မြန်မာအသင်းသိထားသင့်သမျှမကာအိုအသင်းရဲ့အကြောင်း

Thet Htet Lin

မြန်မာအသင်းနဲ့ မကာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမယ့် အာရှဖလားခြေစစ်ပွဲရဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်နဲ့ပတ်သက်ပြီး Fox Sport Asia မှ အချက်အလက်တချို့ကို စုစည်းထားပါတယ်။

မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲ အုပ်စု (A)ရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် မတ်လ (၂၇)ရက်နေ့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကာဂျစ်စတန်အသင်းကို (၅)ဂိုး (၁)ဂိုး နဲ့ ရှုံးနိမ့်ပြီးနောက် အာရှဖလားဝင်ခွင့် အိပ်မက်တွေကတော့ လွင့်ပျောက်ခဲ့ရပြီဖြစ်ပါတယ်။

ထိုင်းမှာ ထွက်ကစားနေတဲ့ တိုက်စစ်မှူး (၂)ဦးဖြစ်တဲ့ အောင်သူနဲ့ ကျော်ကိုကို တို့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိပါတယ် ။ နည်းပြဂတ်ဆီဇီနဲ့ လမ်းခွဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးကစားမယ့်ပွဲစဉ်မှာ မြန်မာအသင်း ဘယ်လိုပုံစံတစ်ခုနဲ့ ကစားမလဲ ဆိုတာက စိတ်ဝင်စားစရာပါ။ ဒါပေမယ့်လည်း မကာအို အသင်းအကြောင်းကို ပရိသတ်တွေ ဘယ်လောက်များ သိထားပါသလဲ?
ပွဲစဉ်မတိုင်ခင် သိထားသင့်တဲ့ မကာအိုအသင်းရဲ့ အကြောင်းအချက်အလက်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

နိုင်ငံ – မကာအို
ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက် – (၁၈၆)
နာမည်ပြောင် – The Greens
နည်းပြချုပ် – Chan Hiu Ming
အသင်းခေါင်းဆောင် – Cheang Cheng Leong
စောင့်ကြည့်ရမည့်ကစားသမား – Cheang Cheng Leong

C.D Monte Carlo အသင်းရဲ့ ကစားသမား Cheang Cheng Leong ကတော့ ကွင်းလယ်နေရာမှာ အဓိက ကစားသမားအနေနဲ့ ကစားသလို မကာအိုအသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ် Cheang Cheng Leong ဟာ မကာအိုအသင်းအတွက် (၄၄) ပွဲကစားထားတဲ့ မှတ်တမ်းတစ်ခုလည်းရရှိထားပါတယ်။

ပထမဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုပွဲစဉ် (၄)ပွဲအတွင်း Cheang Cheng Leong ဟာ ကာဂျစ်စတန် အသင်းကို (၄)ဂိုး (၃)ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ပါဝင်ကစားခွင့်မရခဲ့ပါဘူး။

အာရှဖလားခြေစစ်ပွဲအုပ်စုတွင်းရပ်တည်မှုနှင့်ရလဒ်များ

မကာအိုအသင်းဟာ အုပ်စု(၅)ပွဲကစားပြီးချိန်မှာ ရမှတ်လုံးဝ မရရှိသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။

ဒါကြောင့် အာရှဖလားခြေစစ်ပွဲနဲ့ လွဲချော်ခဲ့ရပြီဖြစ်ပြီး အသင်းရဲ့ မှတ်တမ်းမှာလည်း အာရှဖလားကို တစ်ကြိမ်မှ ၀င်ခွင့်မရရှိသေးတဲ့ အသင်းဖြစ်ပါတယ်။
မကာအိုအသင်းရဲ့ ကစားပြီးခဲ့တဲ့ အုပ်စုပွဲစဉ်ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကာဂျစ်စတန် ၁ – ၀ မကာအို
မကာအို ၀ – ၄ မြန်မာ
မကာအို ၀ – ၂ အိန္ဒိယ
အိန္ဒိယ ၄ – ၁ မကာအို
မကာအို ၃ – ၄ ကာဂျစ်စတန်

မြန်မာအသင်းနှင့်နောက်ဆုံးတွေ့ဆုံမှု

၁၃.၆.၂၀၁၇ ( အာရှဖလားခြေစစ်ပွဲ)
မကာအို ၀ – ၄ မြန်မာ
စည်သူအောင် (၄’ ၊ ၆၂ ’ ) ၊ ကျော်ကိုကို ( ၃၀ ’ ) ၊ မင်းမင်းသူ (၇၄’)

၂၆.၄.၂၀၀၉ ( AFC Challenge Cup ခြေစစ်ပွဲ)
မြန်မာ ၄ – ၀ မကာအို
ခင်မောင်လွင်(၃’) ၊ ရာဇာဝင်းသိန်း(၁၅’) ၊ ပြည့်ဖြိုးဦး (၄၈’) ၊ မျိုးမင်းထွန်း(၅၉’)

ပွဲစဉ်အသေးစိတ်

မြန်မာ Vs မကာအို

ကွင်း – သုဝဏ္ဏကွင်း (ရန်ကုန်)
နေ့ရက် – ၂၇.၃.၂၀၁၈
အချိန် – မြန်မာစံတော်ချိန် ညနေ(၆)နာရီ

မှတ်ချက်များ။