မန်ချက်စတာယူနိုက်အသင်းကိုရှုံးနိမ့်ခဲ့မှုအတွက် ပိုချက်တီနိုစိတ်ပျက်မိ

Thet Htet Lin

တော့တင်ဟမ်ဟော့စပါးစ်အသင်းရဲ့နည်းပြ ပိုချက်တီနိုဟာ အိုးထရက်ဖို့်ဒ်မှာ (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်အတွက် စိတ်ပျက်မိကြောင်းပြောဆိုခဲ့ပါတယ်။ စပါးစ်အသင်းအနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု များပြားခဲ့ပေမယ့်လည်း သရေရလဒ်ရရှိယုံမျှတောင် မစွမ်းဆောင်နိုင်ခဲ့ ပါဘူး။ ပွဲပြီးဖို့(၁၀)မိနစ်အလိုမှာ ဂိုးသမား ဒီဂီယာကန်တင် ပေးလိုက်တဲ့ဘောလုံးကို လူကာကူ က မာရှယ်ဆီပေးပို့မှုမှ တစ်ဆင့် မာရှယ်က ဂိုးအဖြစ်ပြောင်းလဲပေးခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုအနေနဲ့ ယခုလို နောက်ကျဂိုးနဲ့ရှုံးနိမ့်ခဲ့မှုအပေါ် ခံစားရကြောင်းပြောဆိုခဲ့ပြီး အရှုံးရ လဒ်ကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့အထက် ဒုတိယနေရာရပ်တည်နိုင်မယ့် အခွင့်အရေးနဲ့လည်း လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

“ ဒီရလဒ်အတွက် စိတ်ပျက်မိပါတယ်။ ကစားသမားတွေ ပရိသတ်တွေအားလုံးအတွက် နာကျင်ရပါတယ်။ ဒါဟာ ပြိုင်ပွဲတစ်ခုဖြစ်ခဲ့သည့်တိုင် ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပါ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဒီရလဒ်အတွက်ခံစားရပေမယ့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်လို့ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အကောင်းဆုံးကြိုးစားအားထုတ်နိုင်ခဲ့တယ်။ တစ်ဘက်အသင်းခြေစွမ်းက ပိုကောင်းခဲ့ပေမယ့် အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ရလဒ်အတွက်စိတ်ပျက်မိပေမယ့် ဆက်လက်ကြိုးစားသွားမှာပါ ” လို့ ပိုချက်တီနိုက ပွဲအပြီးမှာပြောပါတယ်။

အဆိုပါပွဲစဉ်မှာ ကြွက်သားဒဏ်ရာကြောင့်အနားယူနေရတဲ့ အဓိကကစားသမားဟာရီကိန်း မပါဝင်ခဲ့ပေမယ့်လည်း သူတို့ရှုံးနိမ့်မှုဟာ အဲဒီအကြောင်းနဲ့ မသက်ဆိုင်ဘူးလို့ဆိုပါတယ်။
“ ပွဲမတိုင်ခင်တည်းက ဟာရီကိန်း လွဲချော်မယ့်အကြောင်း အားလုံးကိုအသိပေးပြီးသားပါ။ ဒါကြောင့် ဒီပွဲရှုံးနိမ့်မှုအတွက် ဒါကိုအကြောင်းမပြချင်ပါဘူး။ ဘောလုံးဆိုတာ အသင်းစုဖွဲ့မှုနဲ့ ကစားရတာဖြစ်လို့ ကစားသမားအချို့ ဒဏ်ရာရချိန်မှာ တစ်ခုခုတော့ အဆင်ပြေအောင် ထုတ်သုံးရပါမယ်။ အားလုံးရဲ့ ကြိုးစားမှုတွေအတွက် အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ ရမှတ်သုည ဆိုတာထက် အများကြီးထိုက်တန်ခဲ့ပါတယ်။ ” လို့ ပိုချက်တီနိုကပြောကြားခဲ့ပါ တယ်။

မှတ်ချက်များ။