PKNPအသင်းကနေထွက်ခွာခဲ့တဲ့ကမ္ဘောဒီးယားကစားသမားကီယိုဆိုဖန်

Thet Htet Lin

မေလအပြောင်းအရွှေ့ဈေးကွက်ကာလကို ချဉ်းနင်းဝင်ရောက်လာမှုနဲ့အတူ မလေးရှားစူပါလိဂ် ကလပ် PKNP အသင်းရဲ့ ကမ္ဘောဒီးယား ကစားသမား ကီယိုဆိုဖန် ဟာ အသင်းကနေ ထွက်ခွာခဲ့ပါ တယ်။

PKNP အသင်းဟာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ကီယိုဆိုဖန်အတွက် နှုတ်ဆက်ဆုတောင်းစကား ပြောကြားပြီးချိန်မှာပဲ အသင်းမှထွက်ခွာတဲ့သတင်းကို အတည်ပြုခဲ့ပါတယ်။

“ ကျေးဇူးတင်ပါတယ် ကီယိုဆိုဖန် ။ မင်းရဲ့အနာဂတ်မှာ ကံကောင်းပြီး အကောင်းဆုံး လုပ်နိုင်ပါစေ။ ” လို့ PKNP အသင်းရဲ့ facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

PKNP အသင်းရဲ့ နည်းပြချုပ် ဘာကာဖက်ဇင် ကလည်း ကီယိုဆိုဖန်ဟာ သူ့ရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျမဖြစ်တာကြောင့် နေရာမပေးခဲ့ကြောင်းဆိုပါတယ်။
“ သူက အသင်းမှာ အထိုင်ကျဖို့ ရုန်းကန်နေရတယ်။ ဒါက သူ့အတွက် ကမ္ဘောဒီးယားပြင်ပမှာ ပထမဆုံး ထွက်ကစားတဲ့ အတွေ့အကြုံဖြစ်ပြီး ကျွန်တော်တို့လိုချင်တဲ့ ပုံစံရဖို့ ခက်ခဲခဲ့ပါတယ်။ သူ့မှာ လုံလောက်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု ၊ ကြံ့ကြံ့ခံကစားမှု မရှိဘဲ ဘောလုံး သူ့ခြေထောက်ထဲ ရတဲ့အချိန်ပဲ လုပ်နိုင်ပါတယ်။ ” လို့ နည်းပြ ဘာကာဖက်ဇင်က ပြောပါတယ်။

ကီယိုဆိုဖန်ဟာ ၂၀၁၂ ကနေ ၂၀၁၇ ခုနှစ်အတွင်း ကမ္ဘောဒီးယားကလပ်အသင်းတွေဖြစ်တဲ့ ဘွန်ကပ် အသင်း ၊ ဖနွမ်းပင်ခရောင်း အသင်းတွေမှာ ကစားခဲ့ဘူးပါတယ်။

ကီယိုဆိုဖန်ဟာ ယခုရာသီ မလေးရှားစူပါလိဂ်အဖွင့်ပွဲစဉ်အဖြစ် နီဂီရီဆမ်ဘီလန် အသင်းနဲ့ ကစားခဲ့ရာ မှာ သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ကမ္ဘောဒီးယားပရိသတ်တွေရဲ့ အားပေးမှုကိုရခဲ့သူ လည်းဖြစ်ပါတယ်။

လက်ရှိချိန်မှာတော့ PKNP အသင်းဟာ သူ့နေရာကို ဘယ်ကစားသမားနဲ့ အစားထိုးရမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘဲ လက်ရှိ ပြည်ပ ကစားသမား (၄)ဦးနဲ့ပဲ ရာသီလက်ကျန်ပွဲစဉ်တွေကို ကစားဖို့ရှိနေ ပါတယ်။

ဒါ့အပြင် နောက်ထပ် ကမ္ဘောဒီးယားကစားသမားဖြစ်တဲ့ ချန်ဗာသနကာ ဟာလည်း ခြေစွမ်းမပြနိုင်မှု ကြောင့် ပါဟန်းအသင်းကို စွန့်ခွာရဖွယ်ရှိနေပါတယ်။
ပါဟန်းအသင်းရဲ့ နည်းပြ ဒိုလာဆာလက်က ဧပြီလတွင်း Fox Sports Asia ကိုပြောကြားခဲ့ရာမှာ သူ့အနေနဲ့ ချန်ဗာသနကာဆီမှ ယခုထက်ပိုတဲ့ခြေစွမ်းကိုလိုချင်ပြီး ကစားသမားအနေနဲ့ အကောင်းဆုံး စွမ်းဆောင်ပေးဖို့လိုကြောင်းဆိုပါတယ်။

ဒါပေမယ့်လည်း ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှု မလုပ်နိုင်တဲ့ ဖိအားက ချန်ဗာသနကာရဲ့ စွမ်းဆောင်ရည်ကို သက်ရောက်စေကြောင်းဆိုပါတယ်။
ဒါကြောင့် အပြောင်းအရွှေ့ဈေးကွက် (၁၁)ရက်သာ ကျန်ရှိတော့တဲ့ အချိန်မှာ ချန်ဗာသနကာ အနေနဲ့ ပါဟန်းအသင်းကို စွန့်ခွာမယ်ဆိုရင် ဒါဟာအံ့သြစရာသတင်းဖြစ်လာမှာမဟုတ်ပါဘူး။

မှတ်ချက်များ။