ဒိုင်းမွန်းစ်အသင်းက ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက် နိုင်ခဲ့ပါတယ်။

အူရာဝါရက်ဒိုင်းမွန်းစ် အသင်းဟာ အယ်ဟီလာ အသင်းကို နှစ်ကျော့ပေါင်းရလဒ် (၂)ဂိုး ၊ (၁) ဂိုးနဲ့ အနို်င်ရရှိခဲ့ပြီး သူတို့အသင်းအတွက် ဆယ်စုနှစ်တစ်ခုအတွင်း ဒုတိယအကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
FOX Sports Asia ကတော့ ယခုနှစ် အာရှချန်ပီယံလိဂ်ရဲ့ အကောင်းဆုံး ကစားသမားများကို ရွေးချယ်ပြီး လက်ရွေးစင်အသင်းတစ်သင်း စုဖွဲ့ထားပါတယ်။

ယခုရွေးချယ်ခဲ့တဲ့စာရင်းမှာတော့ ချန်ပီယံ အူရာဝါရက်ဒ်အသင်းက နည်းပြ နဲ့အတူ ကစားသမား(၃)ဦးကိုရွေးချယ်ထားပါတယ်။
ဒါ့အပြင် ဒုတိယဆုရရှိခဲ့တဲ့ အယ်ဟီလာအသင်းမှ ကစားသမား (၅)ဦး၊ ဆီမီးဖိုင်နယ် အဆင့် ထိ တက်လှမ်းနိုင်ခဲ့တဲ ရှန်ဟိုင်းအက်စ်အိုင်ပီဂျီ အသင်းနဲ့ ပါစီပူးလစ် အသင်းမှ တစ်ဦးစီ ၊ ကွမ်ကျိုးအဲဗားဂရင်း အသင်းမှ တစ်ဦးကို ရွေးချယ်ထားပါတယ်။

Goalkeeper : ရှူဆာကာနီရှီကာဝါ ( အူရာဝါရက်ဒိုင်းမွန်း)
နီရှီကာဝါနဲ့ အယ်ဟီလာအသင်းရဲ့ဂိုးသမား အပ်ဗဒူလာအယ်မာယော့ဖ် တို့ (၂) ဦးထဲက နီရှီ ကာဝါကို ရွေးချယ်ခဲ့ပါတယ်။
နှစ်ဦးစလုံးဟာ ပြိုင်ပွဲတစ်လျှောက် ဂိုးမပေးရတဲ့ပွဲ (၅)ပွဲစီရှိခဲ့ပေမယ့် ဗိုလ်လုပွဲ (၂)ကျော့မှာ တော့ အယ်မာယော့ဖ် က တစ်ဂိုးပိုပြီး ခွင့်ပြုပေးခဲ့ရပါတယ်။

ဗိုလ်လုပွဲရဲ့ ပထမအကျော့မှာဆိုရင် အယ်မာယော့ဖ်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု (၅)ကြိမ် လောက်ထိ ကာကွယ်ခဲ့နိုင်ပေမယ့် ထိပ်တန်းဂိုးသွင်းကစားသမား အိုမာခါဘင်ရဲ့ အပိုင် အခွင့် အရေး(၂)ကြိမ်ကို ကာကွယ်မှုလောက်တော့ ပြောပလောက်စရာမရှိခဲ့ပါဘူး။

Right-back : မိုဟာမက်အယ်ဘူရက် (အယ်ဟီလာ)

ရှေးရိုးလမ်းစဉ်အတိုင်းလိုက်မယ်ဆိုရင်တော့ ညာနောက်တန်းကစားသမားရဲ့ နေရာဟာ ငြီးငွေ့ ဖွယ်ကောင်းတယ်လို့သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း ဒယ်နီအဲဗက်စ် ၊ ဘယ်လာရင်တို့ လိုကစားသမားတွေကတော့ သူတို့ရဲ့ အဆိုပါနေရာကို ပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိပါဘူး။ အယ်ဘူရက်လည်း ဒီလိုပါပဲ။ အသက်(၂၅)နှစ်အရွယ် အယ်ဘူရက်ကတော့ အယ်ဟီလာအ သင်းအတွက် သူ့ရဲ့နေရာမှာ အကောင်းဆုံးကစားထားနိုင်ပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် တွေကို လုပ်ပြထားနိုင်ပါတယ်။

