လာမယ့်တစ်ပတ်ထိုင်းလိဂ်ဝမ်းမှာထိပ်တိုက်တွေ့ဆုံမယ့်အာဆီယံဂိုးသမားတွေဖြစ်တဲ့ဖော့စ်ဂတ်ဒ်နဲ့မေချယ်ငုယင်

Thet Htet Lin

ယခုတစ်ပတ်မှာ အာဆီယံကစားသမားတွေပါဝင်ကစားလျက်ရှိတဲ့ ထိုင်းလိဂ်ဝမ်းနဲ့ မလေးရှားလိဂ်စူပါလိဂ်မှ ပွဲစဉ်တွေကို Fox Sports Asia မှ ရင်ခုန်ကြည့်ချင်ပါတယ်။

မလေးရှားစူပါလိဂ်ပွဲစဉ်တွေ အရှိန်လျော့ကျလာခြင်းနဲ့အတူ အားလုံးရဲ့ အာရုံတွေကတော့ ထိုင်းလိဂ်ဝမ်းဘက်ကို လှည့်လာကြပါပြီ။

ထိုင်းလိဂ်ဝမ်းမှာ ဘူရီရမ်ယူနိုက်တက်အသင်းဟာ ဘန်ကောက်ယူနိုက်တက်အသင်းထက် (၂)မှတ် အသာနဲ့ ဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

ပူးလိစ်တယ်ရိုအသင်းကတော့ နှစ်ပွဲဆက်နိုင်ပွဲရယူ အပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ ဘူရီရမ်ယူနိုက်တက်အသင်းကို (၂)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဘူရီရမ်ယူနိုက်တက်အသင်းအတွက် ပထမပိုင်းမှာပဲ အက်ဒ်ဂါဆေးလ်ဗား က သွင်းဂိုး (၂)ဂိုး သွင်းယူ ပေးခဲ့ပြီး ဒုတိယပိုင်းမှာ မြန်မာကစားသမားအောင်သူက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဘူရီရမ်ယူနိုက်တက်အသင်းဟာ လက်ရှိချိန်မှာ (၁၅)ပွဲ ကစားအပြီး ရမှတ် (၃၅)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပါတယ်။

ဘန်ကောက်ယူနိုက်တက်အသင်းကတော့ ဆတ်ခွန်ထိုင်းအသင်းကို (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ ပြီး နောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဘန်ကောက်ယူနိုက်တက်အသင်းအတွက် ထူးထူးခြားခြား စွမ်းဆောင်ပေးနိုင်ခဲ့တာကတော့ ဖိလစ်ပိုင် ဂိုးသမား မေချယ်ဖော့စ်ဂတ်ဒ် ဖြစ်ပါတယ်။ နောက်ဆုံး နိုင်ပွဲ (၇)ပွဲဆက်မှာ မေချယ်ဖော့စ်ဂတ်ဒ်ဟာ ဂိုးမပေးရတဲ့ပွဲစဉ် (၄)ပွဲထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဖော့စ်ဂတ်ဒ် အနေနဲ့ လာမယ့်ပွဲစဉ်ဖြစ်တဲ့ အဲဖို့စ် စင်ထရယ်အသင်းနဲ့ပွဲစဉ်မှာ နောက်ထပ် ဂိုးမပေးရအောင်စွမ်းဆောင်နိုင်မှာလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘန်ကောက်ယူနိုက်တက်အသင်း လာမယ့်တစ်ပတ် ရင်ဆိုင်ရမယ့် အဲဖို့စ်စင်ထရယ်အသင်း မှာ ဗီယက်နမ်ဂိုးသမား မေချယ်ငုယင် ပါဝင်လာပါတယ်။ သူ့အတွက်ကတော့ နောက်ဆုံး (၇)ပွဲမှာ ပထမဆုံး ဂိုးမပေးရတဲ့ပွဲစဉ်တစ်ပွဲလောက် စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရပါမယ်။

အမှတ်ပေးဇယားအောက်ခြေက အဲဖို့စ်စင်ထရယ်အသင်းအနေနဲ့ ဇယားထိပ်ပိုင်းက ဘန်ကောက်ယူနိုက်တက်အသင်းကို ဘယ်လိုရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။

တစ်ပတ်အတွင်းပွဲစဉ်ဇယားများ

မြန်မာ

အောင်သူ ( ပူးလိစ်တယ်ရို)

Ratchaburi Mitr Phol v Police Tero – 19 May 2100HKT

နန္ဒလင်းကျော်ချစ် ( ပရာချွတ် )

Chainat Hornbill v Prachuap – 20 May 2000HKT

ကျော်ကိုကို ( ချင်းရိုင်ယူနိုက်တက်) ဒဏ်ရာရ

Ubon UMT United v Chiangrai United – 18 May 2100HKT

အောင်ကျော်နိုင် ( အန်သွန်)

Angthong v PTT Rayong – 20 May 2000HKT

ကောင်းဆက်နိုင် ( ဆတ်ခွန်ထိုင်း)

Samut Sakhon v Trat – 19 May 2100HKT

ဖိလစ်ပိုင်

Javier Patino (Buriram United)

Pattaya United v Buriram United – 20 May 1900HKT

Hikaru Minegishi (Pattaya United)

Pattaya United v Buriram United – 20 May 1900HKT

Michael Falkesgaard (Bangkok United)

Air Force Central v Bangkok United – 19 May 2000HKT

ဗီယက်နမ်

Michael Nguyen (Air Force Central)

Air Force Central v Bangkok United – 19 May 2000HKT

Huynh Kesley Alves (Krabi FC)

Krabi v Lampang – 20 May 1900HKT

စင်ကာပူ

Zulfahmi Arifin (Chonburi FC)

Nakhon Ratchasima v Chonburi – 19 May 1845HKT

Gabriel Quak (Navy FC)

Port v Navy – 20 May 1900HKT

Hassan Sunny (Army United)

Army United v Kasetsart – 19 May 2000HKT

Izwan Mahbud (Nongbua Pitchaya)

Rayong v Nongbua Pitchaya – 20 May 1900HKT

အင်ဒိုနီးရှား

Terens Puhiri (Port FC)

Port v Navy – 20 May 1900HKT

Ryuji Utomo (PTT Rayong)

Angthong v PTT Rayong – 20 May 2000HKT

မှတ်ချက်များ။