အနိုင်ရလဒ် ရယူနိုင်ခဲ့ပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ ရန်ကုန်ယူနိုက်တက်

Yan Yan

ရန်ကုန်ယူနိုက်တက် အသင်းနဲ့ ဆီးရက်စ်နီဂရို့းစ်အသင်းတို့ ကစားခဲ့တဲ့ (၂၀၁၈) AFC Cup ပြိုင်ပွဲ အာဆီယံဇုံ ဆီမီးဖိုင်နယ်ပွဲစဉ်ဒုတိယအကျော့မှာတော့ ရန်ကုန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ (၃) ဂိုး (၂) ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် (၂) ကျော့ပေါင်း (၆) ဂိုး (၅) ဂိုးရလဒ်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။

ဆီးရက်စ်နီဂရို့းစ်အသင်း အိမ်ကွင်းမှာ ကစားခဲ့စဉ်က (၄) ဂိုး (၂) ဂိုးရလဒ်နဲ့ အရေးနိမ့်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ဒီပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ ပြင်ဆင်ခဲ့ပြီးအသင်းလူစာရင်းမှာလည်း အတောင့်တင်းဆုံး ပွဲထွက်ခဲ့တာကြောင့် ပွဲချိန် (၂) မိနစ်မှာပဲ ကိုဆုကီရဲ့ ဘယ်တောင့်ကို ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဦးဆောင်ဂိုးဟာ ကြာရှည်မခံခဲ့ပဲ ဆီးရက်စ်နီဂရို့းစ်အသင်းအတွက် ခြေပဂိုးကို စတီဖန်ရှာရော့ ရဲ့ ပေးပို့မှုကနေ မာနူရယ် အော့တ်က အသင်းအတွက် ခြေပဂိုးအဖြစ် ပွဲချိန် (၈) မိနစ်မှာ ပိတ်သွင်းပြီး ရယူခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း ရဲ့ ယနေ့ပွဲစဉ် ကစားပုံဟာ ကြမ်းတမ်းခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေအပေါ်ကို မကြာခဏဆိုသလို ပြစ်ဒဏ်ဘောတွေ ကျူးလွန်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ (၂) ဖက်အသင်း ကစားသမားတွေ တိုက်စစ်ဆင်ကစားရင်း လူကျွံဘောတွေ နဲ့ ကွင်းလယ်မှာသာ ဘောလုံးကအပျက်များနေခဲ့တာကြောင့် ပထမပိုင်းကတော့ တစ်ဖက် (၁) ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ အဝေးဂိုးတွေ ပိုမိုလိုအပ်နေခဲ့တဲ့ ဆီးရက်စ်နီဂရို့းစ်အသင်း အသင်းက ပိုမိုတိုက်စစ်မြှုင့်တင်ကစားခဲ့ပြီး ဦးဆောင်ဂိုးကိုလည်းသွင်းယူနိုင်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းဘက်ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ တိုက်စစ်ကို ပြန်လည်မြှင့်တင်ကစားခဲ့ပြီး အသင်းရဲ့ လူစားဝင် လူငယ်တိုက်စစ်မှူး အီစိုးက ပွဲချိန် (၈၃) မိနစ်မှာ ဆာလာရဲ့ ခေါင်းတိုက်ချထားပေးပို့မှုကနေ သွင်းယူခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်း ဦးဆောင်ဂိုးတွေအတွက် မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်ခဲ့ပြီး တိုက်စစ်ကိုလည်း ပြန်လည်မြှင့်တင်ခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းအတွက် နောက်ထပ်ဦးဆောင်ဂိုးကို ပွဲချိန် (၈၇) မိနစ်မှာ ဆယ်လာက သွင်းယူပေးနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ရှင်သန်ခဲ့တာကြောင့် ရန်ကုန်ယူနိုက်တက်အသင်း ပွဲကိုအာရုံစိုက် ကစားခဲ့ပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ (၃) ဂိုး (၂) ဂိုး ရလဒ်နဲ့သာ အနိုင်ရရှိခဲ့တာကြောင့် (၂) ကျော့ပေါင်း (၆) ဂိုး (၅) ဂိုးနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဆီးရက်စ်နီဂရို့းစ်အသင်းကတော့ ရန်ကုန်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အာဆီယံဇုံ ဗိုလ်လုပွဲစဉ်ကို တက်ရောက်သွားခဲ့ပြီး ဟုမ်းယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာဖြစ်ပါတယ်။

မှတ်ချက်များ။