Centre-back : အိုစမာဟာဆာဝီ ( အယ်ဟီလာ)

အသက်(၃၃)နှစ်အရွယ် ဟာဆာဝီရဲ့ ခြေစွမ်းဟာ ငယ်ရွယ်စဉ်ကလောက် မလုပ်ပြနိုင်တော့ ပေမယ့်လည်း သူ့ရဲ့ အတွေ့အကြုံနဲ့ တည်ငြိမ်မှုကတော့ အယ်ဟီလာအသင်းအတွက်သာ မက ဆော်ဒီအာရေးဗျ လက်ရွေးစင်အသင်းအတွက်ပါ အရေးပါနေတုန်းပါ။
ပြိုင်ဘက်အသင်းတွေ အယ်ဟီလာအသင်းနဲ့ တွေ့တိုင်း နောက်တန်းမှာ သူနဲ့ တစ်ဦးချင်းရင် ဆိုင်တွေ့ပြီဆို ကျော်ဖြတ်နိုင်ဖို့ တော်တော်လေးကို ခဲယဉ်းပါလိမ့်မယ်။

နောက်ဆုံးဗိုလ်လုပွဲမှာတော့ ကံဆိုးစွာနဲ့ပဲ ရာဖေးရဲ့ လှပတဲ့သွင်းဂိုး ကိုခွင့်ပြုခဲ့ရပြီး ဂိုးပေး လိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲထိ တက်လှမ်းခဲ့တဲ့ပွဲစဉ်တွေတစ်လျှောက် အယ်ဟီလာ အသင်းအတွက် သူ့ရဲ့ စွမ်းဆောင်မှုတွေဟာ အသိမှတ်ပြုစရာတစ်ခုအဖြစ် ရှိနေ ဆဲပါပဲ။

Centre-back : ဂျာလာဟိုစင်နီ (ပါစီပူးလစ်)

ဟောင်းနေဆဲကောင်းနေမြဲ ဆိုတဲ့စကားအတိုင်းပါပဲ။ ဂျာလာဟိုစင်နီကတော့ ဟာဆာဝီ ထက် အသက်အရွယ်အားဖြင့် ပိုကြီးပါတယ်။

အသက်(၃၆)နှစ်ကိုကျော်လွန်လာပြီဆိုပေမယ့်လည်း ဟိုစင်နီကတော့ အသင်းအတွက် အရေး ပါတဲ့နေရာကနေကစားပေးနေဆဲဖြစ်ပြီး နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်(၄)ပွဲမှာ (၃)ပွဲ ဂိုး မပေးရအောင် အကောင်းဆုံးစွမ်းဆောင်ထားပါတယ်။

ခြေစွမ်းကို ပုံမှန်ထိန်းပြီး ကစားလေ့ရှိတဲ့ကစားသမားဖြစ်ပြီး တစ်ခါတစ်ခါတော့ သူ့ရဲ့ ခြေစွမ်း ကိုပရိသတ်တွေ သတိမပြုမိပါဘူး။ ဒါပေမယ့်လည်း ပြိုင်ပွဲရဲ့ ပွဲစဉ်(၅)ပွဲမှာ ပွဲထွက်ကစားခွင့်နဲ့ လွဲချော်ခဲ့ရပြီး ဒါဟာ သူ့ကို ခံစားရစေပါတယ်။

Left-back : တိုမိုအာကီမာကီနို(အူရာဝါရက်ဒိုင်းမွန်းစ်)

အူရာဝါရက်ဒိုင်းမွန်းစ်အသင်းအနေနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အတိုင်းအတာတစ်ခုမှာ မာကီနိုဟာ စုစု ပေါင်း(၁၂၉ ၀)မိနစ် ပါဝင်ကစားထားပေးပါတယ်။ သူဟာယခင်က ဗဟိုခံစစ်နေရာမှာလည်း ထိရောက်စွာကစားနိုင်ခဲ့ပြီး ယခုဘယ်နောက်ခံနေရာကို ပြောင်းကစားချိန်မှာလည်း အဲဒီစွမ်း ဆောင်ရည်နဲ့ တူညီတဲ့ ပုံစံတစ်ခုကို လုပ်ပြထားနို်င်ပါတယ။်

