ပြိုင်ဘက်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး JDT အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း နိုဗယ်လို ပြောကြား

Yan Yan

JDT တိုက်စစ်မှူး နိုဗယ်လိုကတော့ အသင်းအတွက် ပထမဆုံး သွင်းဂိုးသွင်းယူပေးနိုင်ခဲ့ပြီးနောက်မှာ အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဆီလန်ဂေါ အသင်းနဲ့ (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲစဉ်မှာအသင်းအတွက် သွင်းဂိုးတစ်ဂိုးကို နိုဗယ်လို ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့ပြီး JDT အသင်းကလည်း အမှတ်ပေးဇယားကို (၅) မှတ်ဖြတ်ပြီး ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

“ မလေးရှားစူပါလိဂ် ကလပ်အသင်းတော်တော်များများရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပါတယ်။ ဒီအသင်းကို ပြောင်းရွှေ့ခဲ့ရင် ရူးမိုက်ရာကျသွားမှာပေါ့။ အဓိက ရည်မှန်းချက်က အကောင်းဆိုတဲ့အသင်းမှာ ကစားလိုတာဖြစ်ပြီး ဒီအသင်းမှာ ပရိသတ်ကောင်းတွေ ၊ ပတ်ဝန်းကျင်ကောင်းနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေရှိနေပါတယ်။”

“ တကယ်လို့ ကစားသမားအသစ်တစ်ဦးအနေနဲ့ ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် အားလုံးက မျက်စိဒေါက်ထောက်ကြည့်နေမှာပါ။ဒီမှာ ဘယ်ဘာသာ ကိုးကွယ်တယ် ဆိုတာထက် ကြိုးစားအားထုတ်မှု ကို ထိန်းသိမ်းထားနိုင်ဖို့ပဲလိုပါတယ်။ ဒီအချိန်မှာ JDT အသင်းလောက် ဘယ်အသင်းမှ မကောင်းပါဘူး။ (၄) ကြိမ်မြောက် လိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးဖြစ်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ အချိန် (၆) လလောက်စောင့်စရာမလိုပါဘူး။ချက်ချင်းလုပ်ဆောင်ဖို့ပဲ လိုအပ်ပါတယ်။” လို့ နိုဗယ်လိုက ပြောကြားခဲ့ပါတယ်။

Keputusan pada perlawanan semalam bukanlah satu keputusan yang baik kerana kami tidak berjaya mendapatkan kemenangan….

Posted by JOHOR Southern Tigers on Saturday, 12 May 2018

 

ပြီးခဲ့တဲ့ ပွဲစဉ်မှာအသင်းအတွက် နိုဗယ်လို အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးကိုတော့ ကာဘရီယာက သွင်းယူခဲ့ပါတယ်။ ဆီလန်ဂေါ အသင်းအတွက် ခြေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရာဇ၀န် နဲ့ ဆီဂိုဗီယာတို့က သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာအသင်းရဲ့ နောက်ထပ် တိုက်စစ်မှူးသစ် ဆန်းတို့ ဆေးလ်ဗားရဲ့ နောက်မှာ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားခဲ့တဲ့ နိုဗယ်လိုကတော့ အသင်းအတွက် ခြေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပထမဆုံးအသင်းအတွက် သွင်းယူခဲ့တဲ့ သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။

JDT အသင်းနည်းပြ ရာအူး လောင်ဂီကလည်း တိုက်စစ်မှူး နိုဗယ်လိုရဲ့ ခြေစွမ်းပိုင်းကို အသိအမှတ်ပြုပြောကြားခဲ့ပါတယ်

“ နိုဗယ်လို ပထမဆုံး ပွဲစဉ်မှာ အံ့သြဖွယ်ကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။အသင်းအတွက် သွင်းဂိုးသွင်းယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပါတယ်။” လို့ လောင်ဂီက ချီးကျူးပြောကြားခဲ့ပါတယ်။

နိုဗယ်လိုကတော့ ပြီးခဲ့တဲ့ မတ်လမှာ ယူအေအီးကလပ် အသင်းဖြစ်တဲ့ ဘာနီရက်စ် အသင်းကနေ JDT အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ လိုင်ယွန်အသင်းကစားသမားဟောင်းလည်းဖြစ်ပါတယ်။JDT အသင်းကတော့ လိဂ်ပြိုင်ပွဲ ခဏတာ အနားရချိန်အထိ အနီးကပ်ဆုံးပြိုင်ဘက် ပီရက်အသင်းကို (၅) မှတ်ဖြတ်ထားနိုင်ခဲ့သလို မီလာကာအသင်းတစ်သင်းတည်းကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ ကီလန်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ချီမတ်လည်း ပထမဆုံးပွဲစဉ်အဖြစ် ၀င်ရောက်ကစားခဲ့ပြီး အကောင်းဆုံး လက်စွမ်းပြသနိုင်ခဲ့ပေမယ့် ဒီရာသီ ပွဲစဉ်တွေမှာတော့ အနည်းငယ်ရုန်းကန်နေရဖွယ်ရှိနေပါတယ်။

Photo credit: Johor Southern Tigers Facebook

မှတ်ချက်များ။