နာဘီကီတာကိုရောင်းထုတ်ခဲ့တာနဲ့ပတ်သက်ပြီး Leipzig အသင်း ရှင်းလင်းပြောကြား

Leipzig အသင်းရဲ့ အားကစားဒါရိုက်တာ Ralf Rangnick က အသင်းအနေနဲ့ အသင်းရဲ့ ကွင်းလယ်ကစား သမားနာဘီကာတာအတွက် လုပ်စာပေးဖို့ မတတ်နိုင်ခဲ့တာကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂတ်စ်လမှာ ကီတာဟာအနေနဲ့ ယခုနှစ်ရာသီကုန်ဆုံးချိန် (၂၀၁၈) ဇူလိုင်လမှာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကထုတ်ပြန်ရာမှာတော့ ပြောင်းရွှေ့ကြေးကို ပေါင်(၄၈)သန်းနဲ့ သဘောတူညီမှုရရှိခဲ့ တာဖြစ်ပြီး ပရီမီယံအတွက်ပေးချေရမယ့်ပမာဏပါ ထပ်ပေါင်းမယ်ဆိုရင်တော့ ယူရို သန်း(၇၀)နီးပါးထိရှိနိုင် မယ်လို့လည်းဆိုပါတယ်။

Die Ruhe vor dem ?! @keitanabydeco fokussiert sich auf #RBLVFB. #Keita #NK8

A post shared by RB Leipzig – Die Roten Bullen (@dierotenbullen) on Oct 21, 2017 at 5:38am PDT

Ralf Rangnick ကပြောကြားရာမှာတော့ ကီတာဟာ ဂိုးတွေသွင်းယူတဲ့ ကွင်းလယ် ကစားသမားဖြစ်ပေမယ့်လည်း အသင်းအနေနဲ့ ကစားသမားတွေကို လစာပေးချေရာမှာ ကန့်သတ်ချက်တွေ ရှိတယ်လို့ဆိုပါတယ်။
“ သူ့ကိုနောက်ထပ် ၅ နှစ်လောက် အသင်းမှာဆက်ပြီးရှိနေစေဖို့(၁၀)ကြိမ်လောက်ညှိနှိုင်းချင်တာပေါ့။ ဒါဟာ ရိုးရှင်းပေမယ့် မဖြစ်နိုင်ဘူးလေ။ အရမ်းများတဲ့ လစာငွေကို အသင်းကမပေးနိုင်ပါဘူး” လို့ Rangnick က ပြောပါတယ်။
“ သူဟာခြွင်းချက်မရှိ ထူးချွန်တဲ့ ကစားသမားပါ။ ကျွန်တော် ဘောလုံးလောကမှာကျင်လည်ခဲ့တဲ့ နှစ်(၂၀)နီးပါး မှာတော့ ကီတာဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ။ ” လို့ ကီတာရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီးထပ်မံ ပြော ကြားခဲ့ပါတယ်။

မှတ်ချက်များ။