ကိုလုံးကစားသမားအဖြစ်ဖြတ်သန်းခဲ့စဉ်က ရရှိခဲ့တဲ့အတွေ့အကြုံတွေဟာ လက်ရှိချိန်မှာ သူ့ကို ပြည်တွင်း ၊ ပြည်ပ ဘယ်လိုကစားသမားနဲ့မဆို ရင်ဆိုင်ရ ရင်ဆိုင်ရ တုန့်ဆိုင်းနေစရာမလိုဘဲ လိုအပ်သလို ဟန့်တားနိုင်အောင် သင်ကြားပေးခဲ့ပါတယ်။

ယခုနှစ်ပြိုင်ပွဲတစ်လျှောက် (၁၄)ပွဲကစားရာမှာ တစ်ဖက်တိုက်စစ်ကစားသမားတွေကို တွန်းတွန်းတိုက်တိုက်ဟန့်တားရပေမယ့်လည်း အ၀ါကဒ်(၂)ကတ်သာ ပြသခံရတာကိုကြည့် ရင် သူဟာ ဘယ်လောက်သန့်သန့်ရှင်းရှင်းကစားတတ်တဲ့ကစားသမားလဲဆိုတာကို သိသာ စေပါတယ်။

Central Midfield : ပေါ်လင်ဟို (ကွမ်ကျိုးအဲဗားဂရင်း)

ပေါ်လင်ဟိုကတော့ ကွမ်ကျိုးအသင်းအတွက် ရာသီဝက်သာ ပါဝင်ကစားခွင့်ရပေမယ့်လည်း သူ့ရဲ့ ခြေစွမ်းကြောင့် ဒီရွေးချယ်မှုမှာပါဝင်ခဲ့ပါတယ်။ ပေါ်လင်ဟိုဟာ ရာသီဝက်ကစားအပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။

ကွမ်ကျိုးအသင်းဟာ ယခုနှစ်အာရှဖလားရဲ့ အုပ်စုအဆင့်ကနေ ရှုံးထွက်အဆင့်ကိုတက်လှမ်း နိုင်ခဲ့ရာမှာ ပေါ်လင်ဟိုသွင်းယူပေးခဲ့တဲ့ သွင်းဂိုး(၃)ဂိုးကလည်း ကြီးမားတဲ့အထောက်အပံ့ဖြစ် ခဲ့ပါတယ်။

ရှုံးထွက်အဆင့် မှာ ကာရှီမာအန်တလာ အသင်းနဲ့ နှစ်ကျော့ပေါင်း တစ်ဘက်(၂)ဂိုး စီ သရေ ကျခဲ့ရာမှာ (၂)ဂိုးစလုံးကို ပေါ်လင်ဟိုကသွင်းယူပေးခဲ့ပါတယ်။ ဒုတိယအကျော့မှာဆိုရင် သူ့ရဲ့ တိုက်စစ်ဆင်မှုတွေဟာ အသင်းအတွက်အရေးပါခဲ့ပြီး အဝေးဂိုးစည်းမျဉ်းအရ ကွမ်ကျိုးအသင်း နောက်တစ်ဆင့်တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Central Midfield : နစ်ကိုးလက်မိုင်စီ (အယ်ဟီလာ)

ပေါ်လင်ဟို လိုပဲ နစ်ကိုးလက်မိုင်စီဟာ အယ်ဟီလာအသင်းအတွက် အရည်အချင်းရှိတဲ့ ကွင်း လယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ လိုအပ်ချက်အလိုက် တစ်ဘက်တိုက်စစ်ကို ဟန့်တား ကစားတတ်သလို ရှေ့တန်းထိလိုက်ပါပြီး အခွင့်အရေးတွေဖန်တီး ၊ ဂိုးတွေသွင်းပေးလေ့ရှိတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ယခုနှစ်မှာ မိုင်စီအတွက် မှတ်မှတ်ရရစွမ်းဆောင်နိုင်မှုကတော့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ် အယ်ရေယန်အသင်းကို (၄)ဂိုး ၊ (၃)ဂိုး နဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့တာ ပါပဲ။ ဒါ့ပြင် ကွာတားဖိုင်နယ် ဒုတိယအကျော့ အယ်လ်အင် အသင်းကို (၃)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိ ရာမှာလည်း ကားလို့စ်အယ်ဒူရာဒိုအတွက် ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။

