PSG နှင့် မာဆေးအသင်းတို့ပွဲစဉ် သရေရလဒ်ထွက်ပေါ်ခဲ့ပြီး နေမာ ထုတ်ပယ်ခံခဲ့ရ

Thet Htet Lin

ပြင်သစ်လီဂူးပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ PSG အသင်းနဲ့ မာဆေးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ကာဗာနီရဲ့ နောက်ကျ ဖရီးကစ် ဂိုးနဲ့အတူ သရေရလဒ်နဲ့ပြီးဆုံးခဲ့ပြီး နေမာလည်း တိုက်ရိုက် အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ဂတ်စတာဗိုက (၁၆)မိနစ်မှာ ကိုက်(၃၀)အကွာခန့်မှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး နေမာက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးဟာ နေမာ အတွက် ယခုနှစ်ရာသီမှာ(၁၀)ဂိုးမြောက် သွင်းဂိုးလည်းဖြစ်ပါတယ်။

မိနစ်(၈၀)မှာ သော်ဗင်ရဲ့သွင်းဂိုးနဲ့ မာဆေးလ်အသင်းပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး နေမာကတော့ ပွဲပြီးဖို့ (၂) မိနစ် အလိုမှာ တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
အိမ်ကွင်းမှာ မာဆေးအသင်းအတွက် သရေရလဒ်ဖြစ်စေမယ့်ဂိုးကို မိနစ်(၉၀)မှာ ကာဗာနီက (၂၅)ကိုက်အကွာ ဖရီးကစ်မှ သွင်းယူ ပေးခဲ့ပါတယ်။
နေမာဟာ ထောင့်ကန်ဘောကန်တိုင်းမှာ မာဆေးအိမ်ကွင်းပရိသတ်များက အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့တာကြောင့် ရဲများကထိန်းသိမ်းခဲ့ရပါတယ်။

ပွဲချိန် (၈၇) မိနစ်မှာတော့ နေမာဟာ တစ်ဖက်ကစားသမား အိုကမ်ပေါ့စ်နဲ့ ယှဉ်ပြိုင်ရင်း ပြစ်ဒဏ် ကျူးလွန်သလိုဖြစ်ခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
နေမာဟာ ဟန်ဆောင်လှဲချခဲ့တယ် ဆိုပြီး အိုကမ်ပေါ့စ်ကိုမျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ပါတယ်။
အဆိုပါ ပွဲစဉ်အပြီးမှာတော့ PSG အသင်းဟာ ဒုတိယနေရာမှ မိုနာကိုအသင်းထက် (၄)မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မာဆေးလ်အသင်းကတော့ အဆင့်(၅)နေရာမှာရပ်တည် နေပါတယ်။

မှတ်ချက်များ။