အရှေ့တောင် အာရှ ကို အာရှမြေမှာ အသိအမှတ်ပြုစေခဲ့တဲ့ ဗီယက်နမ် နဲ့ မလေးရှား

ဒီတစ်ပတ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေမှာတော့ အရှေ့တောင်အာရှ ဘောလုံးပရိသတ်တွေအတွက် ထူးခြားမှုတွေ ရှိနေခဲ့ပါတယ်။

အာရှ အသက် ၂၃ နှစ်အောက် ချန်ပီယံရှစ်ပြိုင်ပွဲမှာ အရှေ့တောင်အာရှရဲ့ ဒေသတွင်းအသင်း ၂ သင်းဖြစ်တဲ့ မလေးရှားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ဗီယက်နမ်အသင်းကတော့ နောက်တစ်ဆင့်ကို ထပ်မံ တက်လှမ်းနိုင်ခဲ့ပါတယ်။

မလေးရှားအသင်းကတော့ ကွာတားဖိုင်နယ်မှာ တောင်ကိုရီးယားနဲ့ တွေ့ဆုံခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးမိနစ် သွင်းဂိုးကြောင့်သာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

ဗီယက်နမ်အသင်းကတော့ အီရတ်အသင်းတို့ အချိန်ပို မိနစ် ၃၀ ထပ်မံကစားခဲ့ချိန်ထိ ၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ ကန်သွင်းခဲ့ရပြီး ဗီယက်နမ်အသင်းက ပင်နယ်တီသွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဗီယက်နမ်အသင်း ကာတာ အသင်းနဲ့ ရင်ဆိုင် ရမှာဖြစ်ပါတယ်။ ရှေ့မှာဖြစ်လာမယ့် အရာတွေက ဘယ်လိုရလဒ်ပဲ ဖြစ်နေပါစေ လတ်တလောမှာ ပြန်ပြောင်းပြောချင်တာက ဘယ်လိုမျိုးဖြစ်ရပ်တွေ ဖြစ်ခဲ့လည်း ဆိုတာပါ။

အရှေ့တောင်အာရှ အသင်းတွေအနေနဲ့ သူတို့ရဲ့ ကြံ့ခိုင်မှုကို ပြသနိုင်ခဲ့တာ ဖြစ်ပြီး ယခင်က အရှေ့တောင်အာရှ နိုင်ငံတွေဆိုရင် ယာဉ်လမ်းကြောင်း ပြဿနာ တွေ နဲ့ ခေါက်ဆွဲ ဟင်းပွဲတွေ အရသာ ရှိတာက အာရှတိုက်အတွင်းမှာ ဘောလုံး အသင်းတွေထက် နာမည်ပိုကျော်ကြားပါတယ်။

အခုအချိန်မှာတော့ မီဒီယာတွေ ပြောစမှတ်တွင်ရမယ့် အကောင်းဆုံး ပွဲတွေရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် နဲ့ သစ်လွင်တဲ့ သတင်းတစ်ရပ်အနေနဲ့ ပြောစမှတ် တွင်အောင် အရှေ့တောင် အာရှအသင်းတွေ စွမ်းဆောင်နိုင်ခဲ့ပါပြီ။ အရှေ့အာရှ နဲ့ အနောက်အာရှ က အားကစားပရိသတ်တွေအနေနဲ့ မနက်မိုးလင်း လို့ သတင်းဖတ်ရှုမယ့် အချိန်မှာတော့ ယခင်နဲ့ မတူတဲ့ အာရှတိုက်တွင်းက အသင်းတွေလို့ ဆိုရမယ့် အသင်းသစ်တွေရဲ့ လေးစားဖို့ ကောင်းတဲ့ အကြောင်း တွေကို မြင်တွေ့ရမှာပါ။

တောင်ကိုရီးယားအသင်း ပွဲအစ ၁၅ စက္ကန့်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့အချိန်မှာ မလေးရှားအသင်း ပရိသတ်တွေ ရင်ထဲဖြစ်ပေါ်ခဲ့တဲ့ ခံစားချက်ကို ခံစားမိပါတယ်။ ပြီးခဲ့တဲ့ နှစ်အစောပိုင်း ကာလတွေမှာ မလေးရှားလက်ရွေးစင်အသင်းရဲ့ ရလဒ်ပိုင်းတွေ ကျဆင်းခဲ့ပြီး အာရှရဲ့ အသင်းကြီးတစ်သင်းလို့ဆိုရမယ့် ဆော်ဒီ အာရေဗျအသင်းကို အနိုင်ရရှိခဲ့တဲ့ နောက်မှာတော့ အသင်းပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာခဲ့ပါတယ်။ တောင်ကိုရီးယား အသင်း တစ်မိနစ် မပြည့်ခင်မှာပဲ ဦးဆောင်ဂိုး ရယူနိုင်ခဲ့တဲ့အတွက် အသင်းပရိသတ်တွေ ရဲ့စိတ်ထဲမှာ သွင်းဂိုးတွေ ဘယ်လောက်တောင် ခွင့်ပြုရမှာလည်း ဆိုတဲ့စိတ်ဝင်ခဲ့ မှာပါ။ အာလုံးကလည်း တောင်ကိုရီးယားအသင်းကို မလေးရှားအသင်း ၁၀ ဂိုးဂိုး မရှိနဲ့ တစ်ကြိမ် ၊ ၆ ဂိုး ဂိုးမရှိနဲ့ တစ်ကြိမ်ရှုံးနိမ့်ခဲ့တာကို ပြန်လည်သတိရစေခဲ့ ပါတယ်။

ဒါပေမယ့် ဒီပွဲစဉ်မှာ မလေးရှားအသင်း ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရခြင်း မရှိသလို ပရိသတ်တွေ နဲ့ အားလုံးအတွက် အမှတ်ရစရာ နေ့တစ်နေ့တော့ ဖြစ်စေခဲ့ပါတယ်။ အသင်းကို အားပေးရတာ စိတ်ဓါတ်ကျနေတဲ ပရိသတ်တွေ ကို စိတ်လှုပ်ရှားမှုတွေ ပြန်လည်ရရှိစေခဲ့သလို ယခင်က မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ မလေးရှားအသင်းကို မီဒီယာ တွေမှာ အလေးပေးရေးသားမှုကို ပြန်လည်မြင်တွေ့ ခဲ့ရတာ ဖြစ်တာကြောင့် ဒီနေ့ဟာ မလေးရှားအသင်းတွက် အရေးပါတဲ့ နေ့တွေထဲ ကတစ်နေ့ ဖြစ်နေမှာပါ။

ဒီလို နိုင်ငံအတွက် အသက် ၂၃ နှစ်အောက် အသင်းအနေနဲ့ ခံစားချက် ကောင်းတွေ ရရှိနိုင်ဖို့တွက် စွမ်းဆောင်ပေးနိုင်ခဲ့တာက ပထမဆုံးအကြိမ်ပါ။ ပြီးခဲ့တဲ့ ရက်တွေမှာ မလေးရှားနိုင်ငံ အသင်းပရိသတ်တွေကြားမှာ အကောင်းမြင် ၀ါဒီနဲ့ ကြည့်ရှုခြင်းမခံခဲ့ရပဲ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းတစ်သင်းရဲ့ အခြေအနေဟာ အကောင်းမြင်ဝါဒအဖြစ် ပြောင်းလဲရှေ့ဆက်နိုင်ခဲ့ ပါတယ်။

တောင်ကိုရီးယားအသင်းကို မလေးရှားအသင်း ပွဲပြီးဆုံးခါနီးထိ အကောင်းဆုံး တုံ့ပြန် ကစားနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်မှာသာ အရှုံးပေးခဲ့ရတာပါ။ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ နော်အဇန်အဇစ်ရဲ့ ခြေစွမ်းပိုင်းကတော့ ပြိုင်ပွဲရဲ့ အတိုးတက်ဆုံး ကစားသမားတစ်ဦးအဖြစ်ရှိနေခဲ့ပါတယ်။ ဒန်နီရယ် အေမာ ၊ ဒိုမီနစ်တန် ၊ မတ်ဒေးဗစ် နဲ့ ဆာဖာဝီ ရာစစ်တို့ဟာ အသင်းအတွက် သူရဲကောင်းတွေအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

အစောပိုင်း သွင်းဂိုးခွင့်ပြုလိုက်ရတာကြောင့် မေလေးရှားအသင်း ပရိသတ်တွေ အနေနဲ့ မလေးရှားအသင်း ပြန်မလာနိုင်တော့ဘူးလို့ ထင်ခဲ့တဲ့အချိန်တိုလေး အတွင်းမှာပဲ အံ့အားသင့်စရာ အခြေအနေတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ မလေးရှား အသင်းနည်းပြ အွမ်ကမ်ဆွီးအနေနဲ့ အသင်းကို စည်းကမ်းပိုင်း ၊ တစ်ဦးနဲ့တစ်ဦး သဟဇာတ ဖြစ်မှုပိုင်းနဲ့ ယုံကြည်မှုပိုင်းတွေကို အကောင်းဆုံးတည်ဆောက်ပေး ထားခဲ့ပြီး အရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ နိုင်ပွဲတွေဆီ ကြိုးကြိုးစားစား ပြန်လာနိုင်အောင် လေ့ကျင့်ပေးထားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မလေးရှာအသင်း စွမ်း ဆောင်ခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းက အပေါင်းလက္ခဏာဆောင်နေတယ်လို့ ပြောရမှာဖြစ်ပြီး အရှေ့ကိုအကောင်းဆုံး ဆက်သွားနိုင်ဖို့က သေချာနေခဲ့ပါပြီ။

နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဗီယက်နမ်အသင်းကတော့ တခြားရည်ရွယ်ချက် တစ်ခုနဲ့ ဒီပြိုင်ပွဲကို ၀င်ရောက်ခဲ့တယ်လို့ ဆိုရမှာပါ။ သူတို့ အသင်းအဓိကထားတာ ၂၀၁၉ အာရှဖလားပွဲတွက် အသင်းကို အတွေ့အကြုံရဖို့ ပစ်မှတ်ထား ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အီရတ်အသင်းကို အနိုင်ရရှိခဲ့ ပြီးတဲ့နောက်မှာတော့ အာရှရဲ့ ထိပ်တန်း အသင်းတစ်သင်းကို အနိုင်ရရှိဖို့ ဗီယက်နမ် အသင်း မျှော်လင့်မထားတာ သေချာပါတယ်။ ဒါပေမယ့် အနိုင်ရလဒ် ရယူနိုင်ခဲ့ပြီးတဲ့ လက်ရှိအချိန်မှာတော့ အသင်းသားတွေ အားလုံးရဲ့စိတ်ထဲမှာ ယုံကြည်ချက်တွေ ရှင်သန်လာခဲ့ပါတယ်။

အီရတ်အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာ ဗီယက်နမ်အသင်း ဖြစ်ပြီး အီရတ်အသင်းက ခြေပဂိုးတွေ ဦးဆောင်ဂိုးတွေနဲ့ ဗီယက်နမ်အသင်းကို အချိန်ပို မှာ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဗီယက်နမ်အသင်း ၃ ဂိုး ၂ ဂိုးရလဒ်ထိ ရယူနိုင်ခဲ့ပြီး နောက်ဆုံးမိနစ်မှသာ ခြေပဂိုးပေးခဲ့ရပြီး သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။ ပင်နယ်တီ အဆုံးဖြတ်ကန်သွင်းယူရာမှာတော့ အနိုင်ရရှိပြီး အသင်းကလည်း ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဗီယက်နမ်အသင်းကတော့ အောက်ခြေကနေစတင်ပြီး အမြင့်ဆုံးအောင်မြင်မှုကို ရယူနိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ အာဆီယံဒေသတွင်း ပရိသတ်တွေကလည်း ကိုယ်ပိုင် အပြုံးတွေနဲ့ သူတို့ရဲ့ အောင်မြင်မှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီလို ပြသနိုင်တဲ့ ခြေစွမ်းတွေကြောင့် အာရှအသင်းကြီးတွေမှာ ဒေသတွင်း ကစားသမားတွေ သွားရောက်ကစားနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်ခဲ့ပြီး နိုင်ငံ တကာ စင်မြင့်ထက်မှာတော့ ဗီယက်နမ်အသင်း နဲ့ မလေးရှားအသင်းတို့ ဒေသတွင်းရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ပြီဆိုရမှာပါ။

မှတ်ချက်များ။