Attacking Midfield : ကားလို့စ်အယ်ဒူရာဒို (အယ်ဟီလာ)

တိုက်စစ်မှူးစစ်စစ် တစ်ယောက်မဟုတ်ပေမယ့်လည်း ကားလို့စ်အယ်ဒူရာဒိုကတော့ ဂိုးသွင်း ယူခြင်းနဲ့ အစိမ်းသက်သက်မဖြစ်ဘဲ ပြိုင်ပွဲတစ်လျှောက် (၇)ဂိုး ထိသွင်းယူပေးခဲ့ပါတယ်။

အယ်အင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း အယ်ဒူရာဒို ရဲ့ ဂိုးဖန်တီးမှုဟာ သွင်းဂိုးထက် ပိုများခဲ့ပါတယ်။ တစ်ဘက်ကစားသမားနဲ့ ရင်ဆိုင်တွေ့ရင် သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ဘောလုံးကို ချဲထုတ်ဆွဲပြေးပြီး ကစားဖော်တွေဆီ သပ်ရပ်တဲ့ ပေးပို့မှုတွေ ကို လုပ်ပြလေ့ရှိပါတယ်။

ကံဆိုးစွာနဲ့ပဲ ဗိုလ်လုပွဲပထမအကျော့ ပွဲအစ(၁၉ )မိနစ်မှာပဲ အယ်ဒူရာဒိုဟာ ဒဏ်ရာကြောင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။ ဘယ်သူသိနိုင်မလဲ ။ သူသာဒဏ်ရာမရဘူးဆို အယ်ဟီ လာအသင်း ဖလားတောင်ရသွားနိုင်တယ်ဆိုတာကို။

Right forward : ဟက်ခ်(ရှန်ဟိုင်းအက်စ်အိုင်ပီဂျီ)

ရှန်ဟိုင်းအသင်းဟာ ဆီမီးဖိုင်နယ်ထိရောက်ပြီးမှ ပြိုင်ပွဲကို နုတ်ဆက်ခဲ့ရတဲ့အသင်းဖြစ်ပေမယ့် ဒါဟာ ဟက်ခ် တစ်ယောက်တည်းရဲ့ ပယောဂတော့မဟုတ်ပါဘူး။

နောက်ဆုံးပွဲစဉ်မှာ သူ့ရဲ့တစ်ကိုယ်တော်အစွမ်းနဲ့ ဂိုးသွင်းခွင့်ရဖို့ အကောင်းဆုံးအခြေအနေတစ် ခုကိုဖန်တီးပေးခဲ့ပေမယ့် သူ့အသင်းဖော်တွေကတော့ တိကျသေချာစွာ အဆုံးမသတ်နိုင်ခဲ့ပါ ဘူး။

ပြိုင်ပွဲတစ်လျှောက်လုံးမှသွင်းယူခဲ့တဲ့ သွင်းဂိုး(၉ )ဂိုးနဲ့အတူ ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

Left forward : ရာဖေးဆေးလ်ဗား (အူရာဝါရက်ဒိုင်းမွန်းစ်)

ပြိုင်ပွဲအစမှာ ရာဖေးဆေးလ်ဗားဟာ အသင်းရဲ့ ဦးစားပေးကစားသမားအဖြစ် သတ်မှတ်မခံခဲ့ ရပေမယ့်လည်း သူ့ရဲ့သွင်းဂိုးနဲ့ ချန်ပီယံဆုရရှိပြီးခဲ့ချိန်မှာ ဘယ်သူမှ ဒါကိုမထောက်ပြတော့ပါ ဘူး။ ရာဖေးဟာ အသင်းအတွက် အရေးပါတဲ့ဂိုးတွေကိုလည်း ပြိုင်ပွဲအတွင်းသွင်းယူပေးခဲ့ပါ တယ်။

