အဲဗာတန်အသင်းနည်းပြအဖြစ်မှ ရော်နယ်ကိုးမန်းထုတ်ပယ်ခံရ

Thet Htet Lin

အိမ်ကွင်းမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့မှုရဲ့ နောက်ဆက်တွဲအဖြစ် နည်းပြရော်နယ်ကိုးမန်းကို ထုတ်ပယ် လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

နယ်သာလန်လူမျိုး ရော်နယ်ကိုးမန်းဟာ ဆောက်သင်တန်အသင်းမှာ နည်းပြအဖြစ် (၂)နှစ်တာဆောင်ရွက်ခဲ့ပြီး အဲဗာတန်အသင်းကို (၂၀၁၆) ခုနှစ် ဇွန်လမှာ နည်းပြအဖြစ် ကိုင်တွယ် ခဲ့တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရော်နယ်ကိုးမန်းရဲ့ လက်အောက်မှာ အဲဗာတန်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၇)မှာ ရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းပိုင်ရှင်သစ်ရဲ့ ကြီးမားတဲ့စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကြောင့် ကစားသမားသစ် ၀ယ်ယူမှုမှာ အခက်အခဲတွေရှိခဲ့ပါတယ်။

ယခုနှစ်ရာသီ ပရီးမီးယားလိဂ်(၈)ပွဲကစားပြီးချိန်ထိ အဲဗာတန်အသင်းဟာ နိုင်ပွဲ(၂)ပွဲသာရှိခဲ့ပြီး ပြီးခဲ့တဲ့ ပွဲစဉ်(၉)မှာ အာဆင်နယ်အသင်းကိုဂိုးပြတ်ရှုံးနိမ့်အပြီးမှာတော့ အမှတ်ကွာ ဟချက်နဲ့ တန်းဆင်းဇုန်ထိရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

Koeman

သတင်းစာရှင်းလင်းပွဲမှာတော့ ကိုးမန်းဟာ သူ့အနေနဲ့ အခြေအနေတွေကို ပြောင်းလဲဖို့လုပ်နိုင်သေးကြောင်းပြောဆိုခဲ့ပေမယ့် နောက်ထပ် (၂၄)နာရီ အကြာမှာ အသင်းကနေ ထုတ်ပယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

Merseyside ကထုတ်ပြန်တဲ့ကြေငြာချက်မှာတော့ ရော်နယ်ကိုးမန်း အဲဗာတန်ကထွက်ခွာတာ သေချာကြောင်း အတည်ပြုခဲ့ပါတယ်။

အသင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် Chairman Bill Kenwright နဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ Farhad Moshiri က ရော်နယ်ကိုးမန်းအနေနဲ့ ပြီးခဲ့တဲ့(၁၆)လအတွင်း အသင်းအတွက်ကြိုးစားပေးခဲ့မှုတွေနဲ့ ပြီးခဲ့တဲ့ရာသီက အဆင့် (၇) နေရာရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

လက်စတာစီးတီးနည်းပြဟောင်း ရှိတ်စပီးယားနဲ့ ခရစ်စတယ်ပဲလေ့စ်နည်းပြဟောင်း ဖရန့်ဒီဘိုး တို့နောက်မှာ ရော်နယ်ကိုးမန်းဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီရဲ့ တတိယမြောက်ထုတ်ပယ်ခံခဲ့ရတဲ့နည်းပြဖြစ်လာခဲ့ပါတယ်။

မှတ်ချက်များ။