အင်္ဂလန်ယူ ၁၇ အသင်း ကမ္ဘာ့ဖလားရရှိခဲ့

မြန်မာချယ်ရီ

အင်္ဂလန်အသင်းပရိသတ်တွေအနေနဲ့ အောင်မြင်မှုကို တောင့်တနေတာ အချိန်ကြာနေပြီးတဲ့နောက် အင်္ဂလန် ယူ ၁၇ အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ပြီးခဲ့တဲ့ စနေနေ့က ရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်မှုတွေနဲ့အတူ စပိန်အသင်းကို (၅) ဂိုး – (၂) ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အင်္ဂလန်နိုင်ငံအတွက် ဒုတိယမြောက် ကမ္ဘာ့ဖလားကို ရယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ အင်္ဂလန်ယူ ၂၀ အသင်းက ကမ္ဘာ့ဖလားကို ရယူထားတာဖြစ်ပါတယ်။

အင်္ဂလန်ယူ ၁၇ အသင်းမှာ ပါဝင်တဲ့ လီဗာပူးအသင်းကစားသမား Rhian Brewster ဟာ ပြိုင်ပွဲကာလတလျှောက် (၈) ဂိုးသွင်းတဲ့သွင်းထားတဲ့အတွက် ရွှေဖိနပ်ဆုကို ရရှိခဲ့ပြီး မန်ချက်စတာစီးတီးအသင်းကစားသမား Phil Foden ကတော့ ပြိုင်ပွဲရဲ့ အကောင်းဆုံးကသစားသမားဆုကို ရရှိခဲ့ပါတယ်။

ပရိသတ်တွေ၊ ကစားသမားဟောင်းတွေကလည်း Steve Cooper ရဲ့ အင်္ဂလန်အသင်းအတွက် လူမှုကွန်ယက်တွေပေါ်မှာ ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

Gareth Southgate ရဲ့ စီနီယာအသင်းအနေနဲ့ ဒီလူငယ်အသင်းတွေရဲ့ အောင်မြင်မှုကနေတဆင့် ပြန်သင်ယူသင့်တယ်လို့ တချို့တွေက တွေးကြပါတယ်။

Peter Crouch အနေနဲ့ အင်္ဂလန်အသင်းပရိသတ်တွေကြောင့် ယူ၁၇ အသင်းအနေနဲ့ ကမ္ဘာ့ဖလားကို ရရှိခဲ့တယ်လို့ သူရဲ့ တွစ်တာ မှာဖော်ပြထားပါတယ်။

မှတ်ချက်များ။