ပါဝင်ကစားခဲ့တဲ့ (၆၁၀)မိနစ်မှာ (၉ )ဂိုးသွင်းယူထားနိုင်တဲ့ ရာဖေးရဲ့ ဂိုးသွင်းနှုန်းဟာ (၆၈)မိနစ်တိုင်းကို တစ်ဂိုးနှုန်းသွင်းယူထားပါတယ်။

Centre Forward : အိုမာခါဘင်(အယ်ဟီလာ)

အိုမာခါဘင်အတွက်တော့ ၂၀၁၇ ခုနှစ်ဟာ စိတ်မကျေနပ်ဖွယ်တွေနဲ့ပြည့်နေတဲ့ နှစ်လို့ဆိုရ ပါမယ်။ ကလပ်အသင်းအယ်ဟီလာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အူရာဝါရက်ဒ်အသင်းကို ရှုံးနိမ့်ခဲ့သလို ဆီးရီးယားအသင်းကလည်း ၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ သီသီလေးလွဲချော်ခဲ့ ပါတယ်။

အိုမာခါဘင်ဟာလည်း အာရှကလပ်တွေရဲ့ အကောင်းဆုံးထဲက တစ်ဦးအပါအ၀င်ဖြစ်အောင် သူ့ကိုယ်သူ ကြိုးစားတည်ဆောက်ခဲ့သူဖြစ်ပါတယ်။

ယခုနှစ်အာရှချန်ပီယံလိဂ်ပွဲစဉ်တွေရဲ့ အစောပိုင်းပွဲစဉ်တွေမှာ သူ့အနေနဲ့ အဓိကမကျခဲ့ပေမယ့် လည်း အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်လာအောင် စွမ်းဆောင်မှုတစ်ချို့လုပ်ပြခဲ့ပြီး အခွင့်ကောင်းစောင့်ဆိုင်းခဲ့သူဖြစ်ပါတယ်။

ပြိုင်ပွဲတစ်လျှောက်သွင်းဂိုး(၁၀)ဂိုး သွင်းယူနိုင်မှုနဲ့အတူ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

Coach : တာကာဖူမီဟိုရီ ( အူရာဝါရက်ဒိုင်းမွန်းစ်)

တာကာဖူမီဟိုရီဟာ ယခုနှစ်ရာသီအစမှာ နည်းပြဟောင်း ပီထရိုဗစ်နေရာမှာ ခန့်အပ်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

တာကာဖူမီဟိုရီလို စတင်တာဝန်ယူပြီး အချိန်တိုအတွင်းမှာ ယခုလိုအောင်မြင်မှုရဖို့ဆိုတာ လွယ်တော့မလွယ်လှပါဘူး။ သူ့ရဲ့ တာဝန်ယူမှုအောက်မှာပါ အူရာဝါရက်ဒိုင်းမွန်းစ် အသင်း ဟာ အသင်းရဲ့ သက်တမ်းတစ်လျှောက် ဒုတိယမြောက် အာရှချန်ပီယံလိဂ်ဖလားကိုကိုင် မြှောက်ခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူ့ရဲ့ မြင်သာစေတဲ့ အားသာချက်တွေကတော့ အသင်းကို ကောင်းမွန်စွာ စီမံနိုင်ပြီး အသင်း စည်းကမ်းပိုင်းဆိုင်ရာ ကောင်းမွန်အောင်အုပ်ချုပ်တတ်တာဖြစ်ပြီး ဒီအချက်တွေကပဲ သူတို့ အသင်းကို အောင်မြင်မှုရဖို့ အတိုင်းအတာတစ်ခုထိထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

ဟိုရီဟာ သူ့ရဲ့ကစားသမားတစ်ချို့ကို ပုံမှန်ကစားနေကျမဟုတ်တဲ့နေရာမှာ စမ်းသပ်အသုံးပြု ဖို့ဝန်လေးတတ်တဲ့နည်းပြမဟုတ်သလို အရေးကြီးတဲ့အချိန်မှာ သင့်တော်တဲ့ကစားသမားတွေ ကို အခွင့်အရေးပေးတတ်တဲ့နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

မှတ်ချက်များ။