Thai Navy Fc ကို ပြောင်းရွှေ့ခဲ့တဲ့ စင်ကာပူ ကစားသမား ဂါဘရီရယ်ကွက်

စင်ကာပူ တောင်ပံကစားသမား ဂါဘရီရယ် ကွက် Thai Navy Fc အသင်းကို ပြောင်းရွှေ့ခဲ့ပြီးတဲ့ နောက်မှာတော့ ယခုနှစ်အတွင်း ထိုင်းလိဂ်ကို စတုတ္ထမြောက် ပြောင်းရွှေ့ခဲ့တဲ့ စင်ကာပူ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ထိုင်း လိဂ် ၁ ပြိုင်ပွဲစတင်ဖို့ တစ်ပတ်သာ လိုတော့တဲ့အချိန်မှာ Navy Fc အသင်း က စင်ကာပူကလပ် Warriors Fc အသင်းမှ ဂါဘရီရယ်ကွက်ကို အံအားသင့် စရာ အပြောင်းအရွှေ့တစ်ခုအဖြစ် လက်မှတ်ထိုး ခေါ်ယူခဲ့ပါတယ်။

ကွက်ဟာ Warrior အသင်းကို ဂိုင်လန် အသင်းကနေ ၂၀၁၈ ခုနှစ်အတွက် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ချောင်ဘူရီ အခြေစိုက် Satthahip Navy Stadium မှာ ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ကလပ်အသင်းတွေကို စင်ကာပူ လက်ရွေးစင် ကစားသမား တွေဖြစ်တဲ့ အဇ်ဝန် မာဘတ် ၊ ဟတ်ဆန် ဆန်နီ နဲ့ ဇန်ဖာဟာမီ အာရီဖင်တို့ ရောက်ရှိနေခဲ့ ပြီးဖြစ်တာကြောင့် ကွက်ဟာ ၄ ဦးမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ကွက် အနေနဲ့ အသင်းတာဝန်ရှိသူတွေနဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ်မချုပ်ဆိုခင်မှာ ဆေးစစ်မှုကို အရင်ခံယူခဲ့ရပါတယ်။

စင်ကာပူကလပ် Young Lion အသင်းမှ ကစားသမား ဘ၀ စတင်ခဲ့ပြီး ပြသခဲ့တဲ့ တိုက်စစ်ပိုင်း ခြေစွမ်းတွေကြောင့် မလေးရှားကလပ် Lions XII အသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းကို မလေးရှားစူပါလိဂ်ရဲ့ ချန်ပီယံ ဖြစ်စေခဲ့သလို FA ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပြီး အသင်းတွက် ကစားခဲ့တဲ့ ပွဲ ၈၀ မှာ ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Fox Sports Asia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ သူရဲ့ တခြားပြိုင်ပွဲတစ်ခု ကို ပြောင်းလဲကစားချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်ပေးခဲ့တဲ့ Warriors FC နဲ့ Navy FC ရဲ့ တာဝန်ရှိသူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။

“ဘောလုံးသမားတိုင်းက ပြည်ပမှာ ထွက်ကစားချင်တဲ့ ဆန္ဒရှိပြီး ကျွန်တော်လည်း သူတို့နဲ့ မကွဲပြားတဲ့ သူတစ်ဦးပါ။”

“ပြီးခဲ့တဲ့ ကြာသပတေး နေ့ညမှာ ဗန်ကောက်မှာ ရှိတဲ့ ကျွန်တော့်ရဲ့ အေးဂျင့်ဖြစ် သူက ကျွန်တော့်ကိုဖုန်းခေါ်ပြီး Navy အသင်းက ရာသီသစ်အတွက် ချက်ခြင်း စာချုပ်ချုပ်ဆိုလိုတယ်လို့ ပြောခဲ့ပါတယ်။”

“အမှန်တိုင်း ပြောရရင် အခုချိန်ထိကို မယုံနိုင်သေးတာပါ။ကျွန်တော့်ကို ကောင်းချီးပေးခဲ့တဲ့ Warrior အသင်း ပိုင်ရှင်နဲ့ အုပ်ချုပ်ရေးပိုင်ကသူတွေကို တကယ်ကို ကျေးဇူးတင်ပါတယ်”

“အသင်းကို ရောက်ရှိတာ အချိန်ကာလက တိုတောင်းသေးတာကြောင့် ပြောင်းရွှေ့ဖို့ ကိစ္စကို ခက်ခက်ခဲခဲစဉ်းစားခဲ့ရပါတယ်။ အသင်းဖော်တွေနဲ့ ၀န်ထမ်း တွေဟ တကယ်ကို ကောင်းမွန်းတဲ့ သူတွေဖြစ်ပြီး သူတို့အသင်း အောင်မြင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနိုင်မှာပါ”

“Warrior အသင်းက မီးစိမ်းပြလိုက်တာနဲ့ လေယာဉ် လက်မှတ်ဖြတ်ပြီး ဒီကို ရောက်ရှိလာတာပါ။ အခြေအနေကို မယုံကြည်နိုင်ဖြစ်နေပေမယ့် ရာသီသစ်အတွက် အချိန်ဖြုန်းလို့ မဖြစ်တာကြောင့် ချက်ချင်းစာချုပ်ချုပ်ဆိုခဲ့ ပါတယ်” ဆိုပြီး ကွက်ကပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကွက် စင်ကာပူနိုင်ငံကို ပြန်လည်သွားရောက်နေပြီး တနင်္လာနေ့မှာ အသင်းကိုလာရောက်ပူးပေါင်းပြီး ပထမဆုံး အိမ်ကွင်းပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကွက်ဟာ ဂေးလန်း အအသင်းဖော်ဟောင်းဖြစ်တဲ့ မက်ဟတ်မန်း နဲ လက်ရွေးစင်အသင်းဖော် ဇန်ဖာဟာမီ တို့နဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်သွားရမှာဖြစ် သလို ချောင်ဘူရီ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ပထမဆုံး ပွဲစဉ်ဟာ ဒါဘီပွဲစဉ်တစ်ခု ကိုစတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

“မက် နဲ့ ဇက်တို့ ၂ ဦးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမှာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အဓိကပစ်မှတ်က အသင်းတွက် နိုင်ပွဲ တွေရယူပေးနိုင်ဖို့ပါ။”

“စင်ကာပူ ကစားသမား သမားတွေ ဒီနှစ် ထိုင်းကလပ်အသင်းတွေကို ရောက်ရှိ နေခဲ့ပြီဖြစ်ပြီး ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းကို ပြသရမယ့် အချိန်တစ်ခုပါ။”

“ကျွန်တော့်အတွက် အံ့အားသင့်စရာ အခွင့်အရေးပေးခဲ့တဲ့ အသင်းပိုင်ရှင် အဒမ် ရမ်နာဆစ် ဆက်တာရန်နူကူ ၊ အထွေထွေမန်နေဂျာ ဂျစ်ပူးလ်ပိုး ၊ နည်းပြ ၀ီရီယာ နဲ့ Navy အသင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အပေါ်ပေးခဲ့တဲ့ ယုံကြည်မှု တွေအတွက် အကောင်းဆုံး ပြန်လည်ပေးဆပ်သွားမှာပါ။” ဆိုပြီး အသင်းဖော်ဟောင်းတွေနဲ့ ရင်ဆိုင်ရမယ့် ခံစားချက်ကို ကွက် ကပြောကြားခဲ့ပါတယ်။

Navy အသင်း ပြီးခဲ့တဲ့ရာသီမှာ ၁၀ ပွဲနိုင် ၁၀ ပွဲသရေ ၁၄ ပွဲရှုံးရလဒ်ရရှိခဲ့ပြီး အဆင့် ၁၃ နေရာမှာ ရပ်တည်နိုင်ခဲ့ကာ ယခုနှစ်ရာသီမှာတော့ ပိုမို မြင့်မားတဲ့ အဆင့်တစ်ခုကို တက်ရောက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ယခုနှစ် အသင်းမှာခေါ်ယူထားခဲ့တဲ့ နိုင်ငံခြားသားကစားသမားတွေကတော့ ဗာဂီလို ၊ ဘန်ဆန်းဟွမ် ၊ ဗစ်တာ ဂျူနီယာ နဲ့ ကွက်တို့ကို ခေါ်ယူထားခဲ့ပြီး ကွက်ကတော့ ကျောနံပါတ် ၂၂ ကို ၀တ်ဆင်သွားမှာ ဖြစ်ပါတယ်။

မှတ်ချက်များ။