အနိမ့်အမြင့် အတက်အကျတွေအောက်က မြန်မာ နဲ့ ကမ္ဘောဒီးယား တိုက်စစ်တွဲ

ဒီတစ်ပတ်မှာ ပရိသတ်တွေအတွက် စောင့်ကြည့်စရာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ကစားသမားတွေကတော့ ကမ္ဘောဒီးယား တိုက်စစ်တွဲဖြစ်တဲ့ ချန်ဗန်သာနက်ကာ နဲ့ ကီအို ဆွတ်ဖန် တို့အတွဲနဲ့ မြန်မာတိုက်စစ်တွဲဖြစ်တဲ့ ကျော်ကိုကိုနဲ့ အောင်သူတို့ တိုက်စစ်အတွဲပဲဖြစ်ပါတယ်။

ကီအို ဆွတ်ဖန် – (ကမ္ဘောဒီးယား – PKNP FC)

Photos sourced from PKNP Facebook

မလေးရှားကလပ်အသင်းဖြစ်တဲ့ PKNP အသင်းမှာကစားနေတဲ့ ကမ္ဘောဒီးယား တိုက်စစ်မှူး ဆွတ်ဖန်ရဲ့ အသင်းတွက် ပထမဆုံး သွင်းဂိုးတွေကို ပရိသတ်တွေ မျှော်လင့်ချက် ကြီးစွာစောင့်ကြည့်ခဲ့ကြပေမယ့် ဆွတ်ဖန်ကတော့ ကီဒက်အသင်းနဲ့ PKNP အသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အရံကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပါတယ်။

ပီရက်အသင်းနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ အသင်းတွက် သွင်းဂိုးသွင်းယူပေးနိုင်ခဲ့ တဲ့ ဆွတ်ဖန်ဟာ JDT အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်က စတင်ပြီး ခြေစွမ်းပိုင်း ကျဆင်းသွားခဲ့ပါတယ်။

အနိမ့်အမြင့် အတက်အကျကြားမှာ ရှင်သန်နေရတဲ့ ဆွတ်ဖန်ကတော့ မြင့်မားတဲ့ စွမ်းဆောင်ရည်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အကောင်းဆုံး ပုံစံနဲ့ အမြန်ဆုံး ပြန်လာနိုင်မယ့်သူပါ။

ချန်ဗန်သာနက်ကာ – (ကမ္ဘောဒီးယား – ပါဟမ်း FA)

Photos sourced from Pahang FA Facebook

ကီလန်တတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ ရာသီအစမှာ အထနှေးခဲ့တဲ့ ချန်ဗန်သာနက်ကာ နဲ့ ပါဟမ်းအသင်းတို့ရဲ့ သွင်းဂိုးတွေကို ပြန်လည်မြင်တွေ့ခဲ့ရပြီလို့ ဆိုရမှာပါ။

CV11 လို့ တင်စားခေါ်ဝေါ်တဲ့ တိုက်စစ်မှူး ချန်ဗန်သာနက်ကာကတော့ ကြားရက်မှာ ကစားခဲ့တဲ့ PKNP အသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပိုင်းတည်ငြိမ်မှုကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါပြီ။

ပါဟမ်းနည်းပြ ဖြစ်တဲ့ ဒေါလက် ဆယ်လက်ကတော့ ချန်ဗန်သာနက်ကာ အသင်း တွက် အကောင်းဆုံးကစားပေးနိုင်ဖို့ မျှော်လင့်နေသလို အသင်းပရိသတ်တွေကလည်း သူ့ရဲ့သွင်းဂိုးတွေ စတင်ချိန်ရောက်ပြီလို့ မျှော်လင့်နေပါတယ်။

ကျော်ကိုကို – (မြန်မာ – ချိုင်ဂရိုင် ယူနိုက်တက်)

Photos sourced from Chiangrai United Facebook

အသင်းနဲ့အတူ ထိုင်း ချန်ပီယံရှစ် ဖလားပွဲစဉ်မှာ ပါဝင်ခွင့် ရရှိခဲ့တဲ့ ကျော်ကိုကိုကတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာခဲ့ပြီဖြစ်ပြီး ချောင်ဘူရီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းတွက် ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ကျော်ကိုကိုအနေနဲ့ အရံကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ပွဲကစားချိန် ၇၇ မိနစ်မှာ အသင်းဖော် ကွင်းလယ်ကစားသမား ဘရာဂျန် နာဟီဘီ နဲ့ လူစားလဲလှယ်ကစားခွင့် ရရှိခဲ့ပါတယ်။

အသင်းတွက် အရေးပါတဲ့ နေရာတစ်ခုကို ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသေးတဲ့ ကျော်ကိုကိုကတော့ အသင်းတွက် ပွဲဦးထွက် ဂိုး တစ်ဂိုးသွင်းယူပေးနိုင်ဖို့ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အောင်သူ – (မြန်မာ – Police Tero)

Photos sourced from Police Tero Facebook

ယခုနှစ်မှာ ချန်ပီယံစိန်ခေါ်နိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ Police Tero အသင်းရဲ့ နောက်ဆုံး ခေါ်ယူထားခဲ့တဲ့ ကစားသမား အောင်သူကတော့ အသင်းနဲ့ အမြန်ဆုံး အထိုင်ကျပြီး ပရိသတ်အားပေးမှု များစွာရယူးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။

အသင်းကို ရောက်ရှိခဲ့ပြီးတဲ့နောက်မှာ မြန်နှုန်းမြင့် ကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူကတော့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းတွက် ၁၀ မိနစ်မှာတင် သွင်းဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အသင်းတွက် ပထမဆုံး သွင်းဂိုးရယူပေးနိုင်ခဲ့တဲ့ အောင်သူရဲ့ သွင်းဂိုးက ဆေးလ်ဗားရှီးဒရက်ဂွန်အသင်းကို ၃ ဂိုး ၂ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ အသင်းတွက်ကတော့ ထိရောက်တဲ့ နိုင်ပွဲတစ်ပွဲ မဖော်ဆောင်ပေးနိုင်ခဲ့တာကတော့ ၀မ်းနည်းဖို့ ကောင်းတဲ့ အရာတစ်ခုပါ။

မှတ်ချက်များ။