ကျော်ကိုကို နဲ့ မိုင်နီဂီရှီတို့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ၊ ဆာဖူဝန် နဲ့ ဟာရစ်တို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ အာဆီယံ ရက်သတ္တပတ်

Yan Yan

FOX Sports Asia ကနေ အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ထိုင်းလိဂ် ၁ ပြိုင်ပွဲနဲ့ မလေးရှားလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားနေခဲ့တဲ့ အာဆီယံ ထိပ်တန်း ကစားသမားတွေရဲ့ ယခုတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်တွေကို ဖော်ပြပေးဦးမှာပါ။

ထိုင်းလိဂ် ၁ ပြိုင်ပွဲကတော့ ပုံမှန်ပွဲစဉ်တွေကို ဖြတ်သန်းမှာဖြစ်ပေမယ့် မလေးရှားနိုင်ငံမှာတော့ လိဂ်ပြိုင်ပွဲကို ရပ်နားထားခဲ့ပြီး FA ဖလားပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

ထိုင်းလိဂ်ပြိုင်ပွဲမှာတော့ ဘူရီယမ်အသင်း အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေခဲ့ပြီး ဒုတိယနေရာက Port အသင်းကို ၆ မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ ချန်ပီယံပြေးလမ်းထဲမှာ ရှိနေခဲ့တဲ့ ဗန်ကောက်ယူနိုက်တက်အသင်းကတော့ ချိုင်ရိုင်ယူနိုက်တက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ပြီး ရမှတ်ဆုံးရှုံးထားခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ မြန်မာတိုက်စစ်မှူး ကျော်ကိုကို ပါဝင်ကစားနေခဲ့တဲ့ ချိုင်ရိုင်ယူနိုက်တက်အသင်းနဲ့ ဖီလစ်ပိုင်တိုက်စစ်မှူး မိုင်နီဂီရှီ ရဲ့ ပတ္တရားအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရဦးမှာပါ။နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ သက်ဆိုင်ရာနိုင်ငံတွေအတွက် သွင်းဂိုးတွေ ရယူပေးထားနိုင်ခဲ့တဲ့ ဒီတိုက်စစ်မှူး ၂ ဦး ဒီခြေစွမ်းပိုင်းတွေကို ကလပ်အသင်းတွက် ဆက်လက်ပြသနိုင်မလားစောင့်ကြည့်ရပါမယ်။

မလေးရှားနိုင်ငံမှာတော့ ကလပ်အသင်းပွဲစဉ်တွေကို ရပ်နားထားခဲ့တာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ကလပ်အသင်းပွဲစဉ်တွေကို တောင့်တနေတာ ကြာနေပါပြီ။ဒီတစ်ပတ်ဟာ ကွာတားဖိုင်နယ် ပထမအကျော့ ကစားမှာဖြစ်တာကြောင့် ဗိုလ်လုပွဲစဉ်နဲ့ နီးကပ်တဲ့အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ လာမယ့် ၂ ပတ်ကြာမှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေကြားထဲမှာ အပြောများနေတဲ့ ပွဲစဉ်ကတော့ ပါဟမ်းအသင်းနဲ့ လက်ရှိမလေးရှားစူပါလိဂ် ချန်ပီယံ JDT အသင်းတို့ ပွဲစဉ်ပဲဖြစ်ပါတယ်။

စင်ကာပူလက်ရွေးစင်အသင်းကစားသမား ၂ ဦးဖြစ်တဲ့ ဆာဖူဝန် နဲ့ ဟာရစ်ဟာရန်တို့ကတော့ ဒီပွဲစဉ်မှာ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာဖြစ်တာကြောင့် သူတို့ ၂ ယောက် တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ထိ မိတ်ဆွေဆန်ဆန်ကစားမလဲ ၊ ပြင်းထန်တဲ့ ပြိုင်ဘက်တွေအသွင်နဲ့ကစားသမား စိတ်ဝင်စားစရာပါ။။

တစ်ပတ်အတွင်း ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်များ (ဧပြီ ၆ မှ ဧပြီ ၈)

Photo sourced from Police Tero Facebook

မြန်မာ

ကျော်ကိုကို (ချိုင်ရိုင်ယူနိုက်တက်)

ချိုင်ရိုင် v ပတ္တရား – 7 April 1900HKT

အောင်သူ (ပုလိစ်တယ်ရို)

ဗန်ကောက် ဂလက်စ် v ပုလိစ်တယ်ရို – 7 April 1845HKT

နန္ဒလင်းကျော်ချစ် (ပရာချပ်)

ပရာချပ် v ဆက်ဟိုထိုင်း – 8 April 1900HKT

အောင်ကျော်နိုင် (အွန်သောင်း)

ရနောင်း v အွန်သောင်း – 7 April 1900HKT

ကောင်းဆက်နိုင် (ဆာမက် ဆာခွန်)

ဆာမက်ဆာခွန် v ဆီဆာကတ် – 8 April 1900HKT

Photo sourced from Pattaya United Facebook

PHILIPPINES

Mark Hartmann (Ubon UMT United)

Ubon UMT v Ratchaburi Mitr Phol – 7 April 2100HKT

Hikaru Minegishi (Pattaya United)

Chiangrai v Pattaya – 7 April 1900HKT

Misagh Bahadoran (Perak FA)

PKNS v Perak – 7 April 2100HKT

Michael Falkesgaard (Bangkok United)

Port v Bangkok United – 7 April 2000HKT

Iain Ramsay (Felda United)

PKNP v Felda United – 7 April 1645HKT

Photo sourced from Pahang Facebook

CAMBODIA

Keo Sokpheng (PKNP FC)

PKNP v Felda United – 7 April 1645HKT

Chan Vathanaka (Pahang FA)

Pahang v JDT – 6 April 2100HKT

Photo sourced from Air Force Central Facebook

VIETNAM

Michael Nguyen (Air Force Central)

Nakhon Ratchasima v Air Force Central – 8 April 1900HKT

Huynh Kesley Alves (Krabi FC)

Krabi v Chiangmai – 7 April 2000HKT

Photo sourced from Ratchaburi Mitr Phol Facebook

SINGAPORE

Zulfahmi Arifin (Chonburi FC)

Chonburi v Chainat Hornbill – 8 April 2000HKT

Gabriel Quak (Navy FC)

Muangthong United v Navy – 8 April 2000HKT

Baihakki Khaizan (Udon Thani)

Udon Thani v Army United – 8 April 2000HKT

Faris Ramli (PKNS)

PKNS v Perak – 7 April 2100HKT

Safuwan Baharudin (Pahang FA)

Pahang v JDT – 6 April 2100HKT

Hariss Harun (JDT)

Pahang v JDT – 6 April 2100HKT

Photo sourced from Bangkok Glass Facebook

MALAYSIA

Kiko Insa (Bangkok Glass)

Bangkok Glass v Police Tero – 7 April 1845HKT

Photo sourced from Port Facebook

INDONESIA

Terens Puhiri (Port FC)

Port v Bangkok United – 7 April 2000HKT

Evan Dimas (Selangor FA)

Kuala Lumpur v Selangor – 7 April 2100HKT

Ryuji Utomo (Rayong FC)

Rayong v Angthong – 7 April 1900HKT

Rudolof Yanto Basna (KhonKaen FC)

KhonKaen v PTT Rayong – 7 April 2100HKT

LAOS

Khamphanh Sonthanalay (Ubon Ratchatani FC)

JL Chiangmai United v Ubon Ratchatani – 7 April 1900HKT

မှတ်ချက်များ။