ဒေါ့မွန်အသင်းရဲ့ ပထမဆုံး အင်္ဂလန်လူငယ်ကစားသမား ဖြစ်လာတဲ့ ဆန်ချို

Thet Htet Lin

ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်လူငယ်ကစားသမား ဂျေဒန်ဆန်ချိုဟာ ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံး ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ယခုနှစ်ရာသီ ဒေါ့မွန်အသင်းရဲ့ ပထမဆုံး အမည်းနဲ့ အ၀ါရောင်ကို ၀တ်ခွင့်ရတဲ့ အင်္ဂလိန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

တစ်ဘက် (၂)ဂိုးစီသရေကျခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အသက် (၁၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ပွဲကစားချိန်(၈၃)မိနစ်မှာ ဒဏ်ရာရရှိခဲ့တဲ့ မက်ဆီမီလန်ဖိလစ်ရဲ့နေရာမှာ လူစားဝင်ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆန်ချို အနေနဲ့ အဆိုပါပွဲစဉ်မှာ ဂိုးသွင်းယူဖို့နီးစပ်ခဲ့ပေမယ့်လည်း သူ့ရဲ့ကန်သွင်းမှုကို ဂိုးသမား လူးကပ်စ်ဟာဒက်ကီ အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ လူငယ်ကစားသမားဘ၀ကို ၀က်ဖို့ဒ်အသင်းမှာစတင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကိုမပြောင်းရွှေ့မှီအထိ ၀က်ဖို့ဒ်အသင်းမှာပဲ ကစားခဲ့ပါတယ်။ မန်ချက်စတာစီးတီး နည်းပြ ဂွါဒီယိုလာလက်အောက်မှာ လုံလောက်တဲ့ ပုံမှန်ပွဲကစားခွင့်မရရှိခဲ့တဲ့ ဆန်ချိုဟာ ပြီးခဲ့တဲ့ သြဂုတ်လ မှာတော့ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။
လန်ဒန်ဖွား ဆန်ချိုဟာ အရင်ဆုံး ဒေါ့မွန်အရန်အသင်းမှာဦးစွာကစားခဲ့ရပြီး ဖရန့်ဖတ်အသင်းနဲ့ ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် နည်းပြ ပီတာဘော့စ်က အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
ဆန်ချိုဟာ အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ ဖီဖာ ယူ-၁၇ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် (၃)ဂိုးသွင်းယူ ပေးခဲ့ပြီး အဲဒီနောက်မှာတော့ ဆိုက်ပရပ်စ်မှာ အေပိုးအသင်းနဲ့သရေကျခဲ့တဲ့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲစဉ်အတွက် ဒေါ့မွန်အသင်းက ပြန်လည်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

မှတ်ချက